Sunday, August 12, 2012

“ရေနုတ်မြောင်းကြီးများကို အမြန်းဆုံးပြုပြင်ပေးစေချင်ပါသည်”

“ရေနုတ်မြောင်းကြီးများကို အမြန်းဆုံးပြုပြင်ပေးစေချင်ပါသည်”

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်းသာယာမြို့နယ်၊ 

ကုလားကြီးစုရပ်ကွက်  နေပြည်သူလူထုများသည် လွန်ခဲ့သော(၅)နှစ်ခန့်မှစ၍ 

ယနေ့အချိန်ထိရေ   ကြီးရေလျှံမှုဒဏ်ကို အလူအလဲခံစားနေရပါသည်။

ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်အတွင်း ရှိ 

မူလတန်းကျောင်းကိုပိတ်ထားရပြီး နေအိမ်များရေမြုတ်ကာ ပေတစ်ရာလမ်းမကြီးပေါ်အထိ ရေများကျော်တက်၍ 

လမ်းပျက်စီးမှုများဖြစ်ပေါ်နေပါသည်။ မနှစ်ကထက်ဒီနှစ်ရေမှာ အများဆုံးတက်နေပြီး ကလေးသူငယ်နှင့် 

သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်။

ရေးကြီးရေလျှံမှုဖြစ်ပေါ်ရခြင်းအကြောင်းအရင်းမှာ ရပ်ကွက်နှင့်အနော်ရထာ  လမ်းမကြီးဘေးတွင်ရှိသော 

(၀ါဝါ၀င်းအနော်ရထာ)စက်မှုဇုန်ဝင်းအတွင်း ဆက်သွယ်ထားသော ရေနုတ်မြောင်းကြီးများကို ပိတ်ဆို့နေခြင်း၊ ရေနုတ်မြောင်း 

ထွက်ပေါက်များအား ကွန်ကတစ်ပိုက်များ တက်ဆင်ပေးထားခြင်းလုံးဝမရှိဘဲ ဖြစ်သလိုဆောင်ရွက်ထားမှုကြောင့် မိုးရာ 

သီရောက်တိုင်း ယ္ခုလိုရေကြီးမှုဒါဏ်ကို ခံစားနေရတာပါ။ တက်ရေမြန်သလောက် ပြန်ကျရေမှာနှေးကွေးလျှက်ရှိပါသည်။

၂၀၁၁ခုနှစ်တွင် ဒေသခံပြည်သူများမှ မြို့တော်ဝန်ထံသို့ ဓါတ်ပုံနှင့်တကွ စာရေးသားတင်ပြခဲ့သော်လည်း 

လာရောက်ဆောင်ရွက်ပေးခြင်းမရှိသော  ကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ ရေနုတ်မြောင်းကြီးများကို 

အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်းတင်ပြအပ်ပါသည်။


ဥိးအောင်နိုင် (လမ်းကော်မတီ)ကုလားကြီးစုရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

No comments:

Post a Comment