Tuesday, September 4, 2012

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ခုံရုံးက ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့ ဥက္ကဌ ဦးသိန်းဆွေ နှင့် အဖွဲ့ဝင်များ ကန့်ကွက်

ပြည်သူ့လွှတ်တော်စုံစမ်းရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ ၀င်များသည် ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေပုဒ်မ ၅၅၆ နှင့် ယခင် နိုင်ငံတော်ကောင်စီရုံးမှ ထုတ်ပြန် သည့် ၀န်ထမ်းစည်းကမ်းထိန်းသိမ်း ရေးလက်စွဲစာအုပ် အပိုဒ်(၄၁) အ ရ ပြည်သူ့လွှတ်တော် စုံစမ်းစစ် ဆေးရေးအဖွဲ့တွင် ပါဝင်ဆောင် ရွက်နိုင်သည့် ပုဂ်္ဂိုလ်များမဟုတ် သောကြောင့် အဆိုပါ အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကိုကန့်ကွက် ပါကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၏ သတင်းထုတ်ပြန်ချက် (၂/ ၂၀၁၂)ကို စက်တင်ဘာ (၃)ရက် နေ့က ထုတ်ပြန်ကြေညာလိုက် ကြောင်းသိရသည်။ ၂၀၁၂စက် တင်ဘာ (၃)ရက်နေ့ထုတ် ကြေး မုံသတင်းစာတွင် ဖော်ပြထား သည့် သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ-စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက်္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခြင်း။
၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက်္ကဋ္ဌနှင့်အဖွဲ့ ၀င်များအပေါ် စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပထမ ဦးစွာတင်ပြ အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။ ထိုပုဂ်္ဂိုလ် ၃၀၁ ဦးတို့သည် ဤစုံစမ်းစစ်ဆေးမှု တွင် ဆန့်ကျင်ဘက်ပုဂ်္ဂိုလ်များ (Adverse Parties) ဖြစ်ကြပါ သည်။
၂။ ပြည်သူ့လွှတ်တော်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာတွင် ထိုပုဂ်္ဂိုလ် ၃၀၁ ဦးတို့သည် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အဖွဲ့ဝင်အဖြစ် သော်လည်းကောင်း ဆောင်ရွက် ခြင်းမပြုနိုင်ပါ။ ဤသဘောတရား ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၅၆ တွင်လည်းကောင်း၊ ယခင်နိုင်ငံတော် ကောင်စီရုံးမှ ထုတ်ပြန်သည့် ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲစာအုပ်အပိုဒ် ၄၁ တွင်လည်းကောင်း ပြဆိုထား ပါသည်။
၃။ PREM’s Law of Habeas Corpus, Certiorari, Mandamus and Emergency Legislation တွင် ““မည်သူမျှ မိမိပါဝင် ပတ်သက်နေသော အမှုကိစ္စ၌ ပါဝင်စီရင်ဆုံးဖြတ်ခြင်းမရှိစေရ”” ဟူသော ဥပဒေမူသည် တစ်ကမ္ဘာ လုံး၏ တရားမျှတသော တရား စီရင်ရေးတွင် အထွတ်အထိပ် သတ်မှတ်ထားသော ဥပဒေမူ သဘောတရားဖြစ်ပါသည်။
၎။ သို့ဖြစ်၍ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ ၀င်များအပေါ် စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးအဆိုပြုခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးတို့သည် စုံစမ်းစစ်ဆေးမှု နည်းလမ်းများနှင့် ကျင့်စဉ်တို့အရ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေး ရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက် နိုင်သည့် ပုဂ်္ဂိုလ်များမဟုတ်သော ကြောင့် ယခုဖွဲ့စည်းထားသည့် စုံ စမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ပါသည် ဟူ၍ ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ဟူသော စကားရပ်ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်သမ္မတ က တင်သွင်းခဲ့သည့် တင်သွင်း လွှာအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ““လွှတ်တော်အသီးသီးက ဖွဲ့စည်း ထားသည့်ကော်မတီ၊ ကော်မရှင် နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ်ထည့် သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်းမရှိ ကြောင်း”” ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့က ဆုံးဖြတ်ချက်ချမှတ် အတည်ပြုခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ အဆိုပါဆုံး ဖြတ်ချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုဖြစ်သော  ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက ကျေနပ်လက်ခံနိုင်ခြင်းမရှိသည့် အတွက် စွပ်စွဲပြစ်တင်မှုပြုလုပ် ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထံသို့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က လွှတ်တော်အခွင့် အရေးကော်မတီမှတစ်ဆင့် ဒုတိယ အကြိမ် အဆိုပြုတင်ပြခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀)ဦးက နိုင်ငံတော်ဖွဲ့စည်ပုံ အခြေခံဥပေဒဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(ခ)ပါ ပြဋ္ဌာန်း ချက်အား ဖောက်ဖျက်ကျူးလွန် ခြင်း၊ပုဒ်မခွဲငယ်(၅)အရဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့ ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြု လုပ်ရန် လက်မှတ်ရေးထိုးတင်ပြခဲ့ ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၂ နှင့် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၃ အရ အပြီးအပြတ် အ တည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က ထုတ် ပြန်ခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပေဒဆိုင်ရာ ခုံရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) တွင် ထုတ်ပြန်ကြေညာထား သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးဖွဲ့စည်း ထားခြင်းမရှိသည့် နိုင်ငံများတွင် တရားလွှတ်တော်ချုပ် (Supreme Court) က ဆုံးဖြတ်လေ့ရှိကြောင်း သိရသည်။

AYN

copy from http://www.hotnewsweekly.com

 

No comments:

Post a Comment