Wednesday, April 2, 2014

“အလုပ်သမားများအပေါ် ဘတ်တစ်ထောင်စီဖြတ်တောက်ခြင်းအားကန့်ကွက်သင့်”

          
By မောင်ပေါ်ထွန်း
 
    
 ပြန်ပို့စရိတ်ဟူသည့်ခေါင်းစဉ်ဖြင့်  မြန်မာအလုပ်အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ တစ်ထောင်စီ ကောက် ခံ ရန်ပြင်နေသည့် ထိုင်းအစိုးရ မူဝါဒအားမြန် မာအစိုးရအနေဖြင့် အလျှင်အမြန် ကန့်ကွက်သင့်ကြောင်း ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT က ယနေ့တောင်းဆိုလိုက်သည်။
            မဟာချိုင်မြို့နယ်အတွင်းရှိသော အလုပ်ရုံတို့တွင် ယခုလတွင်စတင်   ကောက်ခံနေပြီဖြစ်ကြောင်း အလုပ်သမား ကိုဝင်းနိုင်ကပြောသည်။ ၎င်းက “အစိုးရက ကောက်ခိုင်းတာလို့သူဌေး ကပြောတယ် ။ မြန်မာ အလုပ်သမားတွေ အိမ်ကိုပြန်မယ့်နေ့မှာ ပြန်ပေးမယ်လို့ပြောပါတယ်။ ကားခဘတ်ငွေ ၅၀၀ဆို ရင်မြန်မာနယ်စပ်ကိုရောက်တာပဲ။ လေယာဉ်နဲ့ပို့မှာလား။ ရည်စရာကောင်း တယ်။ အလုပ်သမားတွေ ဆီက လွယ်လွယ်ကူကူ ကောက်လိုက်ပေမယ့်   ပြန်ပေးမယ်ဆိုတာ ခက်ခဲမှာေ သချာပါတယ်။  အလုပ်သမားတွေ မှာ ပတ်စ ပို့ခ၊ ဗီဇာခ၊ ၀တ်ပါမစ်၊ နေထိုင်ခွင့် သက်တမ်းတိုးခ၊ ရက်၉၀ ဧည့်စါရင်းတိုင်၊ ဒါတွေအကုန်လုံးအ တွက် ငွေကုန် နေကြတယ်။ စားစရိတ် နေစရိတ်နဲ့ လုံးခြာ လိုက်နေကြတာ၊ ကျနော်တို့ ကျွန်သက်ရှည်အုံး မှာပဲ” ဟုပြောသည်။
           အလုပ်သမားတစ်ဦးလျှင် တစ်လစီ ဘတ်ငွေ ၂၅၀ နုန်းဖြင့် မတ်လမှ စတင်၍ဇွန်လအထိ လေးလ တိတိ  ဘတ်တစ်ထောင်ဖြတ်တောက်သွားမည်   ဖြစ်ကြောင်း ထိုင်းအစိုးရက အလုပ်ရုံများတွင် ကြော်ညာ စာကပ်ထားပြီးဖြစ် သည်။ 


 
             ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက “ အခု အလုပ် သမားတွေ အပေါ်မှာ ပကာစာခွန်းနဲ့ ၀င်ငွေ ရဲ့ငါးရာခိုင်နုန်းကို ဖြတ်တောက်တဲ့အလုပ်ရုံရှိသလို အချို့ အလုပ်ရုံတွေက မဖြတ်တောက်ကြဘူး။ သူဌေးကိုယ်တိုင် ထည့်ရမယ့်ကိစ္စဖြစ်နေတာကို။ ဒီ အစီအစဉ် စကတည်းက ကျနော် ထိုင်းအစိုးရနဲ့ အင်ဂျီအိုတွေနဲ့ အစည်းဝေး   တွေမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ တယ်။ အလုပ်သမားတွေနေ့တိုင်း   ထောင်ချီပြီး ပြန်နေကြတယ်။ ဘယ်အလုပ်သမားကိုများ ဘယ်အလုပ်ရုံ က   ပြန်ပေးတာ ကြားဖူးကြလို့လဲ။ ထိုင်းကယူထားလိုက်တာပဲမဟုတ်ဘူးလား။  ခေါင်းစဉ် အမျိုးမျိုးတတ်ပြီး   မြန်မာ အလုပ်သမားတွေဆီက မတရားဂုတ်သွေး စုတ် အမြတ်ထုတ်နေတာလို့ပြောချင်တယ်။ အကျိုး အကြောင်း ဆီလျှော်မှုမရှိ တဲ့ ဘတ်ငွေ ၁,၀၀၀ ဖြတ်တောက်မယ့် ကိစ္စကို မြန်မာအစိုးရအနေနဲ့ အလျှင် အမြန်တုန့်ပြန်သင့်ပါတယ်” ဟုပြောသည်။

               ထိုင်းအစိုးရဟာ ပတ်စပို့နဲ့ဝတ်ပါမစ်ရှိတဲ့အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ပျက်ကွက်တယ်။ မဲဆောက်သွားရင် ဂိတ် တိုင်းမှာပေးနေကြရတယ်။  ပတ်စပို့ရော ၀တ်ပါမစ်ပါရှိတဲ့ စူဖန်ဘူရီ ပန်းရံ ဆိုဒ်က အလုပ်သမား၂၁ ယောက် သင်္ကြန်ကျဖို့ အိမ်ပြန်မယ်ပြောလို့ လုပ်အား ခလည်း မပေးပဲ ထောင်ချပစ်လိုက်တယ်။  သူဌေးပြောင်းမထားလို့ ထောင်ချ တာ လို့ တရားရုံးကပြောတယ်တဲ့။ အလုပ်သမားများအားလုံးတို့ဟာ၂၀၁၃ ခု မေလက တည်းက ယခုအလုပ်ဆိုဒ်သို့   ပြောင်းလာခဲ့ကြတဲ့ အလုပ်သမား များ ဖြစ်ကြပါတယ်။  လုပ်ငန်းရှင်ပြောင်းတယ်ဆိုတာ အလုပ်သမားလုပ်လို့ ရတာမှဟုတ်ဘူး။ သူဌေးက အလုပ်သမားရုံးမှာ စာရွက်စာတမ်းသွားပြောင်း ရတာဖြစ်တယ်။ အရေးယူရင် တာဝန်မကျေတဲ့ လုပ်ငန်းရှင်ကိုပါ ထောင်ချပေါ့။ ဟု  ဦးကျော်သောင်း က ဆက်လက်ပြောဆိုသည်။
         ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ် က “ဘယ်နိုင်ငံ သားကိုပဲဖြစ်ဖြစ် တရားရုံးတစ်ခုက ပြစ်ဒဏ်တစ်ခု ချမယ်ဆိုရင် သက်ဆိုင်ရာ အစိုးရသံရုံးတွေကို အကြောင်း ကြားရမယ်။ သံရုံး ကိုယ်၌ကလည်း တရားရုံးမှာ စကားပြန်(သို့မဟုတ်) ဥပဒေအကြံ ပေးတွေ ပံ့ပိုးပေးသင့်တယ်။ အလုပ်သမားနဲ့ ပတ်သက်တဲ့ကိစ္စတိုင်းကို ပူးပေါင်းဆောင် ရွက်သင့်ပါ။ အလုပ်သမားသံ အရာရှိတွေ ထိုင်းနိုင်ငံကိုလာတာ အလုပ်သမား အခွင့်အရေး တွေလာလုပ်တာလား၊ MOU Demand ထုတ်ပေးပြီးစီးပွားလာ ရှာ တာလား၊ ပတ်စပို့တွေထုတ်ပေးတာကို အလုပ်သမားကိစ္စလာ လုပ်တယ် လို့ ထင်နေကြတာလား လို့မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်” ဟုပြောသည်။    

         မကြာသေးခင်က ဆော်ဒီနိုင်ငံသား တစ်ယောက်ကို ထိုင်းကပစ်သတ် လိုက်တဲ့ အမှုကိုကြားနာတဲ့ အ ခါ ဆော်ဒီနိုင်ငံသားတွေက ထိုင်းတရားတရား ရုံးမှာ သွားနားထောင်တယ်။ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှ တမှုမရှိဘူး လို့ ကြေညာချက်တွေထုတ်လိုက်ကြတယ်။ မြန်မာအလုပ်သမားတွေကိုကို လည်းမြန်မာ အစိုးရ ကိုယ်တိုင်က အလေးနက်ထားနေတယ် ဆိုတာ ပြသင့်ပြီ လို့  ဦးထူးချစ် က ဆက်လက်ပြောဆိုသည်။  
 
Copy from http://www.goldenworkers.asia

No comments:

Post a Comment