Friday, April 4, 2014

လယ်သမား ကူညီပေးရေးဌာနတွေ ဖွင့်လှစ်ဖို့ ကလင်တန်ဖောင်ဒေးရှင်း ကူညီမည်

ကျေးလက်နေ တောင်သူတွေကို အကူအညီတွေ ပေးနိုင်မယ့် Farmer Center တွေ ဖွင့်လှစ်ဖို့ကိစ္စ နိုင်ငံတကာလူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့ ကလင်တန်ဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်အခြေစိုက် ကလင်တန်ဖောင်ဒေးရှင်းက မစ္စတာ Martha E. Brantley ဦးဆောင်တဲ့အဖွဲ့က တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး Farmer Center တည်ဆောက်ရေးကိစ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
Farmers plant rice seedlings in a paddy field on the outskirts of Yangonဒီတွေ့ဆုံမှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက တောင်သူတွေအတွက် တကယ်လိုအပ်တဲ့အကူအညီတွေ ရရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။
တောင်သူတွေရဲ့လိုအပ်ချက်ဖြစ်တဲ့ နည်းပညာ၊ မျိုးစေ့နဲ့ လယ်ယာသုံးပစ္စည်းတွေကို အရစ်ကျ ၀ယ်ယူနိုင်မယ့် အခွင့်အရေး အပြင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာလည်း အကူအညီ ပေးနိုင်ဖို့အတွက် ကလင်တန်ဖောင်ဒေးရှင်းက မြန်မာ့နိုင်ငံကို လာရောက်ခဲ့တာပါ။

ပြည်တွင်းက တောင်သူတွေရဲ့ အကျိုးစီးပွားမြှင့်တင်ရေးအတွက် လိုအပ်နေတာက ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ လယ်သမားတွေကို ၀န်ဆောင်မှုပေးနိုင်မယ့် Farmer Center တွေ ပေါ်ထွက်လာဖို့ပါ။
လက်ရှိမှာဆိုရင်လည်း တောင်သူလယ်သမားအသင်းအနေနဲ့ Farmer Center ရဲ့ဝန်ဆောင်မှု သဘောမျိုး လုပ်ဆောင်ပေးနေပေမယ့် အစိုးရ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကို မရရှိလို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။
သမ္မတ ဦးသိန်းစိန်ကတော့ သမ္မတသက်တမ်း ၃ နှစ်ပြည့် အခမ်းအနား မိန့်ခွန်းထဲမှာ လယ်ယာ လုပ်ငန်းနဲ့ပတ်သတ်ပြီး တောင်သူတွေရဲ့ အကျိုးစီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်၊ တိုင်းဒေသ အသီးသီးမှာ Farmer Center တွေပေါ်ပေါက်လာဖို့လိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
သမ္မတရဲ့ ပြောဆိုချက် အကောင်အထည်ပေါ်နိုင်ဖို့ ဘယ်လောက်နီးစပ်မှု ရှိနိုင်ပါသလဲ။ ဒါနဲ့ပတ်သတ်ပြီး တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက အခုလို ပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကလည်း မြန်မာ့လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာဖို့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့(JICA)စတဲ့ အဖွဲ့အစည်းတွေက အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ ကူညီပေးမှုတွေ ရှိခဲ့ပြီး သူတို့ရဲ့ ပံ့ပိုးမှုတွေကလည်း နေပြည်တော်တ၀ိုက်က လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက်သာ အသုံးပြုခဲ့ကြတာပါ။ ဒါပေမယ့် ကျန်တဲ့နိုင်ငံတ၀န်းက သိန်းနဲ့ ချီတဲ့ လယ်စိုက်ဧကတွေ အတွက်တော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ယနေ့တိုင် မရရှိသေးလို့ ဖွံ့ဖြိုးမှုကလည်း များစွာ နောက်ကျကျန်ရစ်နေပါတယ်။
 
 
Copy from http://burmese.dvb.no/archives/54384

No comments:

Post a Comment