Monday, July 7, 2014

အိပ်နေသော မိန်းကလေးများကို ဓားဖြင့် ထိုးထွက်ပြေး

စစ်ကိုင် ဇူလိုင် ၆
စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာနေ ဦးအောင်ဝင်း(ဈေးရောင်း)သည်ဇူလိုင် ၃ရက် ညသန်းခေါင် ကျော် တစ်နာရီခန့်တွင် နေအိမ်အောက်ထပ်တွင်ဇနီးဖြစ်သူ မကြည်မြင့်နှင့် သားဖြစ်သူ မောင်ချမ်းသာ၊ နေအိမ် အပေါ်ထပ်တွင်သမီးဖြစ်သူ မနီနီအောင်၊ မသန်းသန်းစိုးတို့ အိပ်နေကြစဉ် အပေါ်ထပ်မှ ဝုန်းဝုန်းဟု အသံကြား ရသဖြင့် လန့်နိုးပြီး သားဖြစ်သူ မောင်ချမ်းသာက အိမ်ပေါ်သို့ တက်သွားပြီး အဖေလူ
လူဟုပြော၍ ဦးအောင်ဝင်း က တက်ကြည့်ရာ အမည်မသိ လူတစ်ဦး နေအိမ်အပေါ်ထပ်ဝရန်တာမှ ခုန်ချထွက်ပြေး သွားသည် ကိုမြင်တွေ့ ရသဖြင့် သမီးဖြစ်သူ မနီနီအောင်နှင့် မသန်းသန်းစိုး တို့အား မေးမြန်းရာ အမည်မသိတစ်ဦးသည် ၎င်းတို့အိပ်သည့် အခန်းထဲရောက် လာပြီး သမီးဖြစ်သူမသန်းသန်းစိုး၏ လည်ပင်းကို ကိုင်လိုက်စဉ် လန့်နိုးပြီးအော် မည်ပြုစဉ် ပါးစပ်ကိုလက်နှင့်ပိတ်ထား၍ မအော်နိုင်သဖြင့် ဘေးတွင်အိပ်နေသော အစ်မဖြစ်သူ မနီနီအောင်ကို လက်ဖြင့်နှိုးရာ နိုးလာပြီးထလိုက်စဉ် အမည် မသိလူက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားကြောင်း သိရသည်။

မနီနီအောင်နှင့် မသန်းသန်းစိုးတို့တွင် ဒဏ်ရာများရရှိ ထားသည် ကိုတွေ့ရ၍ ဆေးကုသမှုခံယူရန် စစ်ကိုင်း ပြည်သူ့ ဆေးရုံသို့ ပေးပို့ လိုက်ရသည်။ သို့ဖြစ်ပါ၍ သမီးနှစ်ဦးအားနေအိမ်ပေါ်သို့ တက်ရောက်ပြီး ဒဏ်ရာ ရရှိအောင် ဓားဖြင့်ထိုးသူအား စုံစမ်းဖော်ထုတ်ပေးပါရန် ဖခင်ဖြစ်သူ ဦးအောင်ဝင်းက စစ်ကိုင်းမြို့မ ရဲစခန်းသို့ လာရောက်တိုင် တန်းသဖြင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment