Friday, April 4, 2014

“မရဏပတ်စပို့”



                                       မရဏာနုဿတိပဲကြားဖူးတယ်။ မရဏပတ်စပို့လို့ ဘာကြောင့်ခေါ် လာရတာလဲ။ မကြာခင်က စိန်စီတဲ့ ပတ်စပို့ ဆိုပြီး မင်္ဂလာရှိရှိ ပြောခဲ့   သေးတယ်လေ။ အချစ်ကို ဘယ် လိုပြောရမယ်ဆိုပြီးလည်းနောက်  ဆုံး ရွှေနားတော်သွင်း ဧချင်းရေးဖွဲ့ ခဲ့သေး တာပဲမဟုတ်ဘူးလား။
           သန်းချီရှိတဲ့အလုပ်သမားတွေ တစ်နေ့တခြား ပတ်စပို့သက်တမ်းတွေ ကုန်ဆုံးလာတယ်။ အလုပ်ရှင်တွေက ဆက်ပြီးတော့ အလုပ်မခိုင်းရဲကြတော့ ဘူး။ အလုပ်သမားတွေလည်း စိတ်ဆင်းရဲနေကြတယ်။ ကုန်ထုတ်လုပ်မှုမှာ ထိခိုက်မှုတွေဖြစ်လာတယ်။
        မြန်မာအစိုးရဟာထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားေ
တွ ရဲ့အနေအထားကို သေချာမသိပဲ နိုင်ငံတကာကိုသွားလို့ရတဲ့ အဆင့်မြင့်ပ
တ်စပို့လုပ်ပေးချင်တယ်။ အလုပ်သမားတွေက အဆင်သင့်မဖြစ်ကြဘူး။ အဓိက အတားအဆီး က နိုင်ငံသားစီစစ်ရေးကဒ် (အမျိုးသားမှတ်ပုံတင်)နဲ့ အိမ်ထောင်စုစါရင်း တို့ပါမှ အဲဒီပတ်စပို့က လုပ်လို့ရမှာဖြစ်တယ်။ အဲဒီနှစ်ခု လုံးက မြန်မာနိုင်ငံသား ၈၀ ရာခိုင်နုန်းလောက်မှာ မရှိနိုင်တာတွေဖြစ်နေ တယ်။ ဒီနှစ်ခု မပါရင် ဘယ်လိုမှ လုပ်မရဖြစ်နေတယ်။
               အလုပ်သမားတွေဖြစ်တဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက မီဒီယာတွေက ထုတ်ဖေါ်ပြောဆိုကြတယ်။ မြန်မာသံရုံးကိုဖုန်းနဲ့ ဆက်ပြီး အကြံပြုကြတယ်။ ခက်ခဲတဲ့မူဝါဒကို လွယ်ကူချောမွေ့မယ့်ဘက် သို့ ဦးတည်ြ ခင်းပြောင်းလဲခြင်း မဖြစ်လာခဲ့ဘူး။ မြန်မာအလုပ်သမားတွေရဲ့အခြေအနေက   နေမြင့်လေ အရူးရင့်လေဖြစ်လာတယ်။ အလုပ်သမားရဲ့အနေအထားကို သိရှိနေတဲ့ ထိုင်းအလုပ်သမားအာဏာပိုင်တွေက အဆင်သင့်ယခုတိုင် မဖြစ် လာတဲ့ မြန်မာအစိုးရကို အယုံအကြည်မဲ့လာတာကြောင့် ထိုင်းမုဆိုးရွှေအိုး ထမ်းကိန်းကို ဖန်တီးလိုက်ကြတယ်။
             နေထိုင်ခွင်နဲ့စာအုပ်သက်တမ်းကုန်နေတဲ့စာအုပ်တွေကို တစ်နှစ်စာ သက်တမ်းတိုးပေးမယ်။ အလုပ်လုပ်ခွင့် တစ်နှစ်စာ(၀တ်ပါမစ်) လုပ်ပေးမယ်။   မြန်မာသံရုံးနဲ့ ဘာမှတ်ပုံတင်နဲ့အိမ်ထောင်စုစါရင်းမှ ပြစရာမလိုဘူး။ မြန်မာ
အစိုးရကို ဂရုစိုက်စရာလည်းမလိုဘူး။ အလုပ်သမားလည်း ကိုယ်တိုင်လာ စရာမလိုဘူးဆိုပြီး အမိန့် ထုတ်လိုက်တယ်။ နောက်နှစ်မှ နိုင်ငံကူး စာအုပ်ကြီး လုပ်ကြပေတော့တဲ့…..ပြီးရော့ဗျာ။
         မြန်မာအလုပ်သမားတွေကို သနားလို့အလကားလုပ်ပေးတာတော့ မဟုတ်ဘူး။ ပိုက်ဆံရဖို့ကိစ္စ ကြာနေလို့ စိတ်မရှည်တော့လို့ ထိုင်းတစ်ဦးတည်း ဂိုးသွင်းလိုက်တာပဲ။ တစ်နှစ်စာဗီဇာနဲ့ တစ်နှစ်စာ အလုပ်လုပ်ခွင့်အတွက် ဘတ်ငွေရှစ်ထောင် ထက်မနည်းအလုပ်သမားတွေကုန်ကျနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားကိုယ်တိုင်လုပ်လို့မရတာကြောင့်ဖြစ်ပါ တယ်။ ထိုင်းမှာရှိတဲ့ သုံးလေးသန်းသော မြန်မာအလုပ်သမား ကိစ္စတွေကို   မြန်မာအစိုးရမပါပဲ ထိုင်းအစိုးရလုပ်လို့ ရပါတယ်ဆိုတာကို ထိုင်းက ပြလိုက် တာပဲဖြစ်ပါတယ်။

           သုံးလတစ်ကြိမ် ဧည့်စရင်း တိုင်စရာမလိုတဲ့ ပန်းရောင်ဘတ်နဲ့ ဘတ်ငွေ၎,၀၀၀နဲ့ တစ်နှစ်စာကျမ္မာေ ရးစောင့်ရှောက်ခနဲ့ နေထိုင်ခွင့်ရနေ ခဲ့ကြရတဲ့ မြန်မာအလုပ် သမားတွေ ကို မရဏ ပတ်စပို့လုပ် လိုက်ပြီးခါမှ စပြီး မြန်မာတွေ ထိုင်းမှာ အခါခါသေ   နေကြရတော့တာပဲ။    




No comments:

Post a Comment