Monday, August 13, 2012

ရေဘေးသင့် ပြည်သူများအား သွားရောက်ကူညီကြတဲ့ မြိတ်မြို့နယ်မှ NLD များ

ရေဘေးသင့် ပြည်သူများအား သွားရောက်ကူညီကြတဲ့ မြိတ်မြို့နယ်မှ NLD များ

မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှတနင်္သာရီတ
ိုင်း ဒေသကြီး ရေဘေးသင့် ဒေသ များအား ရိက္ခာဆေးဝါး ထောက် ပံ့ရေးအဖွဲ့အဖြစ်မြိတ်ခရိုင် ကော် မရှင်မှ ဦးဝင်းနိုင်၊ဦးချစ်ဝေ၊တို့နှင့်
လူငယ်အဖွဲ့တာဝန်ခံများ အဖြစ်၊ ကိုဥက္ကာမင်း၊ကိုရဲဇော်နိုင်၊ကိုဇင် မောင်မောင်တို့ပါဝင်သော အဖွဲ့ ၀င်(၃၁)ဦးဖြင့် ဖွဲ့စည်းပြီး၊တနင်္သာ ရီမြို့သို့(၆.၈.၂၀၁၂)ရက်နေ့ နံနက် ၉း၃၀တွင် မြိတ်မြို့ မြို့သစ် ကမ်းလွန်ဘောတံတားမှ စက်လှေ များဖြင့် စတင်ထွက်ခွာခဲ့ကြရာ လမ်းခရီးတစ်လျှောက်ရှိ ကျေးရွာ များအား ရိက်္ခာနှင့်ဆေးဝါးများ ထောက်ပံ့လှူဒါန်းပြီး လမ်းကြောင်း (၁)အဖြစ် လယ်သစ်ကျေးရွာတွင် ဆေးအဖွဲ့တစ်ဖွဲ့ခွဲထွက်ကုသပေး ရန်ကျန်ရှိခဲ့ပြီးနောက်ဆက်လက် ထွက်ခွာလာရာ တနင်္သာရီမြို့သို့ ည(၆)နာရီခန့် ရောက်ရှိခဲ့ပါသည်။

(၇.၈.၂၀၁၂)ရက်နေ့ မနက် (၇)နာရီတွင် လမ်းကြောင်း(၂)အ ဖြစ် တနင်္သာရီမြို့နယ်မှ NLD အ ဖွဲ့ဝင်များနှင့် မြိတ် NLD မှ အဖွဲ့ ၀င်(၅)ဦးတို့ ပူးပေါင်းကာ အနီး အနားရှိ ကျေးရွာများသို့ ထောက် ပံ့လှူဒါန်းရန်အတွက်ခွဲထွက်ခြဲ့
က ပါသည်။က
ျန်ရှိသည့်အဖွဲ့ဝင်များ မှာ ပင်မလမ်းကြောင်းဖြင့် ခရီး ဆက်ခဲ့ရာ လမ်းကြောင်းတစ် လျှောက်ရှိ ရေဘေးသင့် ကျေးရွာ များအား ရိက္ခာနှင့်ဆေးဝါးများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပြီးညနေ (၄)နာရီတွင် ညောင်ပင်ကွင်းကျေးရွာသို့ ရောက် ရှိခဲ့ပါသည်။၎င်းကျေးရွာတွင် ကျန်း မာရေး စောင့်ရှောက်ကုသမှုများ ပြုလုပ်ပြီး ညအိပ်ရပ်နားခဲ့ကြပါ သည်။
၈.၈.၂၀၁၂ရက်နေ့တွင် လမ်းကြောင်း(၃)အဖြစ် ကိုအောင် ဆန်းဦး၊ဦးဆောင်သော ညောင် ပင်ကွင်းကျေးရွာမှ NLD အဖွဲ့ဝင် များအား ရိက္ခာနှင့်ဆေးဝါးများ လွှဲပြောင်းပေးပြီး နောက်ပြန်လည် ထွက်ခွာခဲ့ကြပါသည်။ထို့နောက် ခရီးစဉ်လမ်းကြောင်းတစ်လျှောက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပြီးည(၇)နာရီတွင် တနင်္သာ ရီမြို့သို့ ရောက်ရှိခဲ့ပါသည်။တနင်္သာ မြို့တွင် လမ်းကြောင်း(၂)နှင့်ပြန် လည်ပူးပေါင်းကာ ညတွင်းချင်း ပင် ဆက်လက်ထွက်ခွာလာရာ ပ၀ကျေးရွာသို့ ည(၉)နာရီခန့်တွင် ရောက်ရှိလာပြီးနောက် ကိုဇင် မောင် ဦးဆောင်သော(လမ်း ကြောင်း၁)နှင့် ပြန်လည်ပူးပေါင်း ကာ ညအိပ်ရပ်နားခဲ့ပါသည်။
အဖွဲ့ငယ်များအားလုံးပြန် လည်စုစည်းပြီး ၉.၈.၂၀၁၂ မနက်(၇)အချိန် ပ၀ကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်ကုသမှု များ ပြုလုပ်ပေးခဲ့ပြီး နောက်နေ့ လည်(၂)နာရီတွင် မြိတ်မြို့သို့ ပြန်လည်ထွက်ခွာလာရာည(၆)နာရီ တွင် ရောက်ရှိလာခဲ့ကြပါသည်။တနင်္သာ ရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၃၃)ရွာတွင် ပြောင်းရွှေ့အိမ်ရာ များအား စုစုပေါင်းလှူဒါန်းပစ္စည်း ခန့်မှန်း တန်ဖိုးမှာသိန်း(၅၀)၀န်းကျင်ခန်
့ရှိ ကြောင်းသိရှိရပါသည်။

TH
archives/8948

No comments:

Post a Comment