Friday, August 17, 2012

ကချင်ဒုက္ခသည်တချို့  တရုတ်မောင်းထုတ်


ကချင်ဒုက္ခသည်တချို့  တရုတ်မောင်းထုတ်
copy from>>http://www.hotnewsweekly.com/
archives/9281

 
တရုတ်နိုင်ငံအတွင်း ဒုက္ခ သည်စခန်း ၆ခုတွင် နေထိုင်နေ ကြသော ကချင် စစ်ပြေးဒုက္ခသည် ၄၀၀၀ကျော်ကို နေရာပြောင်းရွှေ့ ဖို့ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOက ဒီရက်ပိုင်းတွေ အတွင်း မှာသွားရောက် ဆွေးနွေးပြီးKIO မှ စီစဉ်ထားသော စခန်းကို လိုက် ပါရွှေ့ပြောင်းမည့် လူစာရင်းများ ကို စတင်ကောက်ယူနေပြီဖြစ်ပါ သည်။ယခုကဲ့သို့ ပြန်လည်ခေါ် ယူရန်အတွက် ပြီးခဲ့သည့် လတွေ ကတည်းက တရုတ်အစိုးရမှ တိုက် တွန်းခဲ့တာဖြစ်ကြောင်း၊သိရှိရ သည်။

လက်ရှိပြောင်းရွှေ့မည့် စခန်း ခြောက်ခုတွင် တရုတ်နိုင်ငံ၊ရွှေလီ ခရိုင်အတွင်း နောင်တောင်းမြို့ နယ်ရှိလော့ဖိုင်၊ယန်လု၊ငါနောင်း
ပါ၊လုံကောက်၊နားကောင်းနဲ့ခါဒေါင
်း ပါ စခန်းများဖြစ်ပြီး ကချင်ဒုက္ခ သည် မိသားစု ၈၀၀ကျော်၊လူဦး ရေ ၄၆၀၀ လောက်ရှိကြောင်းသိ ရသည်။
““အင်္ဂါနေ့ကနေ စပြီးတော့မှ အဲဒီKIO လူကြီးတွေက Campတိုင်း Campတိုင်းမှာ ဒုက္ခသည် တွေနဲ့လာဆွေးနွေးတယ်။အဓိက ကတော့ ဒီစခန်းပြောင်းရွှေ့ဖို့ပဲ။KIOကက
ျတော့ မပြောင်းရင် လည်း ဒီစခန်းတွေမှာ ဆက်ပြီး တော့မှ နေထိုင်ခွင့်မရှိတော့ဘူး လို့ပြောတာပဲ။အဲဒါကျတော့ ဒီ တရုတ်အစိုးရရဲ့ ဖိအားပေါ့နော်။ ပြောင်းဖို့ကို အခု ဟိုဘက်ပြောင်း မယ့် ဒုက္ခသည် စာရင်းတွေကို ကောက်နေပြီ။ကောက်ပြီးမှ ကျွန်တော်တို့ မိုင်ဂျာယန်ကို အဲဒီ ဒုက္ခသည်စာရင်းတွေကို သွားပို့ရ မယ်။”” စာရင်းများ ကောက်ယူ ပြီးစီးမှ ပြောင်းရွှေ့ရန်အတွက် စ တင်စီစဉ်မှာဖြစ်ပြီး ဘယ်တော့ ပြောင်းရွှေ့ရမယ်ဆိုသည်ကို အတိ အကျမသိရကြောင်းKIOဒုက္ခ သည်ရေးရာ တာဝန်ခံ ဦးဒွဲပီဆာ ကတော့ နောင်တောင်း ဒုက္ခသည် စခန်းမှ ပြောင်းရွှေ့လာမည့်သူများ အတွက် ကချင်လွတ်လပ်ရေး တပ်မတော်KIA တပ်မဟာ(၃) ထိန်းချုပ်ရာ လနာဇွပ်ဒေသတွင် စခန်းသစ်ဖွင့်ရန်စီစဉ်ထားကြောင်
း သိရသည်။
ဒုက္ခသည်များသည် မိုးတွင်း ကာလဖြစ်၍ ကလေးငယ် ၈၀၀ လောက်၏ ပညာရေးအတွက်မ ပြောင်းရွှေ့ချင်ကြောင်း ပြောဆို ခဲ့ကြသလိုKIO စခန်းသစ်တွင် ကျောင်းသားများအတွက် စာသင် ခန်းများပြင်ဆင်ထားကြောင်း ပြီးခဲ့သည့် လအတွင်း မြန်မာနိုင်ငံ ဘက်မှ လက်နက်ကိုင် ပဋိပက္ခ များမှထွက်ပြေးလာသူများကို တ ရုတ်အစိုးရမှ လက်မခံဘဲမောင်း ထုတ်နေသည့် သတင်းများ ထွက် ပေါ်လာသည့်အတွက် လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့မှ တရုတ်အစိုးရကို လူသားချင်းစာ နာသော အကူအညီများပေးရန် ပြောဆိုခဲ့သည်။
လောလောဆယ် တရုတ်- မြန်မာနယ်စပ်KIOထိန်းချုပ်ရာ ဒေသတွင် ဒုက္ခသည် ၅၀၀၀၀ကျော် လောက်ရှိနေကာ ကချင်ပြည်နယ့် မြစ်ကြီးနား၊၀ိုင်းမော်နဲ့ဗန်း
မော် စသည်များရှိ ဒုက္ခသည်စခန်းများတွင် ၂၀၀၀၀ကျော်လောက်ရှိကြောင်း ဒုက္ခသည်အရေးကူညီသူများက ခန့်မှန်းကြသည်ဟုသိရှိရသည်။


လင်းလက်ကြယ်

No comments:

Post a Comment