Friday, April 4, 2014

အမေဖြစ်သူကို ကျောက်ကပ်ပေးကာ အသက်စွန်ခဲ့တဲ့ ၇နှစ်အရွယ်ကလေး



အမေဖြစ်သူကို ကျောက်ကပ်ပေးကာ အသက်စွန်ခဲ့တဲ့ ၇နှစ်အရွယ်ကလေး
ဦးနှောက်ကင်ဆာဖြစ်နေတဲ့ ၇နှစ်အရွယ် ကလေးတစ်ဦးဟာ သူ့အမေရဲ့အသက်ကို ကျောက်ကပ်ပေး ကယ်တင်ကာ သူ့အသက်ကို စွန့်လွှတ်ခဲ့တယ်လို့ဆိုပါတယ်။

သူ့ရဲ့ဦးနှောက်ထဲမှာ အကြိတ်ကြီးတစ်ခုကို တွေ့ရှိတဲ့အချိန်မှာ Chen Xiaotian ဟာ ၅နှစ်သားဖြစ်ပြီး အမေဖြစ်သူ ၃၄နှစ်အရွယ် Zhou Lu မှာလည်း ကျောက်ကပ်ရောဂါ စွဲကပ်နေကြောင်းမသိမီ လပိုင်းအလိုလည်း ဖြစ်ပါတယ်။


ကနဦးမှာ Chen ဟာ သက်သာလာမယ့် လက္ခဏာတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ရောဂါဟာ ပိုမိုဆိုးရွားလာပြီး လူကြီးဖြစ်တဲ့ထိ မရောက်နိုင်တော့ဘူးလို့ သူ့ကိုပြောခဲ့ကြပါတယ်။
အမေနဲ့သားဖြစ်သူဟာ ရောဂါဝေဒနာတွေကို ခံစားလာကြရင်း နေလာတာ၂နှစ်လောက် အကြာမှာတော့ Chen က “အမေ့အသက်ကို ကျွန်တော်ကယ်ပါရစေ” လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီအချိန်မှာ နှစ်ဦးစလုံးဟာ ရောဂါဝေဒနာတွေကို ပြင်းထန်စွာခံစားနေရပြီး မိခင်ဖြစ်သူ Zhou ဟာ ကျောက်ကပ်ဆေးတဲ့ထိ လုပ်နေရပြီး သားဖြစ်သူဟာလည်း ဆေးကုသမှုတွေကို အဆက်မပြတ်လုပ်နေရပါပြီ။

အဆုံးမှာတော့ Chen ဟာ အမြင်အာရုံတွေ ဆုံးရှုံးလာပြီး အိပ်ရာပေါ်က ထလို့မရတော့ပါဘူး။
“ဒီကိစ္စက ပြောလို့မကောင်းတာကြောင့် ဆရာဝန်တွေက ကျွန်မဆီကို ချည်းကပ်လာကြတယ်” လို့အဘွားဖြစ်သူ ၅၇နှစ် အရွယ် Lu Yuanxiu က ပြောကြားခဲ့ပါတယ်။

“သူတို့က ပြောတယ်၊ ကျွန်မမြေးတော့ အသက်မရှင်နိုင်တော့ဘူး၊ ဒါပေမဲ့ သူ့ကျောက်ကပ်က သူ့အမေနဲ့ တခြားလူနှစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်တယ်တဲ့
ကျွန်မ ဒီအကြောင်းကို ဆွေးနွေးတော့ Zhou က ခါးခါးသီးသီးငြင်းတော့တာပဲ။ ဒါမျိုး လုပ်ဖို့ပြောတာကိုတောင် သူက မကြားချင်ဘူး” လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီ့ပြဿ     နာကို Chen ကြားသွားခဲ့ပြီး အမေဖြစ်သူကို ကယ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။


မျက်ရည်တွေနဲ့ သဘောတူကြောင်း သူ့အမေပြောခဲ့တဲ့ စကားကတော့  သူ့သားသာ သေသွားမယ်ဆိုရင် သူ့အတွက် တစ်ခုတည်းသော ဖြေသိမ့်စရာက သားရဲ့ခန္ဓာကိုယ်အပိုင်းအစဟာ သူမခန္ဓာကိုယ်ထဲမှာ အမြဲရှိနေမယ်ဆိုတဲ့ စကားပါပဲ......


Chen ဟာ ဧပြီ၂ရက်နေ့မှာ သေဆုံးခဲ့ပြီး သူ့အမေနဲ့ အခြားလူနှစ်ယောက်ကို ကျောက်ကပ် ခွဲစိတ် လှူဒါန်းပေးခဲ့မှုဟာလည်း အောင်မြင်ခဲ့ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
 
Copy from www.phothutaw.com

No comments:

Post a Comment