Friday, September 6, 2013

သုဿန်မြေပျောက်ဆုံးလုဖြစ်နေသော ပြည်သူများအတွက် ပြည်သူနဲ့တသားတည်း ရပ်တည်နေသော (NDF)ပါတီ၏ ဆောင်ရွက်ချက်



    အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးညိုလင်းမောင် ဦးဆောင်သောအဖွဲ့သည် ပဲခူးမြို့၊
ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈)၊ နယ်မြေ (၁၀)အတွင်း တည်ရှိသော သုဿန်မြေအား လုပ်ငန်းရှင်အချို့မှ ခြံစည်းရိုးများကာရံထားရှိမှုနှင့်ပတ်သက်
ပြီး ဒေသခံပြည်သူများ၏ အကူအညီတောင်းချက်အရ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့က သွားရောက်လေ့လာစုံစမ်းခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါသုဿန်မြေသည် ၂၀၁၂ ခုနှစ် အစပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးစိုက်ပျိုးဇုန်နှင့် ပြည်းတွင်းစိုက်ပျိုးဇုန်အဖြစ် စီမံကိန်းအကောင်
အထည်ဖော်ခဲ့ရာမှ ပြောင်းရွေ့ပေးခဲ့ရသော သုဿန်မြေအသစ်ဖြစ်သည်။ ယင်းသုဿန်မြေအား တရားဝင်သုဿန်မြေဖြစ်အောင် လျှောက်ထားပေးရန် ပဲခူးခရိုင်းအုပ်
ချုပ်ရေးမှူးမှ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အား ညွန်ကြားထားပြီး ဖြစ်သည်။ ယခုလို လုပ်ငန်းရှင်အချို့မှ သုဿန်မြေအတွင်း ခြံစည်းရိုးများလာရောက်ကာရံနေသဖြင့်
ဒေသခံပြည်သူများ နာရေးဖြစ်ပေါ်ပါက အသစ်ချထားပေးသော သင်္ချိုင်းမြေအတွင်း အသုဘအလောင်းမြေချရန် အခက်အခဲဖြစ်ပေါ်နေသည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရ
အဖွဲ့ထံသို့ တင်ပြပေးရန် (NDF)ပါတီအား အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
    အချင်းဖြစ်သုဿန်မြေနှင့်ပတ်သက်၍ စက်တင်ဘာလ(၅)ရက်နေ့တွင် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်မှုဆောင်အရာရှိ  ဦးမိုးကျော်ထံသို့
(NDF)ပါတီမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ " ကျွန်တော်တို့ကို ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားဝင် သင်္ချိုင်းမြေအဖြစ် လျှောက်ထားပေး
ရန် ညွန်ကြားထားတာကြာပြီ၊ ကျွန်တော်လည်း အလုပ်တွေများလို့ အခုထိမလျှောက်ရသေးဘူး၊ အဲဒီနေရာမှာတော့ အလောင်းမြေချနေတာတော့သိတယ်၊ ခြံစည်း
ရိုးတွေလာခက်နေတာကိုတော့ ကျွန်တော်မသိသေးဘူး၊ ဒေသခံတွေအနေနဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွန်တော်ဆီကို စာတင်ပေးပါ၊ သုဿန်မြေကို တရားဝင်ဖြစ်အောင်
ကျွန်တော် ဆက်လက်လုပ်ကိုင်ဆောင်ရွက်ပေးပါမယ် '' ဟု ပြောကြားသည်။

GS(ပဲခူး)

No comments:

Post a Comment