Tuesday, September 4, 2012

စစ်ဆေးအတည်ပြုပြီးသော ကလေးသူငယ်များနှင့် ၎င်းတို့မိသားစုများအား တွေ့ဆုံးမေးမြန်းအင်တာ ဗျုးရာတွင် လိုက်နာရမည့်လမ်းညွှန်ချက်များ...

၁. တပ်မတော်တွင် စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့်ပြုရန် လုပ်ငန်းစဉ်များလုပ်ဆောင်နေချိန် အတောအတွင်း၌ စစ်ဆေးအတည်ပြုပြီးသော ကလေးသူငယ်များနှင့်၎င်းတို့၏ မိသားစုအား သွားရောက်တွေ့ဆုံ မေးမြန်းခြင်းမျိုး မပြုလုပ်ရပါ။
၂.  စာနာစိတ်ကင်းမဲ့သော  (သို့) အရှက်ရစေသော စီရင်ချက်နှင့်ဆိုင်သော မေးခွန်းများနှင့် ထင်မြင်ချက် များဖော်ပြခြင်းမျိုး မပြုလုပ်ရပါ
၃.   ကလေးသူငယ်များ၊ ၎င်းတို့၏မိဘများနှင့် အုပ်ထိန်းသူများအနေဖြင့် ၎င်းတို့သည် ဂျာနယ်လစ်များနှင့် တွေ့ဆုံမေးမြန်းခြင်း ခံရသည်ကို သေချာစွာသိရှိစေရမည်။

၎.  တွေ့ဆုံမေးမြန်းမှုများနှင့်  မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးမှုများအားလုံးအတွက် စစ်ဆေး၊ အတည်ပြုပြီး သော ကလေးသူငယ်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၏  သဘောတူခွင့် ပြုချက်အမြဲရယူထားရ မည်။

၅. အကယ်၍  စစ်ဆေးအတည်ပြုပြီးသော ကလေးသူငယ်များ  အန္တရာယ်ကျရောက် နိုင်မည့် ကိစ္စရပ်မျိုး ဖြစ်ပါက မည်သူမည်ဝါမသိအောင် မပြတ်မသားမှုန်ဝါးဝါး  ဖော်ပြထားသည့်  ဓာတ်ပုံမျိုးပင် ဖော်ပြခြင်းမပြု လုပ်ရပါ။

၆.  စစ်ဆေးအတည်ပြုပြီးသော ကလေးသူငယ်များ ဘေးအန္တရာယ်ကျရောက် နိုင်သည်ဟု သံသယရှိပါက သတင်းကဘယ်လောက်အထိ သတင်းဆန်ဆန် ဘယ်လောက်အထိ သတင်းတန်ဖိုးရှိစေကာမူ ကလေး တစ်ဦးချင်းစီ၏  အခြေအနေကို  သတင်းရေးသားဖော်ပြမည့်အစား စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့်ပြု လိုက်ကြောင်း ယေဘူယျ အခြေအနေကိုသာ သတင်းရေးသားဖော်ပြပေးပါ။

No comments:

Post a Comment