Saturday, April 5, 2014

တရားမ၀င်မြန်မာ လုပ်သား ၁၀၀ ကျော် ထိုင်းရဲဖမ်းဆီး

ဓာတ်ပုံ − bangkokpost

နေလင်းထွန်း

ရန်ကုန်− လူမှောင်ခိုအဖွဲ့တစ်ဖွဲ့ က ခိုးသွင်းလာသော တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ရာကျော်ကို ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်အတွင်း ဖမ်းဆီးမိခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ တက်ခ်ခရိုင် မှတစ်ဆင့် တရားမ၀င်လူမှောင် ခိုသယ်ဆောင်လာသော ဗင်ကား နှစ်စီးကို တက်ခ်ခရိုင်လူဝင်မှု ကြီး ကြပ်ရေးရဲတပ်ဖွဲ့က ကြာသပ တေးနေ့ ည ၈နာရီတွင် ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က ညအချိန် စောင့်ဆိုင်းနေချိန်တွင် လူမှောင် ခိုများ အပြည့်အသိပ်တင်ဆောင် လာသော ဗင်ကားနှစ်စီးသည် သစ်တောထဲရှိ စွန့်ပစ်ထားသောတဲဆီသို့ ဦးတည်သွားနေခဲ့ကြောင်း ထိုင်းသတင်းစာကဆိုသည်။
ဗင်ကားနှစ်စီးမောင်းနှင်ရာ နောက်သို့ ရဲတပ်ဖွဲ့က လိုက်ပါ သွားခဲ့ပြီး ဗင်ကားများ ရပ်တန့် ချိန်တွင် ပထမတစ်စီးပေါ်၌ မြန် မာနိုင်ငံသား အမျိုးသား ၂၂ ဦး နှင့် အမျိုးသမီး ၁၆ ဦး၊ ဒုတိယ ကားပေါ်၌ အမျိုးသား ၁၈ ဦး နှင့် အမျိုးသမီး ၂၀ ဦးတို့ လိုက်ပါ လာကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် သစ် တောထဲရှိ တဲအတွင်း ပုန်းအောင် နေသော တရားမ၀င်မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂၈ ဦးကို ထပ်မံတွေ့ရှိပြီး စုစုပေါင်း တရား မ၀င် ခိုးဝင်လာသော မြန်မာ နိုင်ငံ သား ၁၀၄ ဦးကို ဖမ်းဆိးမိခဲ့ခြင်း ဖြစ်သည်။
အဖမ်းခံခဲ့ရသော မြန်မာနိုင် ငံသားများထဲမှ ထိုင်းဘာသာ စကားပြောဆိုနိုင်သူအချို့၏ အ ဆိုအရ ၎င်းတို့မှာ ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရန် လူမှောင် ခိုအဖွဲ့ကို ထိုင်းဘတ်ငွေ တစ် သောင်းသုံးထောင်မှ တစ်သောင်း ခွဲထိပေးခဲ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများကို တရားမ၀င်လူမှောင်ခိုတင်သွင်း  လာသော ဗင်ကားမောင်းနှင်သူ ထိုင်းနိုင်ငံသား သုံးဦးကို ဖမ်းဆီး ထားပြီး ထိုင်းရဲတပ်ဖွဲ့၏ စောင့် ကြည့်ဖမ်းဆီးမှုမှာ ကြာသပတေး ညမှ သောကြာနေ့မနက်အထိ ကြာမြင့်ခဲ့သည်။

Copy from http://7daydaily.com

No comments:

Post a Comment