Sunday, August 12, 2012

ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိပြည်သူတွေ အခက်အခဲမေးမြန်း

ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိပြည်သူတွေ အခက်အခဲမေးမြန်း


NLDအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် နေပြည်တော် ဒက္ခိ ဏသီရိမြို့နယ်၊ရဲဒီ ဘုန်းတော်ကြီး ကျောင်းမှာ ဒေသခံကျေးရွာ ပြည်သူတွေနဲ့ ယနေ့တွေ့ဆုံပြီး ကျန်းမာရေး၊ပညာရေး၊လျှပ်စစ်မီး နဲ့အလုပ်ကိုင်ရရှိရေးစတဲ့ ပြည်သူ တွေရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ကြိုးပမ်းသွားမယ်လ
ို့ ပြောကြားခဲ့ပါသည်။
““နံပါတ် တစ် လိုအပ်ချက် တခုကတော့ လမ်းပန်းဆက်သွယ် ရေးပဲ၊နောက်ပြီးတော့ ရေပေါ့ နော်၊ရေပြဿနာရှိတယ်။ဒီဘက် မှာတော့မသိဘူး၊ကျွန်မတို့ဘက် မှာတော့ရှိတယ်။နောက်ပြီးတော့ လျှပ်စစ်မီး၊ လျှပ်စစ်မီးမရှိတဲ့ ပြ ဿနာမလုံလောက်တဲ့ပြဿနာ ဒါတွေရှိတယ်။နောက်ပြီးတော့ ကျန်းမာရေး၊စောင့်ရှောက်မှုမလုံ လောက်တာ။ဥပမာဆိုရင် ဆေး ပေးခန်းတွေမရှိတာ။ဆေးပေးခန်း တွေရှိလည်း ဆရာမတွေ ဆရာ ၀န်တွေမရှိတာ နောက်ပြီး ပညာ ရေးနဲ့ပတ်သက်ပြီးတော့ ရွာတိုင်း မှာကျောင်းမရှိတဲ့အခါကျတော့ တခြားရွာက ကျောင်းကိုသွားတက် ရတယ်။နောက်အလုပ်လက်မဲ့ ပြဿနာ အထူးသဖြင့် ကျွန်မတို့ အတွက်စိတ်ပူရတာက လူငယ် တွေအလုပ်လက်မဲ့ဖြစ်နေတယ်။ တချို့က ကျောင်းပြီးပြီ အလု
ပ်မရှိ ဘူး။အသက်မွေးဝမ်းကျောင်းရှာ နိုင်တဲ့ အခြေအနေမှာမရှိဘူး။ကျွန်မတို့က တတ်နိုင်သမျှတော့ လုပ်ပေးတယ်။အားလုံးကိုတော့ ချက်ချင်းလုပ်ပေးလို့မရဘူး။””


နေပြည်တော်က အခြေခံ ပြည်သူတွေရဲ့အခုလို တွေ့ဆုံတာ က ဒေသခံလူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး အခြေအနေတွေကို သိချင်လို့ ပြည်သူတွေရဲ့အသံကိုလာရောက် နားထောင်တာဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်ကပြောကြား ခဲ့ပါသည်။ဒါ့ပြင် ပညာရေးနဲ့ပတ် သက်လို့ အတန်းပညာအနည်းဆုံး၊ (၁၀)တန်းထိ သင်ကြားခဲ့ဘူးတဲ့ လူငယ်တွေကို ကျောင်းဆရာဖြစ် သင်တန်းတွေ ပေးသွားဖို့အစီအစဉ် ရှိသလို ကျန်းမာရေးပိုင်းမှာလည်း ပညာပေးရေးသင်တန်းတွေနဲ့အခ မဲ့ ဆေးခန်းတွေ ဖွင့်လှစ်ပေးသွား ဖို့ အစီအစဉ်ရှိကြောင်း သိရှိရပါ သည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို အနီးအနားကျေးရွာ (၁၂)ရွာ ဒေသခံပြည်သူ (၂၅၀) လောက် တက်ရောက်ခဲ့ပါသည်။
ဒီအတောအတွင်း နေပြည် တော်NLDရုံးသစ်ကို အခုလ (၁၅)ရက်နေ့မှာ မြို့လယ်သပြေ ကုန်းရပ်ကွက်မှာ ဖွင့်လှစ်မှာဖြစ် ကြောင်း၊အဲဒီရုံးမှာ လယ်ယာမြေ သိမ်းဆည်းခံရတာတွေနဲ့ပတ်သက် လို့ ဥပဒေအကြောင်းသိကောင်း စရာတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ မနက်(၉) နာရီအထိနဲ့ ညနေ(၃)နာရီကနေ (၆)နာရီ အထိ လာရောက်တိုင် ပင်ဆွေးနွေးနိုင်မှာဖြစ်တဲ့အပြင
် သြဂုတ်လ (၁၆)ရက်နေ့က စလို့ ကျေးရွာအသီးသီးက ကလေးငယ် တွေအတွက် ပညာရေး အထောက် အကူပြုသင်တန်းတွေပါ စတင်ပို့ ချသွားမယ်လို့သိရှိရပါသည်။

လင်းလက်ကြယ်
archives/8833/628x471

No comments:

Post a Comment