Friday, September 20, 2013

ရည်ရွယ်ချက် ၅ ခုနဲ့ ထိုးဖောက်ဖွဲ့တည်လာတဲ့ NDF


 
ဇူုးဇူးမွန်  စက်တင်္ဘာ ၁၉/၂၀၁၃

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်မည့် တရားဥပဒေစိုးမိုးသည့် စစ်မှန်သောဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရောက်ရှိနိုင်ရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ တိုင်းရင်းသားများအားလုံး၊ အဆင့်အတန်းနှင့် အခွင့်အလမ်းပါ တန်းတူညီမျှမူကို အခြေခံသည့် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးကို တညီတညွတ်တည်း ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော အထွေထွေပြဿနာများကို မြန်မာတိုင်းရင်းသားအချင်းချင်း ကိုယ်တိုင် ဖြေရှင်းလျှက် အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန်တကယ်ရရှိအောင် ဆောင်ရွက်သွားရန် မြန်မာ့စီးပွားရေးနှင့် လူမူဘ၀မြင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏အခြေအနေနှင့်လိုက်လျောညီထွေရှိမည့် ခေတ်မီစီးပွားရေး မူဝါဒများကို ချမှတ်ကျင့်သုံးသွားရန် ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးနှင့် နိုင်ငံအချင်းချင်းနားလည်မူရရှိရေးအတွက် လွတ်လပ်၍ နိုးကြားတက်ကြွသော နိုင်ငံခြား ရေးမူဝါဒကို ကိုင်စွဲကျင့်သုံးသွားရန် ဆိုတဲ့ ရည်ရွယ်ချက်ငါးရပ်နဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့မှ စတင်ကာ တရားဝင်ပါတီအဖြစ် ရပ်တည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်(၁၉)ဦးနဲ့ ပါတီစတင်တည်ထောင်ပြီး တည်ဆောက်ရေးကာလ ဖွဲ့စည်းပုံစည်းမျဉ်းမူကြမ်းကို ရေးဆွဲ ကာ ထိုစည်းမျဉ်းများနဲ့အညီ ဆောင်ရွက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက် ၁၀-၁-၂၀၁၁ ရက်မှာ ပထမအကြိမ် ဗဟိုဦးစီး ကော်မတီအစည်းအဝေးကို စည်းရုံးကျင်းပနိုင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဒီမိုကရေစီနည်းလမ်းများနဲ့အညီ ပြန်လည်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ ပါတီအနေနဲ့ လက်ရှိနိုင်ငံရေး၊ စည်းရုံးရေးအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်စေရန်အတွက် ပါတီဖွဲ့စည်းပုံစည်းမျဉ်းကို ပြင် ဆင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ပါတီရဲ့အဓိကအချက်အနေနဲ့ ပြည်သူလူထုကိုဗဟိုပြုတဲ့ပါတီ ဖြစ်စေရမယ်ဆိုတဲ့အချက်နဲ့ ပြည်သူလူထုအကျိုးကို ပိုမိုဦးစားပေး ဆောင်ရွက်တယ်။ တောင်သူလယ်သမားနဲ့ ပတ်သက်တာရှိတယ်။ အလုပ်သမားနဲ့ ပတ်သက်တာတွေရှိတယ်။ စီးပွားရေးမူဝါဒတွေ၊ နိုင်ငံ ရေးမူဝါဒတွေ၊ ကဏ္ဍတွေ အများကြီးရှိတယ်။ ကျန်းမာရေးကော၊ ပညာရေးရောပေါ့နော်။ ကဏ္ဍအစုံပေါ့။ ၂၀၁၀ မှာ ပါတီခေါင်းဆောင် ၁၉ ဦးနဲ့ စတင်ဖွဲ့စည်းပြီး ၂၀၁၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တယ်။ တစ်ပြည်လုံး ကိုယ်စားလှယ် ၁၆၁ ဦးနဲ့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ဒီပါတီအနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေထဲက ဘာတွေလုပ်ဆောင်ပြီးပြီလဲမေးတော့ ပါတီရဲ့လုပ်ဆောင်ချက် အပိုင်းနှစ်ပိုင်းခွဲပြီး လုပ်တယ်။ တစ်ပိုင်းက လွှတ်တော်တွင်းလုပ်ဆောင်ချက်နဲ့ ကျန်တစ်ပိုင်းက လွှတ်တော်ပြင်ပလုပ်ဆောင်ချက်ပဲပေါ့။ လွှတ်တော်တွင်းမှာ ပထမအကြိမ်အစည်းအဝေးကတည်းက ဒီပါတီက တက်ရောက်ခဲ့တာကိုး။ အဲ့ဒီကတည်းက တော်တော်များများ ထင်ရှားတဲ့လုပ်ရပ်တွေ အနေနဲ့ တောင်သူလယ်သမားများနဲ့ ပတ်သက်တာတွေပါတယ်။ အလုပ်သမားများနဲ့ ပတ်သက်တာတွေ ပါတယ်။ အလုပ်သမားနဲ့ ပတ် သက်ရင်တော့ ပင်စင်လစာကိစ္စကို တင်တယ်။ တင်တဲ့အခါမှာ မဲခွဲဆုံးဖြတ်တော့ အနိုင်မရပေမယ့် အစိုးရက ဒီအပေါ်မှာပဲ နှစ်ကြိမ်သုံး ကြိမ်လောက်ရှိပြီ။ တိုးပေးတာလေ။ တောင်သူလယ်သမားများနဲ့ ပတ်သက်ရင်လည်း လောက်ငှမူမရှိတဲ့ အမတော်ကြေးကိစ္စတွေကို တိုး မြှင့်ပေးဖို့ တင်ပေးခဲ့တယ်။ တစ်ဖြည်းဖြည်း တိုးမြှင့်ပေးခဲ့တယ်။ ဒါက လွှတ်တော်တွင်းကိစ္စပေါ့။ လယ်သမားအပြင် ပညာရေးနဲ့ ပတ်သက် တာတွေရော တင်ပြတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တာတွေကောပေါ လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အတွင်းရေးမှူး(၁) ဦးကြည်သန်းက ပြောခဲ့ပါတယ်။ ပါတီအင်အားစုအနေနဲ့ လူဦးရေ ခုနှစ်သောင်းကျော်ရှိပြိး ဆက်လက်လှုပ်ရှားနေပါတယ်လို့ ပြောခဲ့ပါတယ်။ မူလ NLD အဖွဲ့ဝင်တွေ ပါတီထဲမှာ ဘာကြောင့်များသလဲဆိုရင် ၁၉၉၀ ရွေးကောက်ပွဲက စတယ်လို့ ပြောရမှာပဲ။ ၁၉၉၀မှာ NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့တယ်။ အနိုင်ရရှိပြီးတဲ့နောက်ပိုင်းမှာ ဘာဖြစ်လာသလဲဆိုတော့ ကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုက NLDပါတီအပေါ်မှာ အားကိုးကြတယ်ပေါ့။ ပြည်သူကပေးအပ်တဲ့တာဝန်ကို NLDအနေနဲ့ နှစ်ပေါင်း၂၀ကျော် ကြာလာပေမယ့် ကျေပွန်ခဲ့ခြင်း မရှိဘူး။ အန်ကယ်တို့ ပါတီကိုတည်ထောင်သူတွေက NLD ခေါင်းဆောင်ပိုင်းမှာ ပါတဲ့သူတွေကိုး။ အဲ့တော့ ပြည်သူလူထုကို ၁၉၉၀ ကတည်းက ထမ်းဆောင်ပေးဖို့ ပေးထားတဲ့တာဝန်ကို မပြီးပြတ်သေးတဲ့အတွက် ဒီပါတီကို အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံပြန်တင်ခိုင်းရာမှာ NDF ပါတီကိုတည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေက NLDမှတ်ပုံတင်ဖို့အတွက် ဆော်သြခဲ့တာ ရှိတယ်။ NLDထဲ မှာ မှတ်ပုံတင်ဖို့ ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ပဲ နောက်ဆုံးမဖြစ်မြောက်တာတွေ ရှိခဲ့တာကြောင့် အန်ကယ်တို့ဒီခေါင်းဆောင်ပိုင်းက အစိုးရသတ်မှတ်ထားတဲ့ရက်မှာ မှတ်ပုံမတင်နိုင်ခံတာကြောင့် ၁၉၉၀ ပြည်သူလူထုအတွက် ပေးထားတဲ့ဒီမိုကရေစီ မပြီးဆုံးသေးတဲ့အ တွက် ၂၀၁၀ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပါတီထောင်မှဖြစ်မယ်ဆိုပြီး NDF ပါတီကို ထောင်ခဲ့ပါတယ်။ အဓိကမူဝါဒက တိုင်းပြည်အတွက် ကောင်းကျိုးရှိခြင်း၊ မရှိခြင်းဆိုတဲ့ အပေါ်မှာမူတည်ပြိး လက်တွဲလုပ်ကိုင်သွားဖို့ရှိသလို ပြည်သူလူထုရော၊ တိုင်းပြည်အတွက်ပါ အကျိုးမရှိဘူးဆိုရင် ကန့်ကွက်သွားမယ်ဆိုတဲ့မူဝါဒနဲ့ အရှေ့ဘက် သွားမှာဖြစ်ကြောင်းကိုလည်း အတွင်းရေးမှူး(၁) ဦးကြည်သန်းက ဆက်လက်ပြောပြခဲ့ပါတယ်။ လွှတ်တော်မတင်ဘဲ ဆွေးနွေးချက်တွေအရ လုပ်ဆောင်ပေးသွားတာတွေ ရှိပ်ါတယ်။ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရမယ်ဆို တာ လွှတ်တော်မှာဦးဆုံးတင်တာပါ။ မရခဲ့ပါဘူး။ ဒါပေမယ့် အစိုးရအဖွဲ့ နိုင်ငံရေးအကျဉ်းသားတွေ စလွှတ်တာပဲလေ။ ဦးသိန်းညွှန့် တင်တော့ အောင်မြင်သွားတယ်။ မူအားဖြင့် အောင်မြင်တာပေါ။့ စားဝတ်နေရေးအတွက် ငွေချေးပေးပါဆိုတော့ ချေးပေးတယ်လေ။ ကျေး လက်မှာ လယ်သမားတွေအတွက် အခြားနိုင်ငံတွေကရော ကူညီချေးပေးတာရှိတယ်။ အစိုးရအဖွဲ့နဲ့တွေ့ရင်လည်း ပြောပြထားပါတယ်။ မူ အရ အားလုံးတူညီသလောက် တွေ့နေရပါတယ်။ နောက်ပြီး လူတွေကို ငွေချေးပေးရုံနဲ့ မလုံလောက်ဘူး။ အလုပ်အကိုင်ပါ ရှာပေးရမယ်။ အလုပ်အကိုင်ရှိအောင် လုပ်ပေးခြင်းဖြင့် မိသားစုဘ၀ စားဝတ်နေရေးပြေလည်မယ်ဆိုတာတွေပါ ပါတယ်။ နောက်ပြိး နိုင်ငံတကာကုန် သွယ်ဆက်ဆံရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းကောင်းဖြစ်သည်ဟု ယူဆခြင်းဆိုတဲ့အထဲမှာ ဒါက နိုင်ငံရေးအယူအဆပေါ့။ တရုတ်နဲ့ အမေရိကန်က ရန်စောင်နေကြတာပဲလေ။ စစ်ရေးမှာတော့ တရုတ်နဲ့အမေရိကန် ပြိုင်ဖက်ဖြစ်ပေမယ့် စီးပွားရေးက မိတ်ဖက် လေ။။ စီးပွားရေးမှာ မတိုက်တော့ဘူ့း။ စီးပွားရေးမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပတ်ပြီးလုပ်လိုက်မယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက် အကူပြုမယ်ဆိုတဲ့သဘောပါ။ စီးပွားရေးအပြန်အလှန်ဆက်နွယ်မူကြောင့် စီးပွားရေးစစ်ပွဲတွေ မဖြစ်တော့ဘူး။ ဒီသဘောပါပဲလို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ဆိုခဲ့ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲကာလနဲ့ ပတ်သက်ပြီးတော့ ပါတီအနေနဲ့ စတင်နေပြီး ပါတီစည်းရုံးရေးအပတ်စဉ်အလိုက် တိုင်းနဲ့ပြည်နယ် အားလုံး လုပ်ဆောင်နေကြောင်း၊ ၂၀၁၅ အတွက် ဘယ်လိုပြင်ဆင်ကြရင် ကောင်းမလဲဆိုပြီး ဌာနချုပ်မှ တိုင်းနဲ့ပြည်နယ်များကို ခေါင်း ဆောင်တာဝန်ယူမယ့်သူများကို ဖြည့်ဆည်းနေကြောင်း ပြောပြခဲ့ပါတယ်။ လယ်ယာကဏ္ဍက အဓိကကျတာကြောင့် တိုင်းပြည်ပထမအဆင့်စီးပွားရေးအနေနဲ့ လယ်ယာကဏ္ဍ စတင်ပြောင်းလဲသင့် ကြောင်း သမ္မတကြီးနဲ့တွေ့ဆုံစဉ် ပြောခဲ့တယ်လို့ ဦးခင်မောင်ဆွေက ဆက်လက်ပြောပြခဲ့ပါတယ်။ ပါတီအနေနဲ့ လယ်ယာကဏ္ဍမှာ ဦးဆောင်သူအဖြစ် ဦးအောင်ဇင်ကို လွှဲအပ်ထားကြောင်း ဆိုခဲ့ပါတယ်။ လယ်ယာမြေစုံစမ်းရေးကော်မရှင်မှာလည်း သူပါဝင်ဆောင်ရွက်နေ ပါတယ်။ လယ်သမားတွေ လယ်ယာပြန်ရအောင် ၊ မြ၀တီမှာကော၊ ပဲခူးတိုင်းအပါအ၀င် မန္တလေးတိုင်း၊ ပုသိမ်မြို့နယ်တွေမှာ ဆောင်ရွက် ပေးနိုင်ခဲ့တယတွေ ရှိတယ်။ ဒါကက ပါတီစည်းရုံးရေး စစ်မျက်နှာဇွင့်တဲ့သဘောပါ။ မန္တလေးတိုင်းမှာလည်း စစ်တမ်းကောက်ယူနေပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေရောပေါ့။ စည်းရုံးရေးပေါ့။ ၂၀၁၅ မှာ ဘယ်လိုနည်းဗျူဟာတွေနဲ့ ဆောင်ရွက်မလဲဆိုတာ ခေါင်းဆောင်က နည်းဗျူဟာချပြီး လုပ်ဆောင်သွားမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ NDF ပါတီက ဘယ်လိုအခန်းကဏ္ဍတွေနဲ့ အကျိုးပြုပေးနေဦးမလဲဆိုတာကတော့ လုပ်ရပ်က သက်သေပြနေပါလိမ့်မယ်။

Copy from  ပြည်သူ့ဆန္ဒဂျာနယ်

No comments:

Post a Comment