Monday, July 7, 2014

“မြန်မာသံရုံးနှင့်MAT ပူးပေါင်းဆောင်ရွက်မှုကြောင့် အလုပ်သမား၉ဦး လုပ်အားခရ”

မြတ်ညို (အလွတ်သတင်းထောက်)
၂၀၁၄ ဇွန်လ ၅

        ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီတွင်ရှိသော သစ်သားစက်ရုံမှ အလုပ်သမားများ လုပ်အားခ အပြည့်အစုံမရသဖြင့် ဆန္ဒပြတောင်းဆို သည့်အလုပ်သမားများအား အလုပ်ရုံမှ မောင်းထုတ်ရာ မြန်မာသံရုံးနှင့် MATအဖွဲ့တို့ ပူးပေါင်းကူညီပေးခဲ့သဖြင့် ပြေလည်သွားပြီးဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၆၄၅ အကွာတွင်ရှိသော စူရတ်ဌာနီမြို့ရှိBMF သစ်သားစက်ရုံတွင် အလုပ်သ  မားပေါင်း ၂၀၀ ကျော်ခန့်တို့အား အလုပ်ချိန်နှင့် လုပ်အားခ မမျှမတ
ဖြစ်နေသည်ကို အလုပ်သမား ခေါင်းဆောင် ၉ဦးတို့က ဇွန်လ ၃ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သည်။
   ထိုခေါင်းဆောင် ၉ဦး၏ နေထိုင်သည့် အခန်းများအား စက်ရုံ အစောင့်များက ဖျက်ဆီးလိုက်ပြီး မောင်းထုတ်ခဲ့သည်။


           မြန်မာသံရုံးမှ အတွင်းဝန် ဦးထွန်းအေး နှင့် အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်တို့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်၍ ဖြေရှင်းပေးနိုင်ရန် အကူညီတောင်းခံခဲ့သည်။

သို့ဖြစ်၍ MAT အဖွဲ့ရုံး တာဝန်ခံ ကိုစိုင်းအေးက အလုပ်ရုံပိုင်ရှင်နှင့်  ဆက်သွယ်၍ အဆိုပါ ပြဿနာအားဖြေရှင်းပေးခဲ့ သဖြင့် ဆန္ဒပြ အလုပ်သမားများရစရာရှိသည့် လုပ်အားခများ ရရှိ သွားခဲ့ကြသည်။
ကိုစိုင်အေး က “ မနေ့ကရသွားပြီ၊ တစ်ချို့ဘတ်သုံးသောင်းကျော်ရသူရ တစ်ချို့ဘတ်လေးထောင်ကျော် ရသူရ အားလုံးရသွားကြပြီ။ သူတို့လု ပ် ထားတာတွေကို အလုပ်ရုံကမပေးပဲ မောင်းထုတ်တာ။ အခြားအ လုပ်သမားတွေကတော့ ကျနော်လည်းမသိဘူး။ ဒီအလုပ်ရုံမှာ အရှုပ်အရှုင်းတွေ တော့ရှိနေတုန်းပဲ။ပတ်စပို့သိမ်းထားတာတို့လုပ်အားခ    ရှင်းမပေးတာတို့  ပေါ့လေ” ဟုပြောသည်။
      အလုပ်သမားခေါင်းဆောင် ကိုသိန်းထိုက်စိုး က“ ကျနော်တို့လုပ်အားခတွေကိုတောင်းပေး ခဲ့တဲ့ မြန်မာသံရုံးနဲ့ MAT အဖွဲ့ကိုကျေးဇူးတင်ပါတယ်။ ခုကျနော်တို့ အခြားနေရာမှာ အလုပ် ရှာနေကြပါတယ်” ဟုပြောသည်။
          ရွှေ့ပြောင်းအလုပ်သမားများ၏ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများအား ထိုင်းလုပ်ငန်းရှင်အတော်များများတို့က သိမ်းဆ ည်းထားခြင်းမပြုရန် ထိုင်းအလုပ်သမားဥပဒေက ပြဌာန်းထားသော် လည်းလက်တွေတွင် အလုပ်သမားအတော်များများတို့မှာ သိမ်းဆည်းခံ ထားကြရသည်။ သို့ရာတွင် ထိုသို့သိမ်းဆည်းထားခြင်းကို ထိရောက်သ ည့် အရေးယူမှုမျိုး ထိုင်းနိုင်ငံတွင်မရှိသဖြင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လေ့ရှိကြောင်းမကြာခဏကြားသိရသည်။
ရွှေလုပ်သား

No comments:

Post a Comment