Sunday, September 15, 2013

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့်ပတ်သက်၍ အင်တာနက်သတင်း မှန်ကန်မှုမရှိကြောင်း ဂေါပကအဖွဲ့ပြောဆို


        သက်တမ်း(၃)လမျှသာရှိသေးသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်
ဂေါပက(၁၅)ဦးပါအဖွဲ့နှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာအချို့တွင် ပုဂ်ဂိုလ်
ရေးထိခိုက်သည့် ရေးသားဖော်ပြချက်များသည် မှန်ကန်မှုမရှိကြောင်း
ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးမှ သတင်းမီဒီယာများအား
စက်တင်ဘာလ(၁၂)ရက်နေ့တွင် ကျိုက်
ထီးရိုးသမိုင်းပြတိုက်  ပြောကြားခဲ့သည်။
        ဖြစ်စဉ်မှာ ယနေ့တာဝန်ထမ်းဆောင်လျှက်ရှိသည့်
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင်များသည် သက်မှတ်ထားသည့်
အရည်အချင်းများနှင့်
ပြည့်မှီပြီး အများပြည်သူများ၏ ဆန္ဒဖြင့် ဒီမိုကရေစီကျကျ မဲစနစ်ဖြင့်
ရွေးချယ်တင်မြှောက်ထားသူများဖြစ်သည့်အပြင် သြ၀ါဒဆရာတော်ကြီးများမှ
အသိအမှတ်ပြုထားသူများဖြစ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ
တရားဝင်ခန့်အပ်တာဝန်ပေးထားသူများဖြစ်သည်။
ဈေးသူဈေးသားများနှင့်ဈေးသာယာရေး
ကော်မတီများ၏ ကြည်ညိုလေးစားခြင်းခံရသူများလည်းဖြစ်သည်။
        '' ဦးတို့(၁၅)ဦးအနေဖြင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး
အဖက်ဖက်က ဘက်စုံဖွံ့ဖြိုးတိုးတတ်ရန်
အစွမ်းကုန်တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်နေတာ သက်တမ်း(၃)လမျှ
သာ ရှိသေးတယ်။ ဂေါပကအဖွဲ့ဝင်ဖြစ်ချင်သူများဟု ယူဆရသော လူအချို့အပါအ၀င် အပေါင်း
အပါချို့၏ မနာလိုမရှုစိတ်နိုင်ဘဲ '' မင်းသားကြီးမလုပ်ရလို့
ပန်းမကြီးထိုးခွဲ " စကားပုံလို အများဆန္ဒဖြင့် ပြန်လည်ရွေးချယ်ထားသော
လက်ရှိဂေါပကတဖွဲ့လုံးကို ဖျက်သိမ်း
ခံရအောင် မဟုတ်မမှန်သတင်းဖြန့်ဝေခြင်း၊ ဂုဏ်သိက္ခာညှိးနွမ်းစေသည့်
ရည်ရွယ်ချက်ဖြင့် Internet- Facebook- Website တို့တွင် ၀ါဒဖြန့်
လုပ်ကြံဖန်တီးမှုတရပ်သာ ဖြစ်တယ် "လို့
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
 
GS(ပဲခူး)

No comments:

Post a Comment