Sunday, December 1, 2013

စားကျက်မြေအား ဥပဒေမဲ့ ရောင်းချခြင်း


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၁၉)ပိုင်၊ မြို့ပြ (ပလပ်)တွင်ရှိသော စားကျက်မြေ ကွင်းအမှတ် (၂/ဃ) (၄)ဧကခန့်ရှိသော ပလပ်မြေကို ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၇)ကျောင်းလမ်းနေသူ စစ်မှုထမ်းဟောင်း ဦးစံတင်၊ စစ်မှုထမ်းဟောင်း ဗိုလ်ကြီး လှတင်ဦးနှင့်အတူ ကိုယ်ကျိုးစီးပွားအတွက် ဥပဒေမဲ့စွာ ခြံကွက်ဖော်ရောင်းချနေခြင်းဖြစ်ပါသည်။ (၄၀×၆၀)ပေ
အကွက်တစ်ကွက်အား ကျပ် (၁၅)သိန်းဖြင့် ရောင်းချနေခြင်းဖြစ်ပါသည်။ ထိုသို့ ဥပဒေမဲ့ ကိုယ်ကျိုးစီးပွားရှာနေမှုများအား ရပ်ကွက်ပြည်သူအပေါင်းမှ မနှစ်မြို့ကြပါ။ သက်ဆိုင်ရာ အုပ်ချုပ်ရေအဖွဲ့အစည်းများနှင့် ဌာနအသီးသီးသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပါ။ သို့ဖြစ်ပါသောကြောင့် နိုင်ငံတော်အကြီးအကဲများနှင့် တာဝန်ရှိသူအပေါင်းသိရှိပြီး အရေးယူဆောင်ရွက်ပေးနိုင်ရန် ဓာတ်ပုံနှင့်တကွ အသိပေးတင်ပြအပ်ပါသည်။ အချက်အလက်အပြည့်စုံသိရှိနိုင်ရန် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 လေးစားစွာဖြင့် 
ဦးတင်အေး (ဖုန်း) 0933357215

No comments:

Post a Comment