Friday, April 4, 2014

ပြည်သူ့အတွက် NDF ဘာတွေလုပ်ခဲ့သလဲ

လွှတ်တော်ထဲမှာ NDF ဒါတွေလုပ်ခဲ့တယ်




နိုင်ငံရေး
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ရန် လွှတ်တော်စစခြင်း တင်သွင်းခဲ့တယ်။
နိုင်ငံရေးပြစ်မှုတွေကို အရေးယူတဲ့ ပုဒ်မ ၅ (ည)နဲ့ ပုဒ်မ ၁၀ (က) (ခ)တွေကို ပယ်ဖျက်ရန် တင်ပြခဲ့တယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွကaပြည်သူ့တို့ယုံကြည်သူများ ပါဝင် တဲ့  ငြိမ်းချမ်းရေးကော်မတီတရပ်ဖွဲ့စည်းရန်တင်သွင်းခဲ့တယ်
အကျဉ်းသားအခွင့်အရေးတွေကို လူ့အခွင့်အရေးနှဲ့ လျော်ညီစွာ ရရှိစေဖို့ တင်ပြဆွေးနွေးခဲ့တယ်။


လယ်ယာကဏ္ဍနှင့် ကျေးလက်စီးပွားတိုးတက်ရေး
အမတော်ကြေးငွေ တိုးမြှင့်ပေးရန် တင်သွင်းခဲ့ပြီး၊ တစ်ဧက ကျပ် ၄၀၀၀၀ိ-အထိ ရရှိပြီဖြစ်တယ်။
လယ်သမားများအား နှစ်(၃၀)ဂရံဖြင့် လယ်လုပ်သူတိုင်း လယ်ပိုင် ရေး၊ မြေယာပိုင်ဆိုင်ခွင့် တင်သွင်းထားတယ်။
လယ်ယာသုံးပစ္စည်းများ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့် တင်ပြတောင်းဆိုခဲ့တယ်။
အမတော်ကြေး မရရှိသော(၁၀)ဧကအထက်ပိုင်ရှင် လယ်သမား တွေကို အမတော်ကြေးငွေပေးရန် အဆိုတင် ဆွေးနွေးခဲ့တယ်။
လယ်ယာအမတော်ကြေးငွေမှဖြတ်ယူထားတဲ့လယ်သမားများ၏ စုငွေကို စိုက်ပျိုးရေးအရေးပေါ်ရံပုံငွေအဖြစ် ထားရှိရန် တင်ပြခဲ့ တယ်။
လယ်ယာသီးနှံ အာမခံစနစ်ထားရှိပေးပြီး  တောင်သူတို့ ဈေးနှိမ် ၀ယ်ယူခံရခြင်းမှ ကင်းလွတ်ရေးကို တင်ပြခဲ့တယ်။

လူမှုရေး၊ စီးပွားရေး
ဝန်ထမ်းနှစ်ပြည့်သူများအတွက် တန်ဘိုးနည်းအိမ်ယာရရှိရေး ဆောင်ရွက်ပေးရန်တင်ပြခဲ့တယ်။
စီးပွားရေးလက်ဝါးကြီးအုပ်စနစ် ကာကွယ်ရေးဥပဒေ အဆိုမူကြမ်း ကို လွှတ်တော်တွင် တင်သွင်းခဲ့တယ်။
ပင်စင်လစာများ ခေတ်နှင့်အညီတိုးမြှင့်ပေးရန်  အဆိုတင်သွင်းခဲ့ တယ်။ ဒါကြောင့် အငြိမ်းစားလစာတွေ တိုးရလာတယ်။
ဝန်ထမ်းအမျိုးသမီးများ မီးဖွားပြီးခွင့်(၃)လ ရရှိရေးကို လွှတ်တော် မှာ တင်ပြထားတယ်။
ရန်ကုန်ဆေးရုံကြီး ကင်ဆာရောဂါကုဓါတ်ကင်စက်အသစ် ရရှိ ရေးကို တင်ပြခဲ့တယ်။
သမ၀ါယမအသင်းများရဲ့ အဆောက်အဦပိုင်ဆိုင်မှုများ၊ ၀င်ငွေ ရရှိမှုများကို ကိုယ်ကျိုးရှာနေမှုများဖေါ်ထုတ်ပြီး  ပြည်သူများ၏ ခံစားခွင့် မဆုံးရှုံးစေရန် ကာကွယ်ပေးရေး  တင်ပြခဲ့တယ်။
ကျောက်မျက်ရတနာ အချောထည်ဈေးကွက် မြန်မာနိုငံတွင်းမှာ ဖြစ်ပေါ်ရေးနဲ့ နိုင်ငံတကာ ကျောက်မျက် ကျွမ်းကျင်သုတေသနနှင့် ရတနာလုပ်ငန်းများ ခွင့်ပြုရေး အဆိုတင်သွင်းခဲ့တယ်။
ကျောက်မျက် ကျောက်စိမ်းဒေသမှ ပြည်သူတွေ  တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခွင့်ရရှိရေးကို တင်ပြခဲ့တယ်။
အသေးစား အလတ်စား စက်မှုလုပ်ငန်းများကို တိုက်ရိုက် ငွေချေး ပေးရေး တင်သွင်းခဲ့တယ်။
ပုဂ္ဂလိကဓါတ်ဆီဆိုင်များတိုးချဲ့၍ ဈေးပြိုင်စနစ်ဖြင့် ရောင်းချ ပေးရေးအဆို တင်သွင်းခဲ့တယ်။
ကုမ္ပဏီ သက်တမ်းတိုးမြှင့်ကာလကို ၅ နှစ်အထိ ခွင့်ပြုပေး၍ ဈေးကွက် စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေရှိမည့် ဥပဒေများ ပြင်ဆင်ပေး ရန်တင်ပြခဲ့တယ်။

ဘဏ္ဍာ၊ပညာ၊ ကျန်းမာရေးဆိုင်ရာ တင်ပြချက်များ
အခြေခံလူတန်းစားများ၊ လူနေမှုဘ၀ သာယာရေးအတွက် ပညာ ရေးနှင့် ကျန်းမာရေးအသုံးစရိတ် တိုးမြှင့်ပေး ရေးကိုတင်သွင်းခဲ့ တယ်။
နိုင်ငံခြားငွေလဲနှုန်း ခေတ်ကာလနှင့်အညီ ပြောင်းလဲသတ်မှတ် ပေးရေးကို တင်ပြခဲ့တယ်။
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်နိုင်ရန့် ကျောင်းဆင်း ဆရာဝန်ဘွဲ့ရများအလုပ်အကိုင်ရရှိရေးကို အမြန် ဆုံး ဆောင်ရွက် ပေးဖို့ တင်ပြခဲ့တယ်။
ကျောင်းသားမိဘများ စရိတ်စက သက်သာရေး၊ စာသင်သား များ စာသင်ကြားမှု အဆင်ပြေရေးတို့အတွက် တက္ကသိုလ်အသီး သီတွင် အဆောင်နေ ကျောင်းသားများ ထားရှိသင်ကြားနိုင်ရေးကို တင်သွင်း ခဲ့တယ်။

သတင်းစာ လွတ်လပ်ခွင့်
ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့် ပြုရေးနှင့် သတင်းစာ လွတ်လပ်ခွင့် တိုးမြှင့်ပေးရန်တင်ပြခဲ့တယ်။

ပတ်ဝန်းကျင် ထိမ်းသိမ်းရေး
အနာဂတ်မြန်မာနိုင်ငံတွင် သောက်ရေ၊သုံးရေ ဖူလုံစွာရရှိရေး  အာမခံရှိစေရန် အမျိုးသားရေသဃံဇာတဥပဒေ ပြဋ္ဌာန်းရေး တင်သွင်းခဲ့တယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ                                                                             အမျိုးသားဒီမိုကရေစီအင်အားစု

Copy from http://ndfmyanmar.org



No comments:

Post a Comment