Friday, April 4, 2014

NLD အရိပ့်ခို သူတော်ကောင်းအယောင်ဆောင် တော်ဝင်နှင်းဆီဖောင်ဒေးရှင်း ဥက္ကဌ ဦးစိုးညွန့်၏ လုပ်ရပ်များ



ဒေါ်မူယာခင်နှင့် ဦးစိုးညွန့်(ဥက္ကဌ၊ တော်ဝင်နှင်းဆီဖောင်ဒေးရှင်း)တို့သည် ဦးဘရွှေ၊ ဒေါ်တုတ်တို့၏သားသမီးအရင်းများမဟုတ်ကြဘဲ မွေးစားသားသမီးများဖြစ်ကြောင်း၊ စစ်ဆေးပေါ်လွင်
ပြီးဖြစ်သော်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒေါ်မူယာခင်တစ်ဦးတည်းကိုသာ မိဘအရင်းဖြင့် မျိုးရိုးဇယားပြင်ဆင်ခိုင်းခြင်းသည် တရားမျှတမှု၊ ပွင့်လင်း
မြင်သာမှုမရှိကြောင်း မီဒီယာမှတဆင့် တင်ပြအပ်ပါသည်။

၁။    ဦးဘရွှေ+ဒေါ်တုတ်တို့သည် ကျွန်မဒေါ်မူယာခင်နှင့် ဦးစိုးညွန့်တို့နှစ်ဦးကို မွေးစားစာချုပ် ချုပ်ဆိုမွေးစားခြင်းမဟုတ်ဘဲ အပတိဌ မွေးစားသားသမီးများအဖြစ်မွေးစားခဲ့ကြပါသည်။
 ဆွေမျိုးတော်စပ်ကြခြင်းမရှိပါဦးဘရွှေ+ဒေါ်တုတ်တို့ပိုင်ဆိုင်သော ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ အမှတ်(၂၂၁/၂၂၃) ခြံမြေရှိ နေအိမ်အဆောက်အဦးတွင် ငယ်စဉ်
ကလေးဘ၀ကပင် နေထိုင်ခဲ့ကြပါသည်။ အရွယ်ရောက်၍ ဗဟန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ရာတွင် ကျမနှင့် ဦးစိုးညွှန့်
တို့သည် မိဘအရင်းအမည်များကို နိုင်/၂- နိုင်/၄ မှတ်တမ်းများတွင် ဖော်ပြခြင်းမပြုဘဲ မွေးစားမိဘ ဦးဘရွှေနှင့် ဒေါ်တုတ်တို့ကိုသာ မိဘအရင်းများဖြစ်သည်ဟုဖော်ပြခဲ့ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြား
များ ကိုင်ဆောင်ခဲ့ကြပါသည်။
၂။    မွေးစားမိဘ ဦးဘရွှေနှင့်ဒေါ်တုတ်တို့ ကွယ်လွန်ပြီးနောက် ကျန်ရစ်သောအမွေပစ္စည်းဖြစ်သည့် ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ အမှတ်(၂၂၁/၂၂၃) ခြံမြေရှိ
နေအိမ်အဆောက်အဦးတို့၏ တစ်ဝက်ကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဦးဘရွှေနှင့် ဒေါ်တုတ်တို့၏ အပတိဌ၊ မွေးစားသားသမီးများဖြစ်ကြသော ကျမနှင့် ဦးစိုးညွှန့်တို့က အမွေဆက်ခံပိုင်ဆိုင်
လာခဲ့ကြပါသည်။ ကျန်တစ်ဝက်အား ဒေါ်တုတ်၏ဆွေမျိုးရင်းချာအဖြစ် တစ်ဦးတည်းသော သက်ရှိထင်ရှားရှိသူ ဦးတင်လှကအမွေဆက်ခံပိုင်ဆိုင်ခဲ့ပါသည်။ ဦးစိုးညွှန့်သည် ဦးဘရွှေနှင့်ဒေါ်တုတ်တို့
ကျန်ရစ်သည့် အမွေပစ္စည်းကိုတစ်ဦးတည်းအပိုင်စီးလိုသဖြင့် ဦးဘရွှေနှင့်ဒေါ်တုတ်တို့၏ သားအရင်းဖြစ်သည်ဟုလည်းကောင်း၊ ဦးဘရွှေနှင့်ဒေါ်တုတ်တို့တွင် ၄င်းမှလွဲ၍ အခြားအမွေစားအမွေခံ
တစ်ဦးတစ်ယောက်မှမရှိဟုလည်းကောင်း ဖော်ပြ၍ ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်အမှတ်(၆၄၂/၁၉၈၃)ကို လိမ်လည်ပြုလုပ် ချုပ်ဆိုခဲ့ပါသည်။
အဆိုပါလိမ်လည်ချုပ်ဆိုထားသောစာချုပ်နှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးပါရန် (၂၁.၁၁.၂၀၁၂)ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ကျမကတိုင်ကြားခဲ့ရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီး
ဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဟန် ဦးဆောင်သောအဖွဲ့က စစ်ဆေးခဲ့ပါသည်။ ကျမနှင့် ဦးစိုးညွှန့်တို့နှစ်ဦးက ဦးဘရွှေနှင့် ဒေါ်တုတ်တို့မှာ မွေးစားမိဘများဖြစ်ကြပြီး ကျန်မ၏မိဘအရင်းအမည်မှာ
ဦးစိုးမြင့်(ကွယ်လွန်+ဒေါ်စိန်စိန်ခင်(ကွယ်လွန်)ဖြစ်ကြောင်းနှင့် ဦးစိုးညွှန့်ကလည်း မိဘအရင်း ဦးလှအောင်(ကွယ်လွန်)+ဒေါ်ဘေဘီ(ကွယ်လွန်)ဖြစ်ကြောင်း ၀န်ခံဖြေကြားခဲ့ကြပါသည်။
၃။    (၁၁.၇.၂၀၁၃)ရက်နေ့တွင် ညွှန်ကြားရေးမှူး ဦးမြင့်ဟန် ဦးဆောင်သောအဖွဲ့က ကျမနှင့် ကျမ၏သား ဦးတင်အောင်ငြိမ်းတို့နှစ်ဦးအား ၄င်းတို့ရုံးသို့ခေါ်ယူ၍ ကျမ၏တိုင်ကြားစာနှင့်
ပတ်သက်၍ ရှင်းလင်းခဲ့ပါသည်။ ရှင်းလင်းရာတွင် ဦးစိုးညွှန့်မှ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်အမှတ်(၆၄၂/၈၃)ကို လိမ်လည်ချုပ်ဆိုထားကြောင်း စစ်ဆေးတွေ့ရှိသောကြောင့်
အဆိုပါစာချုပ်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် သီးခြားသက်သာခွင့်ဥပဒေအရ ပယ်ဖျက်၍မရကြောင်း နစ်နာသူကိုယ်တိုင်တရားရုံးအမိန့်နှင့်အညီ ပယ်ဖျက်ရမည်ဖြစ်ကြောင်း
ထို့ကြောင့် စာချုပ်ကိုပယ်ဖျက်ပေးရန် တရားရုံးတွင်တရားစွဲဆိုရန်နှင့် တရားရုံးမှအနိုင်ဒီဂရီရရှိမှသာ အဆိုပါအနိုင်ဒီဂရီဖြင့် စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးသို့ လျှောက်ထား၍ စာချုပ်ကိုပယ်ဖျက်
နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
၎။    ဦးစိုးညွန့် မမှန်မကန်ချုပ်ဆိုထားသည့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်အမှတ်(၆၄၂/၈၃)သည် ကျမ၏အမွေဆိုင်အခွင့်အရေးကို ထိပါး၍နစ်နာသောကြောင့်(၁၈.၁၀.၂၀၁၃)
ရက်နေ့တွင် ကျမကတရားလိုပြု၍ ဦးစိုးညွန့်အပေါ် စာချုပ်စာတမ်းဖျက်သိမ်းပေးစေလိုမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားစွဲဆိုထားပါသည်။
၅။    ပြည်ထဲရေးဝန်ကြီးဌာနမှ စစ်ဆေးပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့၏ ညွှန်ကြားချက်အရ ဗဟန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
ဦးစီးဌာနက ကျမနှင့် ဦးစိုးညွန့်တို့နှစ်ဦးအား စုံစမ်းမေးမြန်းလိုပါသဖြင့် ဗဟန်းမြို့နယ်၊ လ၀ကရုံးသို့လာရောက်ရန်အကြောင်းကြားခဲ့ပါသည်။
၆။    ဗဟန်းမြို့နယ်၊ လ၀ကမှ ကျမသည် ဦးဘရွှေနှင့်ဒေါ်တုတ်တို့၏ သမီးအရင်းမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိချက်အရ ပေါ်လွင်သဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ်(၁၂/ဗဟန(နိုင်) 025932
၏ ရုံးလက်ခံမှတ်တမ်များတွင် မိဘအရင်းဖြင့် မျိုးရိုးဇယားများပြင်ဆင်နိုင်ရန် ကာယကံရှင်မှလျှောက်ထားပြင်ဆင်ရန် အကြောင်းကြားလာပါသည်။ ဗဟန်းလ၀ကအနေဖြင့် ဦးစိုးညွန့်ထံသို့ မိဘအရင်း
ဖြင့် မျိုးရိုးဇယားပြင်ဆင်ရန် ယနေ့အထိအကြောင်းကြားထားခြင်းမရှိကြောင်း သိရှိရပါသည်။ ကျမနှင့် ဦးစိုးညွန့်တို့နှစ်ဦးသည် ဦးဘရွှေနှင့် ဒေါ်တုတ်တို့၏ မွေးစားသားသမီးများဖြစ်ကြပါလျှက် လူဝင်မှု
ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ကျမတစ်ဦးတည်းကိုသာ မိဘအရင်းနာမည်ဖြင့် မျိုးရိုးဇယားပြင်ဆင်ခိုင်းခြင်းသည် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုမရှိသဖြင့် အမွေဆိုင်တစ်ဦးအနေ
ဖြင့် ဆုံးရှုံးနစ်နာမှုရှိမည်ဖြစ်ပါသည်။
၇။    ဦးစိုးညွန့်အနေဖြင့် ၄င်း၏ နိုင်/၂- နိုင်/၄ မှတ်တမ်းများတွင် မိဘအရင်း ဦးလှအောင်+ဒေါ်ဘေဘီတို့ကို မှန်မှန်ကန်ကန်ဖော်ပြပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်မည်ဆိုပါက ၄င်းလိမ်လည်
ချုပ်ဆိုထားသော အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ် (၆၄၂/၁၉၈၃)မှာ ပျက်ပြယ်သွားမည်ဖြစ်ပါသည်။ အဆိုပါစာချုပ်ပျက်ပြယ်သွားပါက ၄င်းလက်ဝါးကြီးအုပ်ထားသော ဦးဘရွှေနှင့်ဒေါ်တုတ်တို့
ကျန်ရစ်သော အမွေပစ္စည်းများလည်း လက်လွှတ်ဆုံးရှုံးမည်ဖြစ်ပါသည်။
၈။    ဦးစိုးညွန့်(ဥက္ကဌ၊ တော်ဝင်နှင်းဆီဖောင်ဒေးရှင်း)သည် ငွေကြေးဓနအင်အား တောင့်တင်းသူဖြစ်ပြီး ၄င်း၏ဖြစ်ရပ်မှန်များမပေါ်ပေါက်ရေးအတွက် အရာရာတွင် ငွေကြေးဖြင့်ဖြေရှင်းနေသူတစ်ဦးဖြစ်သော
ကြောင့် ယခုအချိန်အထိ ၄င်း၏မိဘအရင်းအမည်မှန်များကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ပြင်ဆင်ခိုင်းခြင်းမရှိသေးပါ။ ထို့ကြောင့် ကျမအမွေဆိုင်တစ်ဦးအနေဖြင့် ဆုံးရှုံးနစ်နာမှုရှိ၍
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဥပဒေနှင့်အညီ တရားမျှတ မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် တင်ပြရခြင်းဖြစ်ပါသည်။



ရိုသေစွာဖြင့်

ဒေါ်မူယာခင်
၁၂/ဗဟန(နိုင်)၀၂၅၉၃၂
အမှတ်(၁၄၄၁)၊ ရွှေယင်းမာ(၁)လမ်း၊
တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

2 comments:

  1. အမျိုးဒီမိုကရေစီအဖွဲ.ချုပ်-ဗဟိုကော်မတီ--အရိပ်ခိုပြီး--စာချုလိမ်လည်ခြင်း-မှတ်ပုံတင်တွင်မိဘအရင်းအမည်မထည်.ပဲ-အမွေလိုချင်တော.လိမ်ပြီးရငင်းလိမ်ခြင်း--NLDအဖွဲ.ဂုဏ်သိက္ခာမထိန်းပဲ(တော်ဝင်နှင်းဆီ)အားဓါးတိုက်လိုက်တာပါ-သူတော်ကောင်းယောင်ဆောင်နေသူပါ။

    ReplyDelete
  2. NLD ပါတီကို ခုတုံးလုပ်နေတဲ့ သူတွေ NLD ပါတီထဲမှာအများကြီးပါ။

    ReplyDelete