Monday, November 25, 2013

ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို

Photo: ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို
Friday, 22 November 2013 23:04 သျှမ်းသံတော်ဆင့်
E-mail Print

နိုဝင်ဘာ ၂၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပသော မြန်မာငြိမ်းချမ်းရေးစင်တာနှင့်နိုင်ငံရေးပါတီများတိုင်း
ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတိုးတက်အောင်မြင်မှု ပိုမိုရရှိလာကြောင်း SNLD မှ စိုင်းညွန့်လွင်ကပြောပါသည်။

alt

ချင်းမိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ

“ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ဒီတခေါက် တွေ့ဆုံခွင့်ရတာ အကျိုးရှိပါတယ်။ တခြားပါတီဆိုရင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ မတွေ့ဖူးသေးဘူး။ မဆွေးနွေးဖူသေး ဘူး။ ဒီဆွေးနွေးပွဲမှာ လာတွေ့ရတော့ တိုင်းရင်းသားတွေ ဘာကြောင့်လက်နက်ကိုင်တိုက်ပွဲ
ဝင်နေရသလဲဆိုတာသူတို့သိသွားတယ်။ ဆိုတော့တဖြည်းဖြည်းနဲ့ အောင်မြင်မှုရလာတယ်လို့ဆိုရပါမယ် ”
ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center ၏ ဖိတ်ခေါ်မှုကြောင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ
၁၁ ခုနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ တွေ့ဆုံမှုကို ချင်းမိုင်မြို့ ရှိတ်အစ်စထားနားဟိုတယ်
တွင် ယနေ့နံနက် ၉ နာရီမှ မွန်းတည့်အထိ ပြုလုပ်ခဲ့ပါသည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဦးတည်ဆွေးနွေးခဲ့ ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့်ခေါင်းဆောင်များက ပြောပါသည်။

“ ပြည်တွင်းထဲက နိုင်ငံရေးပါတီတွေစဉ်းစားချက်နဲ့ ကျနော်တို့ဒီကစဉ်းစားချက်တွေကို အမြင်ချင်းဖလှယ်
ကြတယ်။ အဓိကကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးကြပါတယ်။အဲတာတွေကတော့ ငြိမ်းချမ်းရေးဘယ်လိုရှိသလဲ၊ ငြိမ်းချမ်းရေးကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အဖြေရှာဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲ ရှိဖို့လိုအပ်တယ်။စတာတွေဆွေးနွေးပါတယ်။ နားလည်မှုပိုမိုရရှိလာတယ်လို့ဆိုရပါမယ် ” ဟုသျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှ က ပြောပါသည်။

ငြိမ်းချမ်းရေးတည်ဆောက်နေချိန် တနိုင်ငံလုံးအပစ်ရပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် တဖက်ကလည်း ကချင် ပြည်နယ်တွင်တိုက်ပွဲများ ဖြစ်ပွါးနေသည့်အပေါ် စိုင်းညွန့်လွင်က ဤကဲ့သို့ သုံးသပ်ပါသည်။

“တိုက်ပွဲကတော့ ချက်ချင်းရပ်တန့်လို့ ရဦးမှာမဟုတ်ပါဘူး။ ရင်ဆိုင်တိုက်ပွဲတွေတော့ ဖြစ်နေဦးမှာဘဲ ။ ဒီတိုက်ပွဲတွေ ကြောင့်လဲ ဒေသခံလူထု တော်တော်လေး အခက်အခဲရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၂ ဦး၂
ဘက်စလုံးကတော့ တိုက်ပွဲ တွေဆင်နွဲနေပေမယ့် ငြိမ်းချမ်းရေးကိုတော့ မထိခိုက်စေရပါဘူးလို့သဘော
တူညီချက်တွေ ဝန်ခံကတိတွေပေး ထားရပါ တယ်” ဟု ဆိုပါသည်။

အစိုးရနှင့် နိုင်ငံရေးပါတီများ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ယခုတွေ့ဆုံပွဲသည် ပထမဆုံး
အကြိမ် ပြည်ပ တွေ့ဆုံပွဲဖြစ်ပြီး ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ခုပါဝင်ပါသည်။ သို့သော် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးအသင်းက တက်ရောက်ခြင်းမရှိခဲ့ပေ။

copy from သျှမ်းသံတော်ဆင့်

No comments:

Post a Comment