Wednesday, April 2, 2014

“ငါးဖမ်းလှေမှ ရောင်းစားခံအလုပ်သမား၃ဦးအားကယ်ထုတ်”


ကိုတီး    ၂၀၁၄  ဧပြီလ  ၂ ရက်

         ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီခရိုင် ချောင်းစမေးစံ  ငါးဖမ်းလှေဆိပ် မဲခေါင်တံတား လှေအမှတ် (၅)တွင် ၁လကြာရောင်းစားခံနေခဲ့ ရသည့် မြန်မာ အလုပ်သမား ၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ စောစောက ကယ်ထုတ်   နိုင်လိုက်သည်။


            ထိုင်အစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေး DSI, ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATနှင့် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့ ပူးပေါင်း ကယ်ထုတ်ခဲ့ကြခြင်းဖြစ် သည်။


လွတ်မြောက်လာသူ ကိုထွန်းရီ က“ ပွဲစားက ငါးသေတ္တာ အလုပ်ရုံမှာ လုပ်ရမယ်။ တစ်နေ့ကို ဘတ်ငွေ ၄၅၀ ရမယ်ပြောလို့ ကျနော်တို့ သူငယ်ချင်း ၄ယောက်လိုက်လာတာ။ လှေပေါ်ကိုတစ်ခါတည်း ချလိုက် တာပဲ။ ၁၅ရက် တစ်ကြိမ်လှေပြန်ဝင်လာတော့ ကျနော်ထွက်ပြေးတယ်။ မဟာချိုင်အနားက မဲခေါင်တံတား နားမှာပြန်မိသွားတယ်။ ပွဲစားတွေ ၀ိုက်ရိုက်ကြတယ်။ ရစရာ မရှိအောင် နာသွားတာ။ ဦးကျော်သောင်းနဲ့ ဆက်သွယ်ရ လို့လွတ်လာတာ   ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောသည်။

           MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“တစ်ပတ်လောက်ရှိပြီး သတင်းအချက်အလက် စု
ဆောင်းနေတာ။ မနေ့ညနေကတည်းက လှေကပ်နေ တာ သူတို့ဖုန်းမကိုင်ဘူး။ ဒီနေ့မနက်မှာတောင်မှ ဖုန်းမကိုင်လို့ သူတို့ကို ပိတ်လှောင်ထားတဲ့ အခန်းကို မနည်းရှာယူရတယ်။ ဖုန်းတစ်လုံးက သူတို့ဘ၀ ကို ကယ်လိုက်တာပါပဲ။ငါးဖမ်း လှေတွေမှာ ရောင်းစားခံ နေရသူတွေအများကြီးရှိတယ်။ ကျနော် တို့ကို ဆက် သွယ်လာသူ တွေကို တော့ ထိုင်းအစိုးရအကူညီ နဲ့ ကျနော်တို့ကယ်ထုတ်လို့ရတယ်။ မဆက် သွယ် လာသူ အကူညီမတောင်း လာသူကို ကျနော်တို့ မြင်ပေမယ့် ခေါ်ယူခဲ့လို့မရဘူး၊ မြ၀တီကပွဲစားတွေကို ဖိဖိစီးစီ ဖမ်းနိုင်ဖို့လိုပါတယ်။” ဟုပြောသည်။


ရောင်းစားခံခဲ့ရသူများမှာ ကျောက်ကုန်မြို့နယ်၊ လည်ဆွဲကျေးရွာမှ အသက် ၃၃ နှစ်အရွယ် ကိုထွန်းရီ ၊ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်၊   တောင်ဒု ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် မောချူး နှင့် မဟာချိုင်မှ ကုလား ဆိုသူတို့ ဖြစ်ကြသည်။
 
Copy from http://www.goldenworkers.asia

No comments:

Post a Comment