Friday, September 20, 2013

အခြေခံဥပဒေကို ဖျက်ပြီးပြင်မှရမယ်လို့ပြောနေခြင်းက အခြေခံဥပဒေနားမလည်ဘဲ နိုင်ငံရေးပါးမ၀တာလို့ပြောတဲ့ ဦးသိန်းညွှန့် နှင့်တွေ့ဆုံခြင်း

 
အမျိုးသားဒီမိုကရေစီပါတီသစ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍အရပ် ဖက်လူ့အဖွဲ့အစည်းများမှအခြေခံ ဥပဒေကို ပြင်ဆင်ပြီးသော်လည်းချို့ယွင်းချက်များရှိနေနိုင်သေးသည့် အတွက် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပြီးပြင်မှ သာ ပြီးပြည့်စုံနိုင်မည်ဟူသော အမြင်များနှင့်ပတ်သက်၍ အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော် အတွင်း အဘအနေနဲ့ ဘယ်လို ဥပဒေတွေကို ပြင်ဆင်ဖြည့်စွက် ဖို့ စီစဉ်ဆောင်ရွက်နေပါသလဲ အဘ။

လောလောဆယ်တော့၁၀၉ ဦးကော်မတီမှာပါတယ်။ ပထမ အကြိမ်ခေါ်တဲ့ အစည်းအဝေးမှာ စကားတစ်လုံးမှ မပြောဘူး။ ဒုတိယအကြိမ်ခေါ်တဲ့အစည်း အဝေးမှာတော့စကားပြောမှာ ပေါ့။ ဘာဆောင်ရွက်ရမလဲဆို တာ ယေဘုယျပြောရရင်တော့ ဖြစ်နိုင်ခြေကို လုပ်မယ်။ နိုင်ငံရေး ဆိုတာဖြစ်နိုင်ခြေရှိတာကို လုပ်ရ တာ။သေချာပေါက်ပြောနိုင်တာ ကတော့ အခုကျွန်တော်ရန်ကုန် တိုင်း(မ်)မှာလည်း ဆောင်းပါးရေး နေတယ်။ အခြေခံဥပဒေကို ပြင် လို့ပဲရမယ်။ ဖျက်ပြီးအသစ်ပြန်ဆွဲလို့မရဘူး။ ဒီအခြေခံဥပဒေအပါ အ၀င် (၄၇၊ ၇၄၊ ၂၀၀၈)အားလုံး မှာ အခြေခံဥပဒေအာဏာတည် ရေးပဲပါတယ်။ အခြေခံဥပဒေကို ဖျက်သိမ်းနိုင်တယ်ဆိုတာ မပါ ဘူး။အဲတော့ ဖျက်သိမ်းနိုင်တာ မပါတဲ့အပေါ် လူထုကို လွဲလွဲ မှားမှားမျှော်လင့်ချက်ပေးတာကို ကျွန်တော်မလုပ်ချင်ဘူး။ ဖြစ်နိုင် တဲ့ဟာ ကျွန်တော်ဘာလုပ်မလဲ ဆိုရင်အခုသူတို့လုပ်ငန်းထဲမှာ သတ်မှတ်ထားတဲ့ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ကျေးရွာအုပ် ချုပ်ရေးမှူးတွေကို လွှတ်တော် ကိုယ်စားလှယ်ရွေးသလိုသက်ဆိုင် ရာမြို့နယ်ကပဲ မဲနှိုက်ရွေးမယ်။ ဒီအတိုင်းပဲ ခရိုင်အုပ်ချုပ်ရေးမှူး တွေကို သက်ဆိုင်ရာမဲဆန္ဒနယ် က မဲနှိုက်ရွေးမယ်။ တိုင်းအုပ်ချုပ် ရေးမှူးတွေကတော့ တိုင်းဒေသ ကြီးနဲ့ပြည်နယ်အစိုးရမှာ သူတို့ က အတွင်းရေးမှူးအဖြစ်ပါနေပြီ ပဲ။ အဲဒီလိုပဲ ဖြစ်သွားလိမ့်မယ်။ အဲဒီလိုရွေးလိုက်ရင် ဘာဖြစ်မလဲ ဆိုတော့ အခုကျွန်တော်တို့ကတိုင်းရင်းသားတွေကို ပြောတယ်။ မင်းတို့ဒေသမင်းတို့ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိရမယ်။ တန်းတူညီမှုရှိရမယ်။ ဒီစကားလုံးက အင်မတန်အရေး ကြီးတယ်။ အဲဒီတော့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်လို့ပြောပြီးတော့ မြို့ နယ်အုပ်ချုပ်ရေးမှူးတို့၊ ခရိုင် အုပ်ချုပ်ရေးမှူးတို့ကို အခုလိုပဲ စနစ်နဲ့ ပြည်မကလူတွေကိုပို့မယ်။ ဗဟိုအစိုးရက လူတွေကိုပို့မယ်ဆိုရင် သက်ဆိုင်ရာဒေသက သက်ဆိုင်ရာကို ဘယ်မှာအုပ်ချုပ် လို့ရမလဲ။ အဲတော့ ဒီအပတ် အခြေခံဥပဒေပြင်တဲ့အခါမှာ ဒီမို ကရေစီအုပ်ချုပ်ရေးပေါ်ပေါက်ဖို့ အတွက်မြို့နယ်၊ ကျေးရွာ၊ ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကို လူထုက တိုက်ရိုက်ရွေးမယ်။ အမေရိကန်မှာဆိုရင် မြို့တော်ဝန် တို့၊ ဘုရင်ခံတို့ရွေးသလိုပေါ့။ အဲဒီပုံစံမျိုးဖြစ်ဖို့အတွက် နံပါတ် (၁) ကြိုးစားမယ်။ နံပါတ် (၂)က သူ့ လုပ်ငန်းထဲမှာကို တရားစီရင်ရေး စည်းမျဉ်းနဲ့ ပတ်သက်ပြီး ပြုပြင် ဖို့ပါတဲ့အတွက် အဲဒီအပေါ်မှာမူတည်ပြီး အခြေခံဥပဒေရဲ့ တရားစီရင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်လွှတ်တော်မှာပြောခဲ့ တာနဲ့ပတ်သက်ပြီး တရားရေး ၀န်ကြီးဌာနက ပြန်ဖြေတာကို အခြေခံဥပဒေမှာပြင်ဆင်ချက် တင်မယ်။ အဲဒီ (၂) ချက်လောက် ပဲကျွန်တော် ပြောနိုင်ဦးမယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုက်ပြီးပြီဆိုရင်ကော ပြီး ပြည့်စုံပြီးဒီမိုကရေစီကျတဲ့အခြေခံ ဥပဒေတစ်ခုဖြစ်လာနိုင်ပါသလား အဘ။

အဲဒါကတော့ တစ်လုံးပဲ ပြောမယ်။ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာ။ နှစ် ပေါင်း (၂၇၀) ကျော်မှာ အခုမှ ပြင်ဆင်ချက် (၂၆) ခုပဲရှိသေး တယ်။အမေရိကန်တွေဟာ တို့ ထက်ကို လျော့ရဲနေသေးတယ်။ ဒါပေမဲ့ သူတို့ တစ်ဆတစ်ဆ ပြင် ရင်းနဲ့ဒီနေ့အမေရိကန်ပြည်ထောင် စုရဲ့ဖွဲ့စည်းပုံဟာ ဒီမိုကရေစီနိုင်ငံအားလုံးက စံထားလေ့လာရ တယ်။ သို့သော် မမေ့ဖို့က နှစ် ပေါင်း (၂၇၀) ကျော်ပဲ။ အခုတို့ လုပ်နိုင်တယ်ဆိုတာကို လုပ်နိုင် တဲ့ သက်တမ်းထဲမှာ ကောင်းတဲ့ ခြေလှမ်း(၁) လှမ်းကို စတင်ပြီး လှမ်းပေးလိုက်တာပဲ။ ဒါသည် နောင်လူတွေ ဆက်လုပ်ကြရမှာ ပါ။

အများကဆိုကြတယ်။ ဥပဒေကဆိုတာ စာရွက်ပေါ်မှာ ပဲရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး တော့ အဘရဲ့ အမြင်လေးပြော ပြပေးပါအဘ။

အဲဒီဥပဒေက စာရွက်ပေါ် မှာရှိတာကို လက်တွေ့ကျအောင် လုပ်ရမှာကတော့ လွှတ်တော် ကိုယ်စားလှယ်တွေကော ပြည်သူ တွေကော အားလုံးမှာ တာဝန်ရှိ ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေခံဥပဒေ ကို ပြီးပြည့်စုံပြီး ဒီမို့ကရေစီကျ တဲ့ အခြေခံဥပဒေဖြစ်ဖို့အတွက် ကို ဘယ်လိုပုံစံမျိုးပြုပြင်သင့် တယ်လို့ မြင်ပါသလဲအဘ။
ရှေ့တို့တိုင်းပြည်မှာ သွား မယ့်ခရီး၊ အခြေခံဥပဒေကိစ်္စပဲ ဖြစ်ဖြစ်၊ တိုင်းပြည်ရဲ့ပြန်လည် ထူထောင်ပေးနိုင်တယ်ဆိုရင်တို့ တိုင်းပြည်က (၁) အမျိုးသားပြန်လည်သင့်မြတ်ရေးတစ်ရပ်ဖြစ် တယ်။ အမျိုးသားပြန်လည်သင့် မြတ်ရေးလို့ပြောရင် အမျိုးသား အင်အားစု (၃)စု၊ နိုင်ငံရေးခေါင်း ဆောင်တွေရယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေရယ်၊ တပ်မ တော်ခေါင်းဆောင်တွေရယ်။အဲဒီ လူတွေရဲ့ ညီညွတ်မှုဘုံသဘော တူညီချက်ရဖို့လိုတယ်။ ဘုံ သဘောတူညီချက်မရမချင်းတော့ (၁)လက်မတောင် ရွေ့မှာမဟုတ် ဘူး။

တိုင်းရင်းသားပါတီအချို့နဲ့ နိုင်ငံခြားကပြန်ဝင်လာသူတွေ ပြောသလိုဖွဲ့စည်းပုံအခြေခံဥပဒေ ကို အပြင်မှာပဲ အသစ်ရေးဆွဲပြီး မှ အစိုးရနဲ့လူထုကို တင်ပြမယ် ဆိုတဲ့ကိစ်္စအပေါ်အဘရဲ့ အမြင် လေးပြောပြပေးပါအဘ။

နိုင်ငံခြားကလူတွေပြော တာကတော့ သူတို့သဘောထား တွေကို သူတို့ပြောနေကြတာပဲ။ ပြောပိုင်ခွင့်ရှိတာပဲ။ လက်တွေ့ မှာကတော့ ဒီအခြေခံဥပဒေနဲ့ ပတ်သက်ပြီးအပြီးပြတ်ဆုံးဖြတ် ပေးမှာကတော့ ပြည်ထောင်စု လွှတ်တော်ပဲ။ ပြည်ထောင်စု လွှတ်တော်ကပဲ ပြင်နိုင်မှာပါ။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပြောရင်ဖက်ဒရယ်ဆိုတာဘာလဲ။ ဖက်ဒ ရယ်ဆိုတဲ့မူဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ပညာရှင် တွေဖွဲ့ထားတာ။ အစိုးရ (၂) ရပ် ရှိရမယ်။ နံပါတ်(၁) က ဗဟိုအစိုးရရှိသလို၊ ပြည်နယ်အစိုးရ (သို့မဟုတ်) ဒေသဆိုင်ရာ အစိုးရ တွေရှိရမယ်။ နံပါတ် (၂) ဒီဟာနဲ့ ပတ်သက်လို့ အငြင်းပွားလို့ရှိရင် စစ်ဆေးနိုင်မဲ့ နည်းလမ်းရှိရမယ်။အခြေခံဥပဒေရှိရမယ်။ နံပါတ် (၃) အာဏာခွဲဝေထားရမယ်။ ဗဟိုရဲ့အာဏာကဘာ၊ ဒေသရဲ့ အာဏာကဘာဆိုတာခွဲဝေထား ရမယ်။ အဲတော့ ကျန်တဲ့အချက် ကိုတစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေတစ်ပိုင်းထား။ အခု (၂၀၀၈) ဖွဲကစည်းပုံအခြေခံ ဥပဒေမှာ အစိုးရ (၂) ရပ်မရှိဘူး လား။ ပြီးရင် အာဏာမခွဲဝေထားဘူးလား။ ပြီးရင် အငြင်းပွားရင် ဖြေရှင်းနိုင်မဲ့ အခြေခံဥပဒေခုံရုံး ရှိလားမရှိဘူးလား။ အဲဒါကြောင့် အဲဒီအခြေခံကို မူတည်ပြီးတော့ ရှေ့ကိုပိုပြီးပြည့်စုံအောင် ဘယ် လိုလုပ်ကြမလဲ။ အထူးသဖြင့် ပြည်နယ်တွေရဲ့ ၀န်ကြီးချုပ်၊ တိုင်းဒေသ၀န်ကြီးချုပ်တွေကို သမ်္မတကခန့်မယ့်အစားပြည်နယ် လွှတ်တော်တိုင်းဒေသလွှတ်တော် တွေက၀န်ကြီးချုပ်ရွေးချယ်နိုင် တဲ့ အဆင့်မျိုးဖြစ်လာအောင် တို့ နိုင်ငံရေးခြေလှမ်းကို မှန်မှန်လှမ်း ရမယ်။ လိုချင်တာက တို့ရာနှုန်း (၁၀၀) ပဲ။ တို့အခုဆို (၂၅) နှစ် ဖြတ်ခဲ့ပြီးပြီပဲ။တို့တွေကနိုင်ငံရေး အမျှော်အမြင်ရှိရင် (၉၀) ခုနှစ် တုန်းက တို့လက်ခံလိုက်ရင် အဲဒီ ထဲက အခြေခံဥပဒေကို တို့ဆွဲရ မှာပဲ။ တို့ကိုတိုင်းအမျိုးသားညီ လာခံကိုတက်ခဲ့တဲ့အခါမှာ နှစ် (၉၀) ရဲ့ အပိုဒ် (၂၀) ကို ပြန်ရဖို့ တို့ကိုယ်တိုင်ပတ်ပြေးနေရတဲ့ ဘ၀ရောက်ပြီးပြီ။ အခုလည်း ဒီ အခြေခံဥပဒေကို သူတို့ (၁၄) နှစ်လောက်အချိန်ယူပြီးဆွဲထား တယ်။ အဲဒီလို အချိန်ယူပြီးဆွဲ ထားတာကြီးကို လွယ်လင့်တကူ သူတို့က ဖျက်ပြီးတော့ အသစ် ပြန်ဆွဲပါ့မလား။ အဲလောက်မှလက်တွေ့အစစ်အမှန်တရားကို နားမလည်ရင် ရှေ့မှာ အဲဒီနိုင်ငံ ရေးသမားတွေဟာ ဘယ်လို နိုင်ငံရေးသမားတွေဖြစ်လာမလဲ ဆိုတာ အချိန်ကဆုံးဖြတ်ပါလိမ့် မယ်။

အရပ်ဘက်လူ့အဖွဲ့အစည်း တချို့ကပြောနေတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တယ် ဆိုရင်လည်း အာနည်းချက်တွေ ရှိနေဦးမှာပဲ။ လုံးဝပြီးပြည့်စုံဖို့က ဖျက်ပြီးအသစ်ပြန်ရေးဆွဲမှရမယ် ဆိုတဲ့ စကားသံတွေအပေါ်အဘ ရဲ့ အမြင်လေးပြောပြပေးပါ အဘ။

ဒီကိစ္စနဲ့ပတ်သက်ပြီးနောက် ဆုံးအနေနဲ့ ကျွန်တော်ပြောချင် တာက ဒါဟာ (၁) အခြေခံ ဥပဒေကို နားလည်ဘူး။ (၂) နိုင်ငံ ရေးပါးမ၀ဘူးလို့ပဲ ပြောချင်ပါ တယ်။

ညီညီအောင်
http://www.hotnewsweekly.com/interview/365

No comments:

Post a Comment