Tuesday, July 8, 2014

ပေါင်းသင်း ဆက်ဆံရေးဟာ အရေးကြီးပါတယ်


သင့်ရဲ့ ဘဝမှာ ပေါင်းသင်း ဆက်ဆံရေးဟာ အရေးပါတဲ့ ကဏ္ဍ တစ်ခု ဖြစ်ပါတယ်။
တစ်ခါတစ်လေ အပေါင်းအသင်းတွေက သင့်ကို ပြစ်တင် ကဲ့ရဲ့တာမျိုးလေးတွေ ရှိနေပေမယ့် ကောင်းမွန်တဲ့ အပေါင်း အသင်းတွေကြောင့် သင်ပျော်ရွှင်စေမှာ မလွဲပါ။ တစ်ခါတစ်လေ ဆိုးသွမ်းတဲ့ အပေါင်းအသင်းတွေ ဆီကနေ အတွေ့အကြုံကောင်းတွေ ရရှိစေပြီး ညံ့ဖျင်းတဲ့ အပေါင်းအသင်းတွေ ဆီကနေလည်း သင့်ဘဝ အတွက် သင်ခန်းစာ ကောင်းလေးတွေ ရစေမှာပါ။
ဒီလိုပါပဲ ဥာဏ်ပညာ ထက်မျက်တဲ့ အပေါင်းအသင်းတွေ ဆီကနေ သင့်အတွက် ကောင်းမွန်တဲ့ အထောက်အပံ့ ကောင်းလေးတွေ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းသင်း ဆက်ဆံရေးကို အလေးထားပါ။ ဖြစ်နိုင်ရင် မိမိ တစ်ယောက်တည်း တစ်သီး တခြားမနေပါနဲ့။ ရေရှည်မှာ သင့်ဘ၀ကို ထိခိုက်စေမှာ မိုလို့ပါ။ 

ကျော်လင်းနိုင် (ရိုးရာလေး)
ရိုးရာလေး

No comments:

Post a Comment