Friday, September 27, 2013

လူသက်တရားခံအား ယနေ့အချိန်ထိ မုပွန်ရဲစခန်းမှ မဖော်ထုတ်နိုင်သေးသည့်ဖြစ်ရပ်




လွန်ခဲ့သော ၁၉၊ ၅၊ ၂၀၁၃ ရက်နေ့ နံနက်(၆)နာရီကျော်အချိန်ခန့်တွင် မော်လမြိုင်မြို့၊ သိရိမင်္ဂလာရပ်ကွက်၊ (၁၇)လမ်း၊ အမှတ်(၈၂၆) နေ
အဖဦးစိုးသိန်း၏ သားဖြစ်သူ ကျော်နိုင်(ခ)ဂျိုကာ၊ အသက်(၃၃)နှစ်မှာ ရုပ်ပျက်ဆင်းပျက်ရက်ရက်စက်စက် သက်ဖြတ်ခံထားရသည့် ဒဏ်ရားများဖြင့်
မီးရထားလမ်းပေါ်တွင် မရှုမလှသေဆုံးခဲ့ရသော်လည်း ယနေ့အချိန်ထိ မုပွန်ရဲစခန်းမှ လူသက်တရားခံကို မဖော်ထုတ်နိုင်သေးကြောင်း မိသားစုဝင်တစ်ဥိး
၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူ ကျော်နိုင်(ခ)ဂျိုကာ၏ ကိုယ်ပေါ်တွင်ရရှိထားသောဒဏ်ရာများမှာ မီးရထားကြိတ်ခံထားရသည့်ဒဏ်ရာများမဟုတ်ပဲ ထုထောင်းခံထားရသည့်
ဒဏ်ရာများနှင့် ချွန်ထက်လက်နက်အသုံးပြု၍ နောက်စေ့အားထိုးသွင်းထားသည့် ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ မုပွန်ရဲစခန်းမှ သေမှုသေခင်း
ဖြင့်အမှုဖွင့်ထားပြီး မူခင်းဆရာဝန်၏ ဆေးမှတ်တမ်းအရ လူသတ်မှုပြန်ပြောင်းအမှုဖွင့်ခဲ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်မာဇံမှ DGS online မိဒီယာသို့ ပြောကြား
ခဲ့သည်။
ဖြစ်စဉ်မှာ ၁၉၊ ၅၊ ၂၀၁၃ ရက်နေ့ ညတွင် သီရိမင်္ဂလာ(၁၇)လမ်းထိပ်၊ ဇရပ်တဲတစ်ခုအတွင်း ကျော်နိုင်(ခ)ဂျိုကာနှင့်အာလီဆိုသူတို့ထိုင်နေစဉ် မောင်ဇံဆိုသူ
ရောက်ရှိလာပြီး ရန်စစိန်ခေါ်မှုများပြုလုပ်ပြီး ပြန်သွားခဲ့သည်။၊ ထို့နောက် ကျော်နိုင်(ခ)ဂျိုကာသည်လည်း အိမ်ပြန်လာပြီး အမေဖြစ်သူထံမှပိုက်ဆံတောင်းကာ ဇရပ်တဲသို့ပြန်သွားခဲ့ခြင်း
ဖြစ်သည်။ ယင်းဇရပ်ထဲတွင် အာလီဆိုသူနှင့်ထပ်မံတွေ့ရှိပြီး ကျော်နိုင်(ခ)ဂျိုကာမှ အလေးသွားမည်ဟုပြောကာ ရထားလမ်းဘက်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ပြီးနောက်
(၁၉၊ ၅၊ ၂၀၁၃)ရက်နေ့ နံနက်(၆း၀၀)နာရီကျော်ခန့်တွင် ကျော်နိုင်(ခ)ဂျိုကာမှာ ရထားလမ်းပေါ်တွင် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့် မရှုမလှသေဆုံးနေရသည်ကို ဒေသခံတစ်ဥိးမှ
သတင်းလာပေးသဖြင့် သေဆုံးသူ၏ မိသားစုဝင်များက အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး မုပွန်ရဲစခန်းတွင်  (ပ)၇၇/၂၀၁၃၊ ပုဒ်မ-၃၀၂၊ ပြစ်မှုကြီးအမှတ်စဉ် ၂/၂၀၁၃ ဖြင့် အမှုဖွင့်ထားသော်လည်း အမှုနှင့်ဆက်ဆက်သူများကို အပြုသဘောသာ စစ်ဆေး
မေးမြန်းပြီး ယနေ့အချိန်ထိ လူသက်တရားခံအား ဖော်ထုတ်အရေးယူပေးခြင်းမရှိသည့်အတွက် နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိရှိအောင် မီဒီယာမှတဆင့် တင်ပြရခြင်းဖြစ်သည်။

သေဆုံးသူ ကျော်နိုင်(ခ)ဂျိုကာ၏ မိခင်ဖြစ်သူ ဒေါ်မာဇံနှင့်ဆက်သွယ်ရန်ဖုန်း- ၀၉၄၂၅၂၆၂၉၆၂

GDS

No comments:

Post a Comment