အမျိုးသားဒီမိုကရေစီအင်အား စုပါတီဌာနချုပ်တွင် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲပြုလုပ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ဌာနချုပ်တွင် ၁၁-၈-၂၀၁၂ ရက်နေ့ နေလည့် ၁၂း၀၀ နာရီတွင် စီးပွားရေး
ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါသည်။ထိုဆွေးနွေးပွဲသို့
ဟောပြောမည့်စာရေးဆရာ ဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်) နှင့် ပါတီခေါင်းဆောင်
ဒေါက် တာသန်းငြိမ်း၊ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့်
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီဝင်များ
တက်ရောက်ကြပါသည်။
ထိုဆွေးနွေးပွဲတွင် စာရေးဆရာ ဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်) မှ
စီးပွားရေးလုပ်ငန်းအခြေအနေ၊ ကုမ္ပဏီ တည်ထောင်ခြင်း၊
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ၊ ငွေကြေးဈေးကွက်နှင့်
စတော့ရှယ်ယာဈေးကွက်များအကြောင်း ကို ရှင်းလင်းဟောကြားပြီး
တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြပါသည်။
ထိုဆွေးနွေးပွဲကို နေလည့် ၂း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Hot News