Saturday, September 14, 2013

“မြန်မာအလုပ်သမား ၁၁၀ ဦး အကူညီလိုအပ်နေ”



                      စက်တင်ဘာ ၁၃  ရက်  မြတ်ညို (အလွတ်သတင်းထောက်)
              ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ် တွင် ရှိသော  AEK  SUPACHOK ဆောက်လုပ်ရေးကုမ္ပဏီ တွင် ပန်းရံလုပ်နေကြသော   မြန်မာအလုပ် သမား  ၁၁၀ ဦးတို့ပြဿနာပြေလည်မှု မရရှိသေး   ကြောင်း သိရသည်။
             ယခင်ကာလများက၁၅ရက်တစ်ကြိမ်လုပ်ခ ရှင်းပေးေ သာ်     လည်း ယခုလုပ်အားရှင်းမပေးသည်မှာ တစ်လခွဲ တိုင်တိုင် ရှိလာပြီဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများအားလုံး တညီတ ညွတ် တည်း စက်တင် ဘာလ  ၇ ရက်နေ့ ကတည်းကအလုပ် မဆင်းပဲ နေခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများအားလုံးတို့မှာ ယာယီပတ်စပို့နှင့် ၀တ်ပါမစ်များလုပ်ထားကြပြီး ဇူလိုင်လကတည်း က ကျေထားပြီးဖြစ်ကြသည်။ အလုပ်ရှင်က အလုပ်မဆင်းပါက  ပုလိပ်ကိုဖမ်းခိုင်းမည်ဟုပြောဆိုပြီး ရေမီးဖြတ်ထားခဲ့သဖြင့် အလုပ်သမား များမှာ အခက်ကြုံခဲ့ကြရခြင်းဖြစ် သည်။
      ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့ MAT အဖွဲ့၏ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီးက  ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် အား အကြောင်းကြား လျှက် ပူးပေါင်းကူညီဆောင်ရွက်နေကြောင်း ပြောသည်။ နယ်မြေ အလုပ်သမား ၀န်ကြီးဌာန ဆ၀ါဒီကန်သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခြင်း တို့ကြောင့် ယမန်နေ့က အလုပ်သမား များထံသို့ ပတ်စပို့ ပေးအပ် ပြီး ဖြစ်သော်လည်း ၀တ်ပါမစ်ကိုမူ မပေးသေးပေ။ ထို့အပြင် လုပ်အားခတို့ကို လည်း စက်တင်ဘာ လ ၂၆ ရက်နေ့တွင်သာ ရှင်းပေမည်ဖြစ်ကြောင်းသိရသည်။
“အလုပ်သမားတွေ ထမင်းစားစရာမရှိဖြစ်နေတယ်။ အလုပ်သမား ၁၁၀ အတွက် ထမင်းနဲ့ ငါးသေတ္တာဗူးဖိုး တစ်ယောက်ကို တစ်နေ့ကို ဘတ်သုံးဆယ်နုန်း။ ဆိုတော့ အနည်းဆုံး တစ်နေ့ကို ဘတ် ၃၅၀၀ လိုအပ်နေ တယ်။ ဒါကြောင့် ကျနော်တို့ MAT အဖွဲ့က ဘတ်တစ်သောင်း ကူညီလိုက်တယ်။  အလုပ်သမားတွေကို ပတ်စပို့ပါ၊ ၀တ်ပါမစ်ပါသိမ်းထားတယ်။ ဒီကတည်းက အလုပ်သမားဥပဒေကို ချိုးဖေါက်နေပြီ၊ လုပ်အားခ ကို လည်းရှင်းမပေးဘူး။ ဦးကျော်ကျော်လွင် ကို ကျနော်က  ဥပဒေအတိုင်း ဖိဖိစီးစီ ပြောဖို့လုပ်ဖို့တိုက် တွန်း တော့လည်းမရဘူး။ ဖေါ်ရှိုးပဲ။ အလုပ်သမားတွေကိုလုပ် ခတော့အမြန်ပေးဖို့လိုတာပေါ့ မဟုတ်ရင် ဒီအလုပ် သမားတွေ ဘာနဲ့ စားမလဲ။ ဘာနဲ့ သွားမလဲ” ဟု ကိုခိုင်ကြီး ကပြောသည်။
           အလုပ်သမား စုစုပေါင်း (မ၂၄ဦး ကျား ၈၆ ဦး)တို့အနက်  ကိုယ်ဝန်ဆောင် မိခင်လောင်း၂ဦး၊ အသက်၂နှစ်အရွယ်ကလေးငယ်၂ဦးနှင့် ၄နှစ်ကလေးတစ်ဦးတို့လည်းရှိကြသည်။ ထို့အပြင် အသက် ၁၈ နှစ်အောက် ကျား၅ဦးနှင့် မတစ်ဦးတို့လည်းပါဝင်သည်။ လုပ်ငန်းရှင်ထံတွင် အလုပ်သမားတစ်ဦးစီ အနည်း ဆုံး ဘတ်ငွေ နှစ်ထောင်ကျော်မှ ကိုးထောင်ကျော်အထိရရန်ရှိသည်။ (စုစုပေါင်း ဘတ်ငွေ လေး သိန်းကျော် ) ကျန်နေကြောင်း အလုပ်သမားများကပြောသည်။
အလုပ်သမားများအတွက် ဆက်သွယ်ကူညီတောင်းခံနေသည့် မရည်မွန်ကျော် ကဒီနေ့ သမီးတို့ကို အပြင် ထွက်ရင် ပုလိပ်ဖမ်းမယ်ဆိုပြီး အလုပ်ဆိုဒ်ကို အစောင့်က သော့ခတ်ထားပါတယ်။ အပြင်မှာလည်း ပုလိပ် တွေ လမ်းတလျှောက် စောင့်နေတာကိုတွေ့ရပါတယ်။ တရားဝင်အလုပ်သမားတွေဖြစ်တဲ့ သမီးတို့ ဥပဒေ အတိုင်း အကာအကွယ်ရချင်တယ်။ ဥပဒေအတိုင်း အခွင့်အရေးတွေရချင်ပါတယ်။ သမီးတို့ဘက်က ဘာမှ မှားယွင်းထားတာမရှိပါဘူး” ဟုပြောသည်။
        ယခု ဆောက်လုပ်ဆဲ ၅ထပ်တိုက် အဆောက်အဦ၂လုံးမှာ ၂နှစ်နီးပါးကြာပြီဖြစ်သည်။ အလုပ်သမား များ အတွက်လုပ်အားခမှာ မိန်းကလေး တစ်ဦးလျှင် ၂၀၀ ဘတ်မှ ၂၃၀ဘတ်အထိနှင့် အမျိုးသားတစ်ဦးကို ၃၀၀ဘတ်မမှ ၃၄၀ အထိပေးသည်။  ယခင်တုန်းက ၁၅ ရက်တစ်ကြိမ်ရှင်းပေးပါသည်။ ရက်ပေါင်း ၅ ရက် ယူထားသဖြင့် ၂၁ ရက်နေ့ မှရှင်းပါသည်။ ကုမ္ပဏီမှ အလုပ်သမားများ အကြွေးစားနိုင်ရန်အတွက် စားကုန် ဆိုင် ဖွင့်ပေးထားပါသည်။ လုပ်အားခများရှင်းမပေးသဖြင့် ကမ္ဘောဒီယား အလုပ်၂၀ ဦးခန့်ရှိသေးသော် လည်း ၂၀ ဦးလောက်မှာ ပန်းရံ ဆိုဒ်မှ အခြားနေရာသို့ထွက်သွားပြီဖြစ်ပါသည်။
အလုပ်သမားများမှာ ထိုင်းနိုင်ငံ၏ အကြမ်းဖက်မှုထူးပြောသည့်နေရာဖြစ်သည်ကတစ်ကြောင်း၊ ရာချီရှိ သည့်အလုပ်သမားအရေးအတွက်တို့ကြောင့် ထိုင်းနှင့်မြန်မာအစိုးရတို့ ဂရုတစိုက် ကူညီဖြေရှင်းရမည်ဖြစ် သည့်အပြင် အခြားအဖွဲ့အစည်းတို့ကလည်း လုပ်အားခ မရမီစပ်ကြား အစားအစာများ ကျွေးမွေးစောင့် စ ရှောက်ပေးကြပါရန် MATအဖွဲ့က တိုက်တွန်းနှိုးဆော်လျှက်ရှိကြောင်း သိရှိရသည်။
 
Copy from http://goldenworkers.blogspot.com/

No comments:

Post a Comment