Monday, July 7, 2014

ဒူဘိုင်းမြို့တော်တွင် ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာ တည်ဆောက်မည်

ဒူဘိုင်းစော်ဘွားရုံးကထုတ်ပြန်ခဲ့သည့်ပုံတွင် ၎င်းတို့တည်ဆောက်မည့် Mall of the World မြို့ပုံစံငယ်ကို တွေ့ရစဉ် (REUTERS)
ယူအေအီးနိုင်ငံ ဒူဘိုင်း ပြည်နယ် စော်ဘွား ရှိတ်မိုဟာ မက် ဘင်ရာရှစ် အယ်လ်မက် တောင်မ်သည် ၎င်း၏ ပြည်နယ် တွင် ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင် တာကြီးတစ်ခုပါဝင်သည့် ကမ္ဘာ့ အကြီးဆုံး အပူချိန်ထိန်းချုပ်ထား သော မြို့တော်ကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ကြေညာ လိုက်သည်။

နိုင်ငံပိုင်မီဒီယာ WAM သ တင်း ထုတ်ပြန်ချက်တွင် သဲ ကန္တာရအတွင်း အပူချိန်ထိန်းညှိ ထားသည့် ထိုမြို့တော် The Mall of the World မှာ အကျယ်အ၀န်း စတုရန်းပေ ၄၈ သန်း (၄,၄၅၈,၀၀၀ စတုရန်းမီတာ) ရှိမည်ဖြစ်ကာ ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာ ဖြစ်မည့်နေရာမှာ စတုရန်းပေ ရှစ် သန်းနေရာယူမည်ဖြစ်သည်။
ထိုစင်တာထဲတွင် ကမ္ဘာ့အ ကြီးဆုံး ရုံးတွင်းပန်းခြံနှင့် ဟိုတယ် အလုံး ၁၀၀ ပါဝင်မည်ဆိုသည်။ အဆိုပါမြို့တော် တည်ဆောက် မှု ပြီးသွားပါကထိုနေရာသို့ နှစ်စဉ် ခရီးသည် သန်း ၁၈၀ ခန့် လာ ရောက်လည်ပတ်နိုင်မည်ဖြစ် သည်။ မြို့သစ်နေရာမှာ ကမ္ဘာ့ အမြင့်ဆုံးအဆောက်အ အုံဖြစ် သည့် ဘာ့ဂ်ျခ်လီဖာအနီးတွင် တည်ရှိသည်။
ဒူဘိုင်းပြည်နယ်အုပ်ချုပ် သူ စော်ဘွားက ခရီးသွားလုပ်ငန်းမှာ ပြည်နယ်စီးပွားရေးအတွက် အဓိ ကမောင်းနှင်အားဖြစ်ကြောင်း ထို မြို့တော်သစ် တည်ဆောက်မည့် စီမံကိန်းမှာ လူဦးရေ နှစ်ဘီလီယံ ရှိသော ဒေသအတွင်း၌ ဒူဘိုင်းကို ယဉ်ကျေးမှုဆိုင်ရာ၊ ခရီးသွား လုပ်ငန်းဆိုင်ရာနှင့် စီးပွားရေး ဆိုင်ရာ ဗဟိုအချက်အချာတစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း ဆို သည်။
ဒူဘိုင်း ဟိုတယ်များတွင် ၂၀၁၃ က ကမ္ဘာလှည့်ခရီးသည် ၁၁ သန်းကျော်ကို လက်ခံပေး နိုင်ခဲ့ပြီး ၂၀၁၂ ကထက် ခရီးသည် ၀င်ရောက်မှု ၁၀ ရာခိုင်နှုန်းတိုး လာကြောင်း ဒူဘိုင်းခရီးသွားလုပ် ငန်းနှင့် ကုန်သွယ်ရေးဈေးကွက် မြှင့်တင်မှုဌာနက ကြေညာခဲ့ သည်။
ယူအေအီးနိုင်ငံတွင်း ပါဝင် သည့် ဒူဘိုင်းစော်ဘွားပြည်နယ် သည် ၂၀၂၀ တွင် ကမ္ဘာ့ကုန်စည် ပြပွဲ လက်ခံကျင်းပသည့်အခါ ခရီးသည် သန်း ၂၀ ခန့်အထိ လာ ရောက်နိုင်ရန် ဆွဲဆောင်နိုင်လိမ့် မည်ဟု မျှော်လင့်ထားသည။်
—Ref: Xinhua

7daydaily

No comments:

Post a Comment