Tuesday, July 8, 2014

PR စနစ်ကို NLD နဲ့ ပါတီတွေ ကန့်ကွက်

 လွှတ်တော် ရွေးကောက်ပွဲ စနစ် အငြင်းပွား
 အမျိုးသား လွှတ်တော်မှာ အတည်ပြု ခဲ့တဲ့ ဆန္ဒမဲ အရေ အတွက် အရ အချိုးကျ အာဏာ ခွဲဝေတဲ့ PR စနစ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသား ပါတီ ၆ ခုက လက်မခံဘဲ လွှတ်တော် အတွင်း အပြင် ကန့်ကွက် သွားမယ်လို့ ဇူလိုင်လ ၅ ရက် က ဆုံးဖြတ် လိုက်ပါတယ်။
NLD နဲ့ မိတ်ဖက် ပါတီတွေ ဖြစ်တဲ့ ရှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ ၁၉၉ဝ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ စီအာပီပီ အဖွဲ့ဝင် တိုင်းရင်းသား ပါတီ ၆ခုနဲ့ ဆွေးနွေးပြီး ဆုံးဖြတ် ခဲ့တာပါ ။

သူတို့ ဆွေးနွေးပွဲမှာ ပီအာစနစ် အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အမျိုးသား အကျိုး စီးပွား အတွက် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဌ၊ ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ ဒေါ်အောင်ဆန်း စုကြည် လေးပွင့်ဆိုင် ဆွေးနွေးရေး ကိစ္စနဲ့ ရွေးကောက်ပွဲ ဥပဒေ ဆိုင်ရာ နည်းဥပဒေတွေ ကိုလည်း ဆွေးနွေး ခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

http://www.bbc.co.uk/burmese/burma/2014/07/140707_pr_6parties_rejected.shtml



No comments:

Post a Comment