Monday, August 13, 2012

နစ်နာကြေးမပေးသော ကုမ္ပဏီကို ရွှေလုပ်သားများ တရားစွဲမည်

နစ်နာကြေးမပေးသော ကုမ္ပဏီကို ရွှေလုပ်သားများ တရားစွဲမည်



ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသရှိ အသေးစားရွှေတူးဖော်သူများက နစ်နာကြေးမရ၍ ကုမ္ပဏီအား ယခုလအတွင်း တရားစွဲဆိုမည်ဟု ရွှေလုပ်သားခေါင်းဆောင် ဦးအောင်မန်းထွန်းက ပြောသည်။ ရွှေအသေးစားတူးဖော်ရေး လုပ် ငန်းများ မေလဆန်းပိုင်းမှ စ၍ ဇွန်လလယ်အထိ ရပ်ဆိုင်းထားသည့် ရက်ပေါင်း ၄ဝ အတွက် နစ်နာကြေး အဖြစ် တစ်ရက် သုံးသောင်းနှုန်းဖြင့် ပေးလျော်မည်ဟု ကုမ္ပဏီနှင့် နှစ်ဦး သဘောတူစာချုပ် ချုပ်ထားသော်လည်း ယခုတိုင် ပေးလျော်ခြင်းမရှိဟု သိရသည်။

”မလုပ်တော့တဲ့ အင်းတွေကို စိစစ်တန်ဖိုး သတ်မှတ်ပြီး နစ်နာကြေး ပေးရမှာ၊ အခုလုံးဝကို မပေးဘဲ တိုင်ချင်ရာတိုင်လို့ပဲ ပြောနေတယ်”ဟု ဦးအောင်မန်းထွန်း က ပြော သည်။ မိုးထိ မိုးမိတောင် အသေးစား ရွှေလုပ်ငန်းရှင်များသည် ၂ဝဝ၄ ခုနှစ် မှစတင်ကာ ရွှေတူးဖော်နေခြင်းဖြစ် ပြီး ၂ဝ၁၁ ခုနှစ် စက်တင်ဘာမှ စတင်ကာ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ကုမ္ပဏီအုပ်စု ၂၈ စု ဖြင့် ရွှေတူးဖော်ခွင့်ရရှိခဲ့ပြီး နောက် မေလဆန်းပိုင်းမှ စ၍ အသေးစား တူးဖော်ခွင့်ကို ပိတ်လိုက်ရသည်။
ယခုအခါ ပြန်လည်လုပ်ကိုင်ခွင့် ပြုသည်ဆိုသော်လည်း အလုပ်သမား မျာ
း ရွှေတွင်းသို့ ပြန်ရောက်ချိန်မှ စ၍ စက်ကိရိယာ၊ ရိုက်ပြားဆန်ခါ စသည့် လုပ်ငန်းသုံး ကိရိယာ များအား တောင်ပေါ်သို့ သယ်ယူသည့် ယာဉ်များအား တက်ခွင့်ပိတ်ထား ကြောင်း ၄င်းက ပြောသည်။ လက်ရှိတွင် ကုမ္ပဏီအား တရားစွဲဆိုရန် သက်ဆိုင်ရာ ရှေ့နေ များနှင့် တိုင်ပင်နေပြီး သြဂုတ်လ အတွင်း အပြီးလုပ်ဆောင်သွားမည် ဟု ၄င်းက ပြောသည်။ ယင်းလျော်ကြေးနှင့် ပတ်သက် ၍ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ အဆိုပါ ကိစ္စသည် ၄င်းတို့ နှင့် တိုက်ရိုက် မပတ်သက်ကြောင်း ၄င်းတို့နှင့် ဆက်စပ် လုပ်ကိုင်သော ကုမ္ပဏီ ၂၈ ခုမှ တစ်ခုနှင့်သာ ပြဿနာဖြစ် ခြင်းဖြစ်ကြောင်း ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်က ပြော သည်။

ဧပရယ်ဦး
copy from:http://popularmyanmar.com/mpaper/?p=47636

No comments:

Post a Comment