Monday, July 7, 2014

ကမ္ဘာ့ဖလားကို အရမ်းလိုချင်နေပြီဟု ဂျာမနီ တိုက်စစ်မှူး ပိုလ်ဒေါစကီး ပြော

6889-lukas-podoslki-arsenal

ဂျာမနီရှေ့တန်းကစားသမား လူးကပ်စ်ပိုလ်ဒေါစကီးဟာ အင်္ဂါနေ့မှာ ကစားရမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ သူတို့ရဲ့ပြိုင်ဘက် ဘရာဇီးအသင်းပေါ်မှာပဲ ဖိအားတွေရှိနေလိမ့်မယ်လို့ ယုံကြည်နေ ပါတယ်။
ဘရာဇီးအသင်းရဲ့အားထားရတဲ့ ကြယ်ပွင့်ကစားသမား နေမာ ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ ဂျာမဏီအသင်းဟာ သူတို့ရဲ့ ကောင်းမွန်တဲ့ ပုံစံကြောင့် အခုကမ္ဘာ့ဖလားမှာ ရေပန်းစားမှု ပိုမြင့်တက်လာခဲ့ပါတယ်။
ဘရာဇီးအသင်းဟာ သူတို့ အိမ်ကွင်းမှာ ကစားမှာဖြစ်လို့ ဖိအားတွေ ရှိနေပါတယ်။ တကယ်လို့များ ကျနော်တို့ဟာ ဘရာဇီးပရိသတ် ၇ သောင်း ၈ သောင်းရဲ့ရှေ့မှောက်မှာ ကစားရတယ်ဆို ရင်တောင် ပြဿ နာ မရှိပါဘူး။ ကျတော်တို့ ဂျာမနီအသင်းက ကစားသမားအားလုံးဟာ အဝေးကွင်း မှာ တခြားအသင်းရဲ့ပရိသတ်တွေရှေ့မှာ ကစားဖူးခဲ့တဲ့ လူတွေချည်းပါပဲ။ တကယ်လို့များ ခင်ဗျားဟာ တော့တင်ဟမ်အသင်းရဲ့ ကစားသမားဆိုပါစို့ လီဗာပူးကွင်းမှာ ခင်ဗျားတို့အသင်း လာကစားမယ် ဆိုရင် လီဗာပူးကလပ်ရဲ့ ပရိသတ် ၄ သောင်း၊ ၅ သောင်းလောက်ရဲ့ရှေ့မှာ ကစားရတာ အသားကျနေမှာ ပဲမဟုတ်လား။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဆီမီးအထိရောက်ပြီးမှ ရှုံးခဲ့ရပါတယ်။ အခုနှစ်မှာတော့ ကျတော်တို့ဟာ ကမ္ဘာ့ဖလားကို အရမ်းလိုချင်နေပါပြီလို့ အသက် ၂၉ နှစ်အရွယ် ဂျာမနီ တိုက်စစ်မှူး ပိုလ်ဒေါစကီးက ဆန်းဒေးတယ်လီဂရပ် သတင်းစာကို ပြောခဲ့ပါတယ်။ 

No comments:

Post a Comment