Friday, April 4, 2014

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို ဂုဏ်ပြုမည်

လာမယ့် ဧပြီ ၇ ရက်နေ့ကျရင် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင် ထားကြတဲ့ လုပ်ငန်းရှင် စုစုပေါင်းအယောက် ၁၀၀ ကို ပြည်တွင်းအခွန်ဦးစီးဌာနက ဂုဏ်ပြုလက်မှတ်တွေ ပေးမယ်လို့ ရန်ကုန်တိုင်းအခွန်ရုံး တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။
tax pဒီလုပ်ငန်းရှင်တွေရဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ဆောင်ခဲ့တဲ့ ပမာဏကို
ကြည့်ပြီး ဂုဏ်ပြုတာ ဖြစ်ပြီး အဲဒီကုမ္ပဏီတွေထဲမှာ ကမ္ဘောဇဘဏ်က အခွန်အများဆုံး ဆောင်ထားသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က လုပ်ငန်းရှင် ၄၀ ကို ဂုဏ်ပြုခဲ့ပြီး အခုနှစ် တိုးမြှင့်ကာ အယောက် ၁၀၀ ကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

လောလောဆယ် အခွန်မဆောင်ပဲ တိမ်းရှောင်နေတဲ့ ကုမ္ပဏီ ၈ ထောင်ကျော်ကိုလည်း ရှာဖွေဖော်ထုတ် အရေးယူသွားမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက သတင်း ထုတ်ပြန် ထားပါတယ်။

By ဒီဗွီဘီ

Copy from http://burmese.dvb.no/

No comments:

Post a Comment