Tuesday, August 14, 2012

“၁၈ ဘီးကားတိုက်မိ၍ မြန်မာအလုပ်သမား ၃ ဦးပွဲချင်းပြီးသေဆုံး ၁ဦးဆေးရုံတင်”

“၁၈ ဘီးကားတိုက်မိ၍ မြန်မာအလုပ်သမား ၃ ဦးပွဲချင်းပြီးသေဆုံး ၁ဦးဆေးရုံတင်”
     
သြဂုတ် ၁၂   ကိုတီး (ထိုင်းဘာသာပြန်သတင်းထောက်)
        ဘန်ကောက်မြို့အနီး ပထုန်ဌာနီ မြို့ ကျလွန်ဖုန် ကုမ္ပဏီ အနီးတဝိုက်တွင် အလုပ်မှပြန်လာသော   မြန်မာအလုပ်သမား ၄ ဦးကားတိုက်ခံရကာ ၃ ဦးပွဲချင်းပြီးသေဆုံးသွားကာ ၁ ဦးဆေးရုံ တင်ထားကြောင်းထိုင်းရပ်သတင်းစာတွင် ရေးသားဖေါ်ပြထား သည်။  
          ၁၁ ရက်နေ့နံနက်ထန်ရဘူလီမြို့ဘက်မှ ကွန်ကရစ်တိုင် များတင်ပြီး မောင်းနှင်လာသော ၁၈ ဘီးကားနံပါတ်   704599   နှင့်နောက်တွဲနံပါတ်827070 ပထုန်ဌာနီမြို့နယ် လန်းလုကာမြို့ ရေမြောင်း အမှတ် (၇) နယ်မြေ(၁)
ဗူခံလွိုက်ကျေးရွာဘက်ကို မောင်းနှင်လာခဲ့စဉ် ကားတိုက်မှု  ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
     အခင်းဖြစ်ပွားရာနေရာသို့သက်ဆိုင်ရာရဲစခန်းရဲများနှင့်ကယ်ဆယ်  ရေးကားများရောက်လာရာ ကားမောင်းဒ ရိုင်ဘာထွက်ပြေးတိမ်းချောင်သွားသည်။
အတိုက်ခံရသော သူနှင့်သေဆုံးသူများကိုဌာန်ရဘူလီဆေးရုံသို့ပို့ဆောင်လိုက်သည်။  ကားတိုက်ခံရသူ များမှာ ၁။ နိုင်စိုး ( ၂၈ နှစ်) ၊၂။  နိုင်ထွန်း ( ၃၄ နှစ်)၊ ၃။ မစိုး ( ၄၀နှစ်)နှင့်၎။  မမီး ( ၂၉ နှစ်) တို့ဖြစ် ကြသည်။ နိုင်စိုး၊နိုင်ထွန်းနှင့်မစိုးတို့မှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ မမီး မှာ ဌာန်ရဘူလီဆေးရုံတွင် အရေးပေါ်အတွင်းလူနာအဖြစ်ဆေးကုသခံနေရသည်။
            ပထုန်ဌာနီ ၊ထန်ရဘူလီလမ်းမကြီးအတိုင်း ပထုန်ဌာနီဘက်ကိုမောင်းနှင်းလာသော ကားဖြစ်ေ ကြာင်း မျက်မြင်များ၏ပြောပြချက်အရသိရှိရသည်။ သက်ဆိုင်ရာနယ်မြေ ရဲများပြောပြချက်အရ ကား ဒရိုင်ဘာမှာ မောင်းရင်းအိပ်ငိုက်သဖြင့် ဖြစ်နိုင်ကြောင်း ထိုင်းရတ်သတင်းစာတွင့်ဖေါ်ပြထားသည်။ 

http://goldenworkers.blogspot.com

No comments:

Post a Comment