Friday, August 17, 2012

မုံရွာမြို့နယ် မီးမျှောဆုတောင်းပွဲပြုလုပ်မည်

                 မုံရွာမြို့နယ် မီးမျှောဆုတောင်းပွဲ
မုံရွာမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံတောင်သူများနှင့်
ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ခြင်းမရှိပဲ အဓမ္မသိမ်းယူခဲ့သော ယာမြေ ၇၈၆၈.၈၇ ဧကနှင့် ရွာမြေများသိမ်းဆည်းခံရမှုအပေါ် ဒေသခံတောင်သများမှ မကျေနပ်သောကြောင့် တရားဥပဒေပါအတိုင်း ဆန္ဒဖော်ထုတ်ပြသခွင့်ရရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း (၇) ကြိမ်တိုင်အောင် ငြင်းပယ်ခံခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ဥပဒေပါအတိုင်း တိုင်းအဆင့်သို့ အယူခံလွှာ တင်သွင်းခဲ့ပြီးလည်းဖြစ်သည်။ ယနေ့ည ၇ နာရီအချိန်တွင် ရွာမြေနှင့် ယာမြေ အသိမ်းဆည်းခံရသော တောင်သူလယ်သမားများမှ မိမိတို့ဘ၀၏ ဥပဒေနှင့်အညီ ခံစားခွင့်မဲ့နေသော အခြေနေများနှင့်မှောင်မှိုက်နေရသော မိမိတို့ဒေသခံများ၏ ဘ၀ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးညှိနှိုင်း ဖြေရှင်းပေးစေရန် ရည်ရွယ်ပြီး ချင်းတွင်းမြစ်အတွင်း မီးမျှောဆုတောင်းပွဲ ကျင်းပနေကြမည် ဖြစ်သည်။
ဆက်သွယ်ရန် ...ဖုန်း 09450037685 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်.........
... (သတင်း .သားစိုးလေး)

No comments:

Post a Comment