Monday, July 7, 2014

၂၂ ဘီးကုန်တင်ယာဉ်က ရှေ့မှ မောင်းနှင်နေသော ဆိုင်ကယ်ကို တိုက်မိ၍ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး

ဖြူး ဇူလိုင် ၆

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ ရဲစခန်း အပိုင်နယ်မြေ ရန်ကုန်-မန္တလေး ပုံမှန်လမ်း တွင် မြောက်မှ တောင်သို့ မောင်းနှင်လာသော ဆိုင်ကယ်ကို မြောက်မှတောင် သို့ ယာဉ်မောင်း ကိုကျော်ဦး မောင်းနှင်သော ၂၂ ဘီးနောက်တွဲယာဉ်က တိုက်မိသဖြင့် ဆိုင်ကယ် မောင်းသူ ပွဲချင်းပြီးသေဆုံးမှု ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် ည ၉ နာရီ မိနစ် ၅၀က ဖြူးမြို့နယ် ညောင် ပင်သာ ရဲစခန်း မြောက်ဘက် တစ်မိုင် ခန့် ညောင်ပင်သာ တိုက်နယ်ဆေးရုံ ရှေ့တွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ညောင်ပင်သာ ရဲစခန်းမှ တာဝန်မှူး တပ်ကြပ် အောင် ထွေးနှင့် သက်သေဦးခင်စိုး ပဲခူးလမ်း မြောက် ပိုင်း ညောင်ပင်သာ၊ ဦးမောင် စိုး ပဲခူးလမ်း ညောင်ပင်သာနေ သူတို့ နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ကိုကျော်ဦး (၄၇နှစ်) ဟင်းကုတ်ပင်ရွာ အုတ်တွင်းမြို့နယ်နေသူ မောင်းနှင် လာသည့် တန/--၂၂ဘီး၊ နောက်တွဲ ယာဉ်က မြောက်မှတောင်သို့ မောင်း နှင်စဉ် ရန်ကုန်-မန္တလေး ပုံမှန် ကားလမ်းမိုင်တိုင်အမှတ် (၁၃၇/၁) နှင့် (၁၃၇/ ၃) အကြား အရောက် မြောက်မှတောင် သို့ မောင်းနှင် လာသော ဇော်ဝင်း (၃၈နှစ်) စက်ကုန်း ပိုင်ရပ်ကွက် ညောင်ပင်သာနေသူ မောင်းနှင်လာသည့် ဆိုင်ကယ် (လိုင်စင်စိစစ်ဆဲ)ကို ဝင်ရောက် တိုက်မိသဖြင့် ဆိုင်ကယ် မောင်းသူ ဇော်ဝင်းမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ညောင်ပင်သာ တိုက်နယ် ဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ခဲ့သည်။

အမှုကို ညောင်ပင်သာရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူသေ စေမှုအရ အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment