Friday, September 13, 2013

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့၏ ရှင်းလင်းချက်

 
ယနေ့တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင်များသည် သက်မှတ်ထားသည့် အရည်အချင်းများနှင့်
ပြည့်မှီပြီး အများပြည်သူများ၏ ဆန္ဒဖြင့် ဒီမိုကရေစီကျကျ မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ထားသူများဖြစ်သည့်အပြင် သြ၀ါဒဆရာတော်ကြီးများမှ
အသိအမှတ်ပြုထားသူများဖြစ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ တရားဝင်ခန့်အပ်တာဝန်ပေးထားသူများဖြစ်သည်။ ဈေးသူဈေးသား- ဈေးသာယာရေး
ကော်မတီများ၏ ကြည်ညိုလေးစားခြင်းခံရသူများလည်းဖြစ်ပါသည်။
    ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး အဖက်ဖက်က ဘက်စုံဖွံ့ဖြိုးတိုးတတ်ရန် အစွမ်းကုန်တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်နေသည်မှာ (၃)လမျှ
က်တမ်းသာ ရှိပါသေးသည်။ မိမိတို့အဖွဲ့အား ဂေါပကအဖွဲ့ဝင်ဖြစ်ချင်သူ နာမည်ပျက်ဖြင့် ဂေါပကအဖွဲ့တွင် ပြန်လည်မပါတော့သည့် လူအချို့အပါအ၀င် အပေါင်း
ချို့၏ မနာလိုမရှုစိတ်နိုင်ဘဲ '' မင်းသားကြီးမလုပ်ရလို့ ပန်းမကြီးထိုးခွဲ " စကားပုံလို အများဆန္ဒဖြင့် ပြန်လည်ရွေးချယ်ထားသော လက်ရှိဂေါပကတဖွဲ့လုံး ဖျက်သိမ်း
ခံရအောင် မဟုတ်မမှန်သတင်းဖြန့်ဝေခြင်း၊ ဂုဏ်သိက္ခာညှိးနွမ်းစေသည့် ရည်ရွယ်ချက်ဖြင့် Internet- Facebook- Website တို့တွင် ၀ါဒဖြန့်နေခြင်းသည် လုပ်ကြံ
ဖန်တီးမှုတရပ်သာ ဖြစ်ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ အများသူငါ သိရှိအောင် အသိပေးဖော်ပြရခြင်းဖြစ်ပါသည်။

                                                                      ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့

No comments:

Post a Comment