Sunday, March 30, 2014

ကမ္ဘာတစ်ဝန်းတွင် ကွပ်မျက်သတ်ဖြတ်မှုများ ၁၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြောကြား


အီဂျစ်သမ္မတဟောင်းမော်စီကိုထောက်ခံသူများအား ယမန်နှစ်က အလက်ဇန်းဒြီးယားတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကို စစ်ဆေးသော တရားခွင်တွင် တွေ့ရစဉ် (Al Youm Al Saabi Newspaper/REUTERS)
 
အီရန်နှင့် အီရတ်နိုင်ငံ တို့တွင် ကွပ်မျက်မှုပိုများလာပြီး ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ် ဝန်း အများသိ ကွပ်မျက်သတ်ဖြတ် မှု ၁၅ ရာခိုင်နှုန်း ပိုများလာ ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာ အရ သိရသည်။

လန်ဒန်အခြေစိုက် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ အစီရင်ခံစာမှာ အီဂျစ် တရားရုံးက မွတ်စလင်ဘရားသားဟုဒ်အဖွဲ့ ထောက်ခံသူ ၅၂၉ ဦး ကို သေဒဏ်ပေးလိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ တရားရုံးများ၏ သေ ဒဏ်ချမှတ်မှုပေါင်း ၇၇၈ မှုတွင် တရုတ်နိုင်ငံ၌ သေဒဏ်ချမှတ်ခံရ သည့် လူထောင်ပေါင်းများစွာ မပါဝင်ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြသည်။
တရုတ်နိုင်ငံတွင် သေဒဏ် ပေးခြင်းကို ထိပ်တန်းလျှို့ဝှက် သတင်းအဖြစ် ထားရှိသည်။
ပြီးခဲ့သည့်နှစ်က အီရန်နှင့် အီရတ်နိုင်ငံတို့တွင် သေဒဏ်ပေး ခြင်း ပိုများခဲ့ပြီး ယင်းနိုင်ငံများ နောက် ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ သေဒဏ်ချမှတ်မှု အများ ဆုံးဖြစ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြော သည်။
ပြီးခဲ့သည့်နှစ်က အီရန်နိုင်ငံ တွင် တရားဝင်စာရင်းဇယားအရ ကွပ်မျက်မှု (၃၆၉)ကြိမ်ရှိခဲ့သည်ဟု သိရသော်လည်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ကွပ်မျက်ခံရသူ ၃၃၅ ဦး ပိုများကြောင်း လူ့အခွင့်အရေးအဖွဲ့များ က ပြောသည်။
အီရတ်နိုင်ငံတွင် ကွပ်မျက် ခံရသူ ၁၆၉ ဦးရှိကြောင်း ယင်း အဖွဲ့က ပြောသည်။
ပြည်တွင်းစစ်ဖြစ်နေသော ဆီးရီးယားနိုင်ငံနှင့် ကသောင်းက နင်းဖြစ်သော အီဂျစ်နိုင်ငံတွင် ကွပ်မျက်ခံရသူအရေအတွက် အ တိအကျကို အတည်မပြုနိုင်ပေ။
‘‘အမှုအားလုံးမှာ သေဒဏ် ပေးတာကို ကျွန်တော်တို့ ဆန့် ကျင်ပါတယ်’’ဟု ကုလသမဂ္ဂဆိုင် ရာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ ကိုယ်စားလှယ် ဂျိုးလူး ဝစ်ဒိုင်းစ်က ပြောသည်။
၂၀၁၃ ခုနှစ်အကုန်တွင် ကမ္ဘာတစ်ဝန်း ကွပ်မျက်ခံရသူ ၂၃,၀၀၀ ကျော်ရှိသည်ဟု ယင်း အဖွဲ့က ပြောကြားပြီး ဥရောပနှင့် အာရှအလယ်ပိုင်းတွင် ၂၀၀၉ ခုနှစ်မှစ၍ ကွပ်မျက်ခြင်းမရှိဟု ၎င်းတို့အဖွဲ့က ပြောသည်။
နိုင်ငံပေါင်း ၁၄၀ မှာ သေ ဒဏ်ပေးခြင်းကို တရားဥပဒေအရ (သို့မဟုတ်) လက်တွေ့လုပ်ရပ် များအရ ဆန့်ကျင်ကြပြီး နိုင်ငံ ၁၀ နိုင်ငံတွင် တစ်နိုင်ငံမှာ အကြမ်းအားဖြင့် ကွပ်မျက်နေကြဆဲဖြစ် ကြောင်း နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ထောက်ပြ ပြောကြားသည်။

—Ref: Reuters
Copy from http://7daydaily.com

No comments:

Post a Comment