Friday, August 17, 2012

စီမံကိန်းအတွက်ခြံ မြေသိမ်း

စီမံကိန်းအတွက်ခြံ မြေသိမ်း


တနင်္သာရီတိုင်း၊လောင်းလုံ မြို့နယ်၊ညင်းမော်ရွာအနီးတွင် ရေနံစက်ရုံနှင့်ရေနံသန့်စင်စက်ရုံ  တည်ဆောက်ရန်အတွက် အနီး ရှိကျေးရွာများမှ ခြံမြေများကို သိမ်း ယူရန်စီစဉ်နေကြောင်း သတင်းရ ရှိသည်။
တရုတ်နိုင်ငံမှလာရောက်ရင်း နှီးမြှုပ်နှံမည့် ထိုစီမံကိန်းအတွက်  ဇွန်လကုန်ပိုင်းတွင် တရုတ်နှင့်မြန်မာ  တို့က မြေယာတိုင်းတာမှုများပြု လုပ်ခဲ့ပြီး စက်ရုံတည်ဆောက်မည့်  အကြောင်းနှင့်ကျေးရွာရွှေ့ပြောင်း  ရေး၊ဥယျာဉ်ခြံများကိုလျော်ကြေး  ပေးသိမ်းယူရေးတို့ကို ဒေသခံများ  နှင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။
သိမ်းဆည်းရန်တိုင်းတာခံ ထားရသည့် မြေဧကအတိအကျ  ကိုမသိရသေးသော်လည်း၊ဥယျာဉ် ခြံဧက ထောင်ကျော်ရှိပြီး၊ထိုအ ထဲတွက် ရာဘာခြံ၊ဒူးရင်း၊ကြက် မောက်၊မင်းဂွတ်စိုက်ပျိုးသောခြံ များလည်းပါဝင်ကြောင်း၊စက်ရုံကို  ထားဝယ်မြို့ အနောက်တောင်ဘက်  (၁၃)မိုင်ခန့်အကွာ လောင်းလုံမြို့ နယ် အစိုးရဆီအုန်းခြံတွင်တည် ဆောက်မည်ဖြစ်ပြီး အနီးအနား ရှိ ညင်းမော်ရွာ၊ရင်းဘုတ်ရွာ၊ဂေါ့ အင်းရွာ၊လေးသွန်းခံရွာ(ဗိုလ်မှူး  ဗထူးမွေးရပ်)ရှိ ဥယျာဉ်ခြံများပါ ၀င်ကြောင်းသိရသည်။

““တချို့က လျော်ကြေးကို ယူမယ်၊တချို့ကလည်းမလိုချင်ကြ ဘူးပြောနေကြတယ်။ရွာသားတချို့  က ကျေနပ်တယ်။ခြံပါတဲ့လူတွေ ကတော့ မကျေနပ်ဘူးပြောနေတာ ပဲ””ဟု ဒေသခံတစ်ဦးကပြောသည်။
တနင်္သာရီတိုင်းတွင် ယခု ဆောက်လုပ်ရန်လျာထားသည့် ရေနံချက်စက်ရုံစီမံကိန်းအပြင်  ဇောတိက သဘာဝဓာတ်ငွေ့စီမံ ကိန်း၊ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ထားဝယ်ရေနက်ဆိပ်ကမ်း  နှင့်အထူး စီးပွားရေးဇုန်စီမံကိန်း များရှိကြောင်းသိရသည်။
အတည်ပြု၍မရသေးသော သတင်းများအရ အရှေ့အလယ်  ပိုင်းဒေသမှရေနံစိမ်းသင်္ဘောများ၊ တနင်္သာရီကမ်းရိုးတန်း၊တီဇစ်ကမ်း ခြေတွင် ဆိုက်ကပ်ကာ ၎င်းရှိသို လှောင်ကန်မှတစ်ဆင့် ပိုက်လိုင်း  များဖြင့် ခြောက်မိုင်အကွာရှိ ရင်း  ဘုတ်ရေနံချက်စက်ရုံသို့ ပို့မည် ဖြစ်ကြောင်း အရပ်သတင်းများ အရသိရသည်။

www.hotnewsweekly.com

ညီညီ

No comments:

Post a Comment