Sunday, November 3, 2013

NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပုံမှန်အစည်းအဝေး ကျင်းပ

 
 
၂-၁၁-၂၀၁၃ရက်နေ့ နံနက် ၁၀း၃၀နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒု-ဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်း၊ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်း ကျော်၊ အတွင်းရေးမှူး(၃) ဦးကျော်သူရ၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသော ဦးမြင့်ဖေ၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးကျော်အောင်၊ ဦးတိုးတိုး၊ ဦးမြင့်ဌေး၊ ဦးအောင်ဆန်း၊ ဦးအောင်ဇင်၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးထက်အောင်ကျော်၊ ဦးစိုးဦး၊ ဦးအေးမင်းထွန်း၊ ဦးမြင့်ဦး၊ ဦးခင်မောင်သန်း၊ ဦးကြီးမြင့်နှင့် ကရင်ပြည်နယ်စည်းရုံးရေးမှူး ဦးအောင်ဝင်းလှိုင် တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေက လက်ရှိနိုင်ငံရေးအခြေအနေများနှင
့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ပါတီရှေ့ဆက်သွားရမည့်လမ်းစဉ်များနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ဆောင်ရွက်နေမှု များနှင့် တိုင်းနှင့်ပြည်နယ်စည်းရုံးရေးကော်မတီအသီးသီးမှ တင်ပြချက်များအပေါ် သုံးသပ်ခြင်း၊ ပါတီစည်းရုံးရေး လုပ်ငန်းတိုးချဲ့ရန်နှင့် ၂၀၁၅ အတွက် ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရန် ကိစ္စ ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။ ကရင်ပြည်နယ်အတွင်း လယ်ယာမြေစုံစမ်းရေးကော်မရှင် သွားရောက်ခဲ့ခြင်းနှင့် NDFကရင်ပြည်နယ်စည်းရုံးရေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ်နေသော အခြေအ နေများနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးစိုးဝင်း၊ ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးအောင်ဇင် တို့က ရှင်းလင်းပြောကြားကြပြီး ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို ညနေ ၃း၃၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ဗဟိုအလုပ်မှုဆောင်အဖွဲ့၊ ရန်ကုန်။

No comments:

Post a Comment