Tuesday, September 4, 2012

၆၅နှစ်မြောက်မွန်တော်လှန်ရေး နေ့ မွန်တိုင်းရင်းသားလူငယ်များ ပါဝင်ဆင်နွှဲ




၆၅ နှစ်မြောက်ကျရောက် သော မွန်တော်လှန်ရေးနေ့အထိမ်း အမှတ်ပွဲအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ရေး၊ သံဖြူဇရပ်၊ မုဒုံစသောမြို့နယ်များမှ မွန်တိုင်း ရင်းသား/သူလူငယ် ၂၅၀ ဦးခန့် သည် မုဒုံမြို့နယ်နှီးပရောရွာ အနောက်ပိုင်းကျိုက်ကလုပ်ဘုန်း ကြီးကျောင်းဝင်းအတွင်းရှိ
မွန်ပြည်  သစ်ပါတီဥက္ကဋ္ဌဟောင်း နိုင်ဆိတ် နို့၏ ရုပ်တုအားအလေးပြုခြင်း၊ အမွှေးနံ့သာပက်ဖျန်းခြင်း၊ နိုင်ဆိတ် နို့၏ အတ္ထုပ္ပတ်္တိအကျဉ်းအား ဖတ်ကြားရှင်းလင်းခြင်းများပြုလုပ် ခဲ့ကြကြောင်း သတင်းရရှိသည်။ ထို့နောက်အဆိုပါ မွန်လူငယ်  ၂၅၀ ဦးခန့်သည် မော်တော်ယာဉ်   များဖြင့် ကမာဝတ်ကျေးရွာ၊ ဓာတ်တော်ဘုန်းကြီးကျောင်းသို့  မော်တော်ယာဉ်များဖြင့်  သွားရောက်၍ ကမာဝက်ရာနီးချုပ်  စပ်ကျေးရွာများမှ မွန်လူငယ် အမျိုးသား/အမျိုးသမီးများနှင့်  ပူးပေါင်းကာ (၇၅၀) ခန့်ရှိလူသစ် များသည့် ကမာဝတ်ရွာဓာတ်တော် ကျောင်း၌ ပြုလုပ်သည့် ၆၅ နှစ် မြောက် မွန်တော်လှန်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား  တက်ရောက်ခဲ့ကြံပြီးကမာဝတ်ကျေး ရွာသုဿာန်သို့ဆက်လက်ချီတက်  ၍ မွန်အမျိုးသားခေါင်းဆောင်နိုင် ဖိုးစိန်၏ အုတ်ဂူအားဂါရ၀ပြုအခမ်း  အနားသို့တက်ရောက်ခဲ့ကြကြောင်း   အခမ်းအနားတွင် နိုင်ဖိုးစိန်၏ သမီးဒေါ်အေးကြည်မှ ဖခင်၏ အုတ်ဂူတွင် အမှတ်တရပန်းခြင်း များချ၍ နိုင်ဖိုးစိန်၏အတ္ထုပ္ဗတ်္တိ အကျဉ်းအားဖတ်ကြားရှင်းလင်းခဲ့ ကြောင်း ဆက်လက်၍ မွန်လူငယ်  ၇၅၀ ခန့်သည် ညနေ ၂ နာရီခွဲ အချိန်ကမာဝတ်မှ မော်တော်ယာဉ် များဖြင့် မုဒုံမြို့နယ်ကျောက်တကုံး ကျေးရွာဝင်းစိန်တောရကျောင်းဝင် ရှိ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်း  များဖြစ်သော နိုင်ရွှေကျင်နှင့် နိုင်ထင်တို့၏အုတ်ဂူများရှိရာသို့ သွားရောက်ခဲ့ရာပေါင်၊ သထုံ၊ မော်လမြိုင်ဆက်မှလာသော မွန် လူငယ်အမျိုးသား၊ အမျိုးသမီး ၇၅၀ ခန့်နှင့် ပေါင်ကာအင်အား ၁၅၀၀ ဦးခန့် မွန်သံဃာ ၁၀၀ ပါးခန်တို့ သည်နိုင်ရွှေကျင်နှင့် နိုင်ထင်တို့၏ အုတ်ဂူများရှေ့တွင် ၆၅ နှစ်မြောက်  မွန်တော်လှန်ရေးနေ့အထိမ်းအမှတ်  အခမ်းအနားပြုလုပ်ခဲ့ကြရာ အခမ်း အနားတွင် မွန်ခေါင်းဆောင် (၂) ဦး၏။ အုတ်ဂူများပေါ်သို့အမှတ်  တရပန်းခြင်းများချခဲ့ကြပြီးတက် ရောက်လာသူမွန်အမျိုးသမီးတစ်ဦး မှ နိုင်ထင်နှင့် နိုင်ရွှေကျင်တို့၏ အတ္ထုပ္ဗတ်္တိအကျဉ်းအားဖတ်ကြား  ရှင်းလင်းခဲ့ကာ ကျဆုံးလေပြီသော   မွန်ခေါင်းဆောင်များအား အလေး  ပြုခြင်းများ ပြုလုပ်ခဲ့ပြီး ၈၈ ကျောင်း သားကို မင်းဇေယျမှ “ယခုနိုင်ငံ တော်တွင် ပြည်တွင်းစစ်များဖြစ်နေ  နေ၍ ပြည်သူများဒုက္ခရောက်ရ ကြောင်း မိမိတို့နိုင်ငံမှ လက်နက် ကိုင်များအနေဖြင့်လည်း ဒီမိုကရေ စီအရေးအား လက်နက်ကိုင်တိုက်  ပွဲဝင်မည့်အစားငြိမ်းချမ်းစွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် မိမိတို့ မွန်ပြည်နယ်တွင်လည်း လက်နက်ကိုင်တော်လှန်ခြင်းများ မဖြစ်ပွားစေလိုကြောင်း မိမိပြည် နယ်တိုင်းအသီးသီးသို့ဆွေးနွေး ဟောပြောပွဲများသွားရောက်ခဲ့ရာ ယခုမွန်ပြည်နယ်လောက်လူငယ် များအပြားမတွေ့ရကြောင်း ယခု အခမ်းအနားတွင် လူငယ်အများ  အပြားတွေ့ရသဖြင့် များစွာဝမ်း သာကြောင်း”စသည့်ဖြင့် ကြေညာ ကာ ညနေ ၅ နာရီတွင် အခမ်း အနားပြီဆုံးသွားကြောင်း သတင်း ရရှိပါသည်။
copy from http://www.hotnewsweekly.com

စိုးဝင်းနိုင်+God eye

No comments:

Post a Comment