Wednesday, October 16, 2013

တိုင်းရင်းသားမွန်လူမျိုး(၁၀)ဦး၏ သိမ်းဆည်းခံမြေနေရာ အစားထိုးပြန်လည်ရရှိရေး စုံခုံဖွဲ့ပြီးသော်လည်း ယနေ့အချိန်ထိမစစ်ဆေးသေး


အောက်တိုဘာ ၁၆

ပဲခူးမြို့၊ အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေယာဉ်ကွင်းဧရိယာနှင့်မလွတ်ကင်းသည့် နွားတဲကုန်းကျေးရွာတွင် နေထိုင်သော မိသားစုဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
မှ မြေနေရာအစားထိုးအဖြင့် ပေ၂၅×ပေ၄၀တစ်ကွက်၊ ပြောင်းရွေ့စရိတ် ငွေတစ်သိန်းကျပ်၊ ဆီးတစ်ပုံး၊ ဆန်တစ်အိပ်ပေးပြီး ဥဿာမြို့သစ်၊ မြေတိုင်း၂၄၊ သီးသန့်စံပြကွက်သစ်
သို့ ပြောင်းလဲနေရာချထားပေးခဲ့ရာတွင် ရာအိမ်မှူး ဦးလှိုင်ထွန်း(ကုလားလူမျိုး)၊ အုပ်ချုပ်ရေးမှူး ဦးချစ်ရွှေတို့၏ ချယ်လှယ်မှုကြောင့် မွန်တိုင်းရင်းသား(၁၀)ဦး အပါအ၀င် မိသာစုဝင်
(၃၀)ခန့်မြေနေရာမရှိခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်းတိုင်းရင်းသားလူမျိုး(၁၀)ဦးမှ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီးသို့ ၄င်းတို့ရပိုင်ခွင့်ရှိသော အစားထိုးမြေနေရာ ပြန်လည်ရရှိရန်
အကူအညီတောင်းခံခဲ့သည်။ ၂၀၁၃ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မွန်းတိုင်းရင်းသားလူမျိုး(၁၀)၏ လက်မှတ်ဖြင့် ၄င်းတို့ရပိုင်းခွင့်ရှိသော အစားထိုးမြေနေရာများချထားပေးရန်
တောင်ဆိုတင်ပြခဲ့ကြသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီးမှ ဦးညိုလင်းမောင် ဦးဆောင်သောအဖွဲ့သည် ယခင်နွားတဲ့ကုန်းကျေးရွာတွင်နေထိုင်
သော ဒေသခံများနှင့် ရပ်မိရပ်ဖများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ မွန်းတိုင်းရင်းသားလူမျိုး(၁၀)ဦးမှာ ၄င်းရွာတွင် အမှန်တကယ်နေထိုင်ကြသူများဖြစ်ကြပြီး ရာအိမ်မှူး ဦးလှိုင်ထွန်း(ကုလားလူမျိုး)နှင့် ကျေးရွာအုပ်ချုပ်
ရေးမှူး ဦးချစ်ဆွေတို့မှ စာရင်းပယ်ဖျက်ပြီး ကျေးရွာအတွင်းနေထိုင်ခြင်းမရှိသော အခြားသူများ၏ အမည်စာရင်းများအစားထိုးခဲ့သည့်အတွက် ယခုကဲ့သို့ကျန်ရှိနေခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော
အစားထိုးမြေနေရာများ ရသင့်ရထိုက်သည့်သူများဖြစ်ကြောင်း ပြောကြားသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးညိုလင်းမောင်မှ တိုင်းရင်းသားမွန်လူမျိုး(၁၀)ဦး၏ အစားထိုးမြေနေရာရရှိရေးနှင့်ပတ်သက်ပြီး ပြန်လည်စီစစ်ပေးရန်
ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့ထံသို့ တင်ပြခဲ့သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍စီစစ်ရန်ညွန်ကြားခဲ့သည်။ သို့သော် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်းရေးဦးစီးဌာနမှ စုံခုံဖွဲ့ပေး
လိုက်ပြီဟု တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သော်လည်း ယနေ့အချိန်ထိ နွာတဲကုန်းကျေးရွာတွင်ကျန်ရှိသောနေသာ မွန်တိုင်းရင်းသားလူမျိုး(၁၀)ဦးနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း၊ ခေါ်ယူစစ်ဆေးခြင်းများ မပြုလုပ်သေးကြောင်း သိရှိရသည်။

အမှန်တရားဖော်ထုတ်ရေးအဖွဲ့

No comments:

Post a Comment