Friday, April 4, 2014

ပြည်ခိုင်ဖြိုးပါတီမှ သမ္မတ၊ ဒုသမ္မတများလျှို့ဝှက်လျာ ထားသည်ဟူသောသတင်းမှန်ကန်ခြင်းမရှိဟုဒုဥက္ကဋ္ဌဦးဌေးဦးဆို

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးအပြီးပေါ်ထွန်း လာမည့် အစိုးရသစ်အတွက်လက် ရှိအာဏာရပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သမ္မတ၊ ဒုသမ္မတလောင်းများကို လျှို့ဝှက် လျာထားသည်ဟု ပြင်ပနှင့် အင် တာနက်စာမျက်နှာအချို့၌သတင်း အချို့ထွက်ပေါ်လျက်ရှိနေပြီး၊ ယင်း သို့သတင်းများထွက်ပေါ်နေခြင်း မှာ ဟုတ်မှန်ခြင်းမရှိကြောင်း၊ လက်ရှိအာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေ ဖြင့် ကိုယ်စားလှယ်အမည်စာရင်း များပင်တောင်းခံရသေးခြင်းမရှိ ကြောင်း၊ ပါတီဒုတိယဥက်္ကဋ္ဌ ဦးဌေးဦးကဆိုသည်။

““ဒီလိုမျိုးပါတီကနေပြီးတော့ သမ္မတ၊ ဒုသမ္မတလောင်းတွေအ တွက် ပါတီတွင်းလျှို့ဝှက်လျာထား မှုလုံးဝမရှိပါဘူး။ ဒီသမ္မတ၊ ဒုသမ္မတ  လောင်းတွေခဏထားပါ။ ပါတီ ကနေပြီးတော့အထွေထွေရွေးကောက် ပွဲကြီးမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပြုဝင်ရောက်အရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေနာမည်စာရင်း တောင်ခုထိမတောင်းခံရသေးပါ ဘူး။ ဒီကိုယ်စားလှယ်တွေကနေပဲ သမ္မတ၊ ဒုသမ္မတဆိုတာလျာလို့ရ မှာလေ၊ ခုထိတောင် ကိုယ်စား လှယ်စာရင်းတွေတောင်းထားတုန်း ပဲရှိပါသေးတယ်။ လျှို့ဝှက်စွာလျာ ထားတယ်ဆိုတာမျိုးလုံးဝမရှိပါ ဘူး”” ဟုအာဏာရပြည်ခိုင်ဖြိုးပါတီ ၏ဒုတိယဥက္ကဋ္ဌဦးဌေးဦးမHot News  သတင်းထောက်နှင့်တွေ့ဆုံ စဉ်ပြောကြားသွားခဲ့သည်။
ပြည်တွင်း၊ ပြည်ပနိုင်ငံရေး လေ့လာအကဲခတ်သူများ၊ နိုင်ငံ ရေးပညာရှင်အချို့၏သုံးသပ်ချက် အရ လက်ရှိပြည်ခိုင်ဖြိုးပါတီ၏ တာဝန်ပိုင်းဆိုင်ရာဖွဲ့စည်းနေရာ ယူထားမှုမှာ အထွေထွေရွေးကောက် ပွဲကြီးအပြီး နိုင်ငံတော်တာဝန်ယူ မည့်ပုံစံကဲ့သို့ မှတ်ယူနိုင်ကြောင်း၊ ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းမှလည်း သမ္မတဖြစ်ချင်ကြောင်း ဆန်္ဒပြမှု ရှိသည့်အတွက်၂၀၁၅ရွေးကောက်  ပွဲကြီး၌ပြည်ခိုင်ဖြိုးပါတီအပြတ်သတ် အနိုင်ရရှိပါက သူရဦးရွှေမန်းအနေ ဖြင့်သမ်္မတ၊ ပြည်သူလူထုနှင့် ထိ တွေ့ဆက်ဆံမှုပိုင်းအထူးကောင်း မွန်ပြီး၊ ပြည်သူ့ကျန်းမာရေးအကျိုး ပြုလူမှုရေးဆောင်ရွက်ချက်များ ကြောင့် ပြည်သူမှချစ်ခင်သော ပါတီဒုဥက္ကဋ္ဌဦးဌေးဦးမှ ဒုတိယ သမ္မတလောင်းရာထူးအတွက် အလားအလာအကောင်းဆုံးဖြစ် ကြောင်း၊ လက်ရှိသာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ယခင်ပို့ဆောင်ရေးဝန်ကြီးဦးသိန်းဆွေ နှင့် ပါတီ CEC ဦးအောင်သိန်း လင်းတို့လည်းအလားအလာကောင်း ကြောင်းသိရှိရသည်။


ခန့်ခန့်(ဒဿနိက)

Copy from http://hotnewsweekly.com

No comments:

Post a Comment