Tuesday, August 14, 2012

“လူကုန်ကူးခံဖူးသည့် အလုပ်သမတစ်ဦးအတွက် မွေးဖွားစရိတ် မြန်မာသံရုံးက ကူညီ”

“လူကုန်ကူးခံဖူးသည့် အလုပ်သမတစ်ဦးအတွက် မွေးဖွားစရိတ် မြန်မာသံရုံးက ကူညီ”
       
သြဂုတ် ၁၄
မြတ်ညို(အလွတ်သတင်းထောက်)
         ယခုလ ၂၄ရက်ဝန်းကျင်တွင် မွေးဖွားမည့်   မြန်မာအလုပ်သမ မရီရီမွန် အတွက် မွေးဖွားစရိတ် ဘတ်နှစ်သောင်းကျော်အား မြန်မာသံရုံး အလုပ် သမား အရာရှိ ဦးကျော်ကျော်လွင် က အလှူရှင် များကိုယ်စား လှူဒါန်းကူညီလိုက်ကြောင်း သိရှိရ သည်။
     အလှူရှင်များမှာ (ကိုကျော်သီးဟ=၃၀၀၀ဘတ်၊ ဦးမြင့်ငြိမ်း=၅၀၀၀ ဘတ်၊ ဦးခွန်အောင်၊ ဦးချိုထွန်း၊ ဦးကိုလေး=၁၀၀၀၀ ဘတ်၊ MR . MONTRI ၂၀၀၀ ဘတ်)စုစုပေါင်းဘတ်ငွေ ၂၃၀၀၀  တို့အားမြန်မာသံရုံး အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် ကအလှူခံပေးခဲ့သည်။
             ဦးကျော်ကျော်လွင့် က“ အလုပ်သမားတွေကို အကူညီပေးဖို့ အတွက် ကျနော့်ကို နိုင်ငံတော်က
 တာဝန်ပေးထားတာပဲလေ၊ မြန်မာအလုပ်သမားတွေကို တတ်နိုင်သလောက် အကူပေးရမှာက ကျနော်တာ ၀န်ပါ” ဟုပြောသည်။

     မရီရီမွန် ဆိုသူမှာ (စမုတ်စာခွန် ခရိုင် မဟာချိုင်  အာဖေမွန် တာဘွန် စုန်ခမ်း ခြံအမှတ် ၄၇/၅ ပုဇွန်
အလုပ် ရုံတွင် နေ့စဉ် နံနက် ၃နာရီမှ ညနေ ၈နာရီအထိ ၁၆ နာရီ ကြာအလုပ်လုပ်ကိုင်ရသည်။ ထိုအလုပ်ရုံ ထဲတွင်၆လ ကျော်ကြာ ရောင်းစားခံခဲ့ရ သည့် မိသားစု ၇ဦးအထဲမှ တစ်ဦးဖြစ်သည်။
    ၎င်းတို့သည် ၂၀၁၁ ခုနှစ်ထိုင်းရေဘေးသင့်ကာလ တွင် ရွှေတွံတေး ဆရာတော် အသျှင်ဦးဝါယမ ဦးစီး ဖွင့်လှစ် ခဲ့သော  မဟာချိုင် ကီလိုစစ်စောင်  ဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေး စခန်းသို့ လာရောက် အကူ ညီ တောင်းခံခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT က မဟာချိုင် ကျဟာငန်း နှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၁၆ ရက် နေ့ က  ကယ်ထုတ်ခဲ့သူများဖြစ်ကြသည်။
၎င်းမိသားစုများသည်လုပ်ငန်းရှင်အပြောင်းအရွှေ့အခက်အခဲများစွာကြုံခဲ့ရသည်။ မြန်မာအလုပ်သမား
ဒုဝန်ကြီးဦးမြင့်သိန်း နှင့် ယခင်  ဘန်ကောက် မြန်မာသံအမတ်ကြီး ဦးအောင်သိန်းနှင့် သံမှူး ဦးနိုင်ထွန်းတို့  မဟာချိုင်အာဏာပိုင်များနှင့်ညှိနှိုင်းပေးခဲ့ရသူများဖြစ်သည်။
          ထိုစဉ်က ရှိခဲ့သည့် ကျမ္မာရေး(ဆေးစစ်ကဒ်)မှာ ၂၀၁၂ ဇူလိုင်လ ၁၈ ရက်နေ့ က သက်တမ်းကုန် ဆုံးသွားခဲ့ သည်။ မရီရီမွန် သည် စမုတ်စါခွန် ဆေးရုံကြီးတွင် ကိုယ်ဝန်အပ်နှံခါစက  တစ်လတစ်ကြိမ် သွား ရောက် ပြသစဉ် ဘတ်ငွေ ၃၀ စီသာပေးခဲ့ရသော်လည်း ဇူလိုင်လကုန်ပတ်မှ စတင်ကာ ယခုတိုင် တစ်ကြိမ်သွားပြ တိုင်း ၄၀၅ ဘတ်နုန်းစီ ပေးချေခဲ့ရသည်။
များမကြာမီက ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံ
တွင်မီးဖွားခွင့် မပြုတော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သဖြင့် ဆေးရုံများတွင် ကိုယ်ဝန်ဆောင်မိခင်ေ လာင်းများအား ကျမ္မာရေး သွေးစစ်လက်မှတ် လုပ်ပေးခြင်းကို ရပ်တန့် ခဲ့သည်။ မြန်မာသံရုံးက ထိုကြေ ညာချက်အား ရုပ်သိမ်းပေးရန် မြန်မာအစိုးရက တင်ပြထားကြောင်း သိရှိရသည်။ ထိုကြောညာချက်အား လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သိရှိရသည်။

http://goldenworkers.blogspot.com

No comments:

Post a Comment