Monday, July 7, 2014

မန္တလေးပဋိပက္ခ ၀ိုင်းဝန်းတားဆီးပေးရန် စာပေအနုပညာရှင်များ ပန်ကြားလွှာထုတ်

မန္တလေးမြို့လယ်တစ်နေရာကို ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ −မောင်တာ)

By အေးမွန်ရာပြည့်


မန္တလေးမြို့တွင်ဖြစ်ပွား နေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို မြို့သူမြို့သား များ၊ ဒေသခံအာဏာပိုင်အဖွဲ့အ စည်းများနှင့် ရဟန်းသံဃာတော် များ ၀ိုင်းဝန်းထိန်းသိမ်းပေးကြ ရန်မြို့ခံ စာပေအနုပညာရှင်များက မေတ္တာရပ်ခံ ပန်ကြားလွှာတစ် စောင်ထုတ်ပြန်ခဲ့ကြောင်းသတင်း ရရှိသည်။
ကမ္ဘာကျော်အောင် ယဉ် ကျေးဖွယ်ရာဖြစ်ခြင်း၊ ဘာသာ ပေါင်းစုံညီညွတ်စွာ ငြိမ်းငြိမ်းချမ်း ချမ်းနေထိုင်ကြခြင်းဟူသောမန္တ လေးမြို့၏ အစဉ်အလာကောင်း များကို မြို့သူမြို့သားများအနေ ဖြင့် ဆက်လက်ထိန်းသိမ်းကြစေ ရန်၊ မြို့တည်ငြိမ်မှုပျက်ပြားစေ သည့် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ကို သက်ဆိုင်ရာအာဏာပိုင်အ ဖွဲ့အစည်းများက ဥပဒေနှင့်အညီ ချက်ချင်းအရေးယူပေးရန်၊ ပဋိပ က္ခဖြစ်စဉ်များတဖြည်းဖြည်းကြီး ထွားလာပြီး မီးဟုန်းဟုန်းတောက် မည့်ဘေးမှ ကင်းဝေးစေရန် သံ ဃာတော်အရှင်သူမြတ်များက နှစ် ဖက်ညှိနှိုင်းဆောင်ရွက်ပေးရန် အစရှိသည့် အချက်သုံးချက်ပါဝင် သည့် အထူးမေတ္တာရပ်ခံပန်ကြား လွှာကို ယခုလ ၅ ရက်ကထုတ်ပြန်ခဲ့ကြောင်းမန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်က ပြော ကြားသည်။
‘‘မန္တလေးကို ချစ်မြတ်နိုးကြ တဲ့ စာပေအနုပညာရှင်တွေအား လုံးရဲ့ ဆန္ဒနဲ့ထုတ်တာပါ။ မန္တ လေးမှာရှိတဲ့ တစ်စိတ်တစ်ဝမ်း တည်းသော စာရေးဆရာတွေရဲ့ ဆန္ဒပါ။ မီးတောက်ကြီးထဲမှာရေ တစ်စက်ပင်ဖြစ်သော်လည်းငြိမ်း အေးစေချင်တဲ့ ဆန္ဒနဲ့လုပ်တာပါ’’ ဟု ဆရာဆူးငှက်ကထည့်သွင်း ပြောသည်။
မန္တလေးယဉ်ကျေးမှုကို အ ခြေခံပြီး စာပေရေးသားနေကြ သည့် မြို့ခံစာပေအနုပညာရှင် များမှာ ယခုဖြစ်ပွားနေသည့်ဖြစ် ရပ်များနှင့် ပတ်သက်၍ များစွာ စိတ်မကောင်းဖြစ်ရသည့်အတွက်  ယခုကဲ့သို့ တစ်ထောင့်တစ်နေရာမှ ၀င်ရောက်ပါဝင်ရခြင်းဖြစ် ကြောင်း၊ မန္တလေးမြို့တွင်လက်ရှိ ရေးသားနေကြသည့် စာရေးဆရာ ကြီးများအားလုံးနီးပါးပါဝင်ပြီး ယ ခုမေတ္တာရပ်ခံချက်ကိုထုတ်ပြန်ရ ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၁၉၃၈တွင် လွတ်လပ်ရေး တိုက်ပွဲ၊ ၁၉၃၉ခုနှစ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးများဖြစ်ပွားခဲ့စဉ်က မန္တလေးမြို့ခံဘာသာ ပေါင်းစုံအားလုံးလက်တွဲ၍ နိုင်ငံ နှင့် လူမျိုးအတွက်လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြသည့် အစဉ်အ လာကောင်းများ ရှိခဲ့ကြောင်း၊ ယခု ဒီမိုကရေစီနိုင်ငံသစ်တည် ဆောက်နေသည့်အရေးကြီးသော ကာလအတွင်းတွင် ယင်းတည် ဆောက်ရေး လုပ်ငန်းများကို လမ်းလွဲစေသည့် မည်သည့်ပဋိပ က္ခမျိုးကိုမဆို သဘောထားကြီးစွာ ညှိနှိုင်းဖြေရှင်းကြရန် မြို့ခံစာပေ အနုပညာရှင်များ ထုတ်ပြန်ထား သည့် မေတ္တာရပ်ခံပန်ကြားလွှာ တွင် ထည့်သွင်းဖော်ပြထား သည်။

7daydaily

No comments:

Post a Comment