နိုဝင်ဘာ
၂၃ မြတ်ညို(အလွတ်သတင်းထောက်)
မဟာချိုင် ခွန်ခုအရပ်တွင် နေထိုင်သည့် မော်တော်ဆိုင်ကယ်
အပို ပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံမှ အလုပ်သမားတစ်ဦး ညဘက် အချိန်ပို ဆင်း၍ အိမ်အပြန်
လမ်းတွင် အမည်မသိသူများ ရိုက်နှက်သဖြင့် ယမန်နေ့ က သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။

အသက် ၂၃ နှစ်အရွယ် မွန်အမျိုးသား မင်းချမ်းမွန်
ဆိုသူသည် ၂၀၁၃ ခု နိုဝင်ဘာ ၂၀ ရက်နေ့ညဥ့် ၁၁ နာရီခန့်က အလုပ်အတူတူ လုပ် သည့် ညီဖြစ်သူ အောင်မြင့်ဦး အား မိဘများ နေအိမ်သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီး
ပြန်သွားခဲ့စဉ် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။
ဖခင်ဖြစ်သူ
ဦးငွေဌေး က“၁၁ နာရီ မိနစ် ၅၀ လောက်မှာ ဆေးရုံ ကဖုန်းလာပါတယ်။ သားစီးသွား တဲ့ ဆိုင်ကယ်က
ကျနော်တို့နေတဲ့စွယ် ပါဟမ်းလမ်းထိပ်မှာ လဲနေတဲ့အတိုင်းပါပဲ။ ဦးခေါင်း၊လည်ပင်းနဲ့  မျက်နှာ
ရောင်ကိုင်းပြီး သတိလုံးဝမရခဲ့ဘူး။ စီဝိချိုင်၅ ဆေးရုံ မှာပဲ မနေ့က ဆုံးသွားပါတယ်”
ဟုပြောသည်။

ကိုမင်းချမ်းမွန် ၏ ကြွင်းကျန် ရုပ်ကလပ်အား ယနေ့ ညနေပိုင်းတွင်
မဟာချိုင် မြို့အစွန် ၀ပ်စလီမွန်ဘုန်းတော်ကြီး ကျောင်းတွင် သင်းဂြိုဟ်
မည်ဖြစ်သည်။
No comments:
Post a Comment