…………………..
ဒီရက်ပိုင်းသတင်းတွေထဲမှာ ထိတ်ဆုံးကလှုတ်ခတ်တဲ့ သတင်းက ပြည်ပရောက် ABSDF ကျောင်းသားခေါင်းဆောင် ဟောင်းတချို့နဲ့ အမေရိကားက နိုင်ငံရေးလှုပ်ရှားသူ ၈၈ ကျောင်းသားတချို့ ပြည်တော်ပြန်ခရီးဖြစ်တယ်။ အမှန်တော့
သူတို့ မသွားခင်ကတဲက အပြင်မှာ ပူညံပူညံအချင်းများနေတာ။ ပြည်ပရောက်ကျောင်းသားအားလုံးကို ကိုယ်စားပြုသွား မှာလား?၊ ဘယ်သူ့ကို ကိုယ်စားပြုပြီး၊ ဘယ်သူနဲ့တွေ့၊ ဘာတွေဆွေးနွေးမှာလဲ? နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ဖမ်း ထားသလို၊ ပြည်တွင်း ၈၈ အုပ်စုတွေက ပြည်ပကျောင်းသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးလုပ်နေချိန်၊ ဒီလိုခွဲခြား ပြီး သွားသင့်သလား? ကချင် စစ်မီးဟုန်းဟုန်းတောက်နေတဲ့ ဒီလိုကာလသွားသင့်ရဲ့လား?၊ အပြင်မှာ လုပ်စရာကုန်ပြီ လား? စတဲ့ စတဲ့ မေးခွန်တွေကို အင်တာနက်ချပ်တင်တွေ၊ အွန်လိုင်း Meetingတွေ၊ Debate တွေနဲ့ အချိန်အတော်ကြာ လုပ်ခဲ့ကြတယ်လို့ သိထားပါတယ်။
ကျနော် ကိုမိုးသီး၊ ကိုထွန်းအောင်ကျော်၊ ကိုမူးသာတို့နဲ့ မေးမြန်းကြည့်ရသလောက် သူတို့ဟာ ပြည်ပရောက်၊ ဘယ်အဖွဲ့၊ ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘူး၊ မိမိကိုယ်ကို တာဝန်ယူမှု၊ ကိုယ်စားပြုမှုနဲ့ပဲ သွားမှာလို့ ပြောခဲ့ဖူးပါတယ်။ သူတို့ ကိုယ့်ဖာ သာကိုယ်တာဝန်ယူမှုနဲ့ ပြည်တော်ဝင်ခရီးနှင်တယ်ဆိုပေမဲ့ အားလုံးနီးပါးက ၈၈ကျောင်းသားတွေ၊ ပြီးတော့ တချိန်က၊ ကျောင်းသားတပ်မတော်ကို ဦးဆောင်ခဲ့သူတွေပါ။
သူတို့က ပြည်ပအင်အားစုတွေနဲ့ မဆိုင်ပါဘူးလို့ဘယ်လိုပဲပြောပြော၊ မဆိုင်လို့ မရပါဘူး။ သူတို့သွားတဲ့ခရီးက တခြား နိုင်ငံကို လော်ဘီလုပ်ဘို့သွားတဲ့ ခရီးမဟုတ်သလို၊ ပုဂ္ဂိုလ်ရေးကိစ္စသွားကြတာ မဟုတ်ဘူး၊ မိသားစုဝင်တယောက် ယောက် အသဲအသန်ဖြစ်လို့ အရေးပေါ်သွားတွေတာ မဟုတ်ဘူး။
၂၄ နှစ်လောက် ပြည်ပမှာအကောင်းအဆိုးတွေနဲ့ရောပြွန်းနေထိုင်ပြီး၊ ကိုယ့်နိုင်ငံ၊ စစ်ကျွန်ဘ၀က လွတ်မြောက်ရေး၊ ဒီမို ကရေစီရေးအတွက်၊(အောင်မြင်တာ၊ မအောင်မြင်တာအသာထား) လုပ်ခဲ့ကြသူတွေ ဖြစ်တယ်။ မိုးထဲလေထဲမှာ တော်လှန်ရေးနဲ့၊ နိုင်ငံရေးနဲ့ အင်မတန်တူတဲ့အလုပ်ပဲဖြစ်ဖြစ်၊ အင်မတန်မနီးစပ်တဲ့အလုပ်ပဲဖြစ်ဖြစ် လုပ်ခဲ့ကောင်းလုပ်ခဲ့
သူတွေ ဖြစ်တယ်။
မိုးသီး တို့ ကိုထွန်းအောင်ကျော်တို့လိုပဲ ပြည်ပရောက် ၈၈ တောခိုသူတွေနဲ့ နောက်ပိုင်းတောခိုလာသူတွေ တိုင်းတပါးနဲ့ နယ်စပ်ဒေသမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေ နေ့နေ့ညည တွေးတော၊ ပြောဆို၊ လုပ်ခဲ့ကြတာပဲ မဟုတ်လား? တတိယနိုင်ငံတွေရောက်တော့လည်း တဘက်က မိသားစုနဲ့ ၀မ်းစာအတွက် (အသက်တွေ ကြီးပြီး၊ မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို) ပင်ပင်ပမ်းပမ်းလုပ်ရင်း အကြွေးတွေနဲ့ ရပ်တည်နေရတယ်။ တဘက်က ကိုယ်ယုံ ကြည်တဲ့ နိုင်ငံရေးအပေါ်ဆက်လုပ်ရင်း (ကိုယ်မလုပ်တောင်လုပ်နေသူတွေကိုအားပေး၊ ထောက်ပံ့) နေခဲ့ကြတယ်။
ဒါဟာ ဖြစ်စဉ်အမှန်၊ တတိယနိုင်ငံရောက်နေသူတိုင်း ချမ်းသာသူတွေ မဟုတ်သလို၊ ချမ်းသာနေသူတိုင်းကလည်း ပြည် တွင်းက အချောင်သမား ခေတ်ပျက်သူဌေးတွေလို ဗြုန်းစားကြီးကြီးပွားခဲ့ကြတာ မဟုတ်ဘူး။ သူတို့ချွေးတွေ၊ လေ့လာမှု တွေ၊ သီးခံစိတ်၊ လုံ့လ၊ ၀ီရိယတွေနဲ့ အားထုတ်ကျိုးပမ်းခဲ့ကြတာပါ။
ငယ်ရွယ်ပြီး၊ ပညာသင်နိုင်တဲ့ ပြည်ပရောက် တော်လှန်ရေးကျောင်းသားတွေက ဆက်ပြီးပညာသင်နိုင်ပေမဲ့၊ အသက်အ ရွယ်ရလာမှ တတိယနိုင်ငံရောက်သူတွေက မနိုင်ဝန်ထမ်း၊ အများတကာမလုပ်ချင်တဲ့၊ ကိုယ်လည်းစိတ်မ၀င်စားတဲ့ အ လုပ်တွေကိုလုပ်ရင်း မိသားစုဝမ်းစာနဲ့ သားသမီးတွေစနစ်တကျ ကြီးပြင်းနိုင်ဘို့ ပေးဆပ်နေရတယ်။ ဒါကိုယ်တွေ့။ ဒီနေ ရာမှာ၊ နိုင်ငံရေးတက်ကြွသူတွေ မဟုတ်တဲ့၊ ပြည်ပမှာအခြေစိုက်နေထိုင်တဲ့ သာမန် မြန်မာပြည်ဘွားညီအကိုတွေကို
ဆိုလိုတာမဟုတ်ဘူး။ အဲလို သာမန် ကိုယ့်နိုင်ငံသားပြည်သူတွေတောင် စစ်အာဏာရှင်ဆန့်ကျင်ရေးကို တတ်စွမ်းသ လောက် အားပေးကူညီပြီး ပါဝင်နေတာတွေ ရှိပါတယ်။ ဆိုလိုတာက ပြည်ပရောက်တိုင်းအချောင်သမားတွေ မဟုတ်ဘူး။
ကိုမိုးသီးတို့၊ ကိုထွန်းအောင်ကျော်တို့ မှားတာမှန်တာ အပထား၊ သူတို့စွန့်လွှတ်ခဲ့တာ၊ အနစ်နာခံခဲ့တာ ကိုယ်နိုင်ငံအ တွက် အချိန်တွေပေး၊ လေ့လာကြတာ၊ ပြောဆိုကြတာ၊ အာရုံနှစ်ပြီး လှုပ်ရှားနေတာကိုတော့ အသိအမှတ်ပြုပေးရမယ်။
အတိတ်က သူတို့မှားခဲ့တာကို သူတို့ခံရမှာပဲ။ ဒါမငြင်းလိုဘူး။ သူတို့မှားလို့ တစုံလုံးခံခဲ့ရတာတွေလည်း မငြင်းလိုဘူး။ ဒါပေမဲ့၊ လူဆိုတာ အမြဲတန်းမမှားနိုင်သလို၊ မှန်အောင်ကျိုးစားလုပ်ကိုင်နေသူတွေကို ကိုယ့်အသိုင်းအ၀ိုင်းကနေ ဆွဲခွာ ထုတ်ပယ်တာမျိုး မလုပ်သင့်ဘူး။ အပြစ်ရှိရင်လည်း အများကပစ်ထားမှာ မဟုတ်ဘူး။
ကိုမိုးသီးကို ကျနော်စကားပြောဖူးတယ်၊ ခင်ပါတယ်၊ ဒီနေ့အထိ လူချင်းမဆုံဖူးဘူး။ ကိုမိုးသီး အတွေးအခေါ်တိုင်းလဲ ကျနော် မကြိုက်ဘူး။ သူ့အတွေးအခေါ်ကြောင့် ကျနော်တို့တတွေ ဒုက္ခရောက်ဖူးတယ်။ ဥပမာ သူ ဥက္ကဋ္ဌ တာဝန်ယူခဲ့စဉ် ABSDF ရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့ “တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်” ဆိုတဲ့ ကြွေးကြော်သံကို သ ဘောကျမိလို့ အရွယ်ကောင်းစဉ် လိုအပ်တဲ့အထောက်အကူပြုပညာတွေ မသင်ခဲ့ဘဲ၊ လက်နက်ကိုင်နယ်ပယ်နဲ့၊ Activist လှုပ်ရှားတက်ကြွသူဘ၀ထဲမှာ တ၀ဲလည်လည်ဖြစ်ပြီး ဘ၀တွေမရေမရာဖြစ်သွားကြတာ မနည်းဘူး။ အိန္ဒိယနိုင်ငံ နယူး ဒေလီမှာ ကျနော်တို့ နိုင်ငံရေးလှုပ်ရှားတဲ့ မြန်မာကျောင်းသားတွေအဖြစ် ရပ်တည် နေထိုင်စဉ်က ကိုယ့်ထက်ငယ်ပြီး ပညာသင်ဘို့ကောင်းတဲ့ အသက်၂၀ ကျော် လူငယ်တွေကို ပညာသင်ဘို့တိုက်တွန်းတော့ “တော်လှန်ရေးဟာ ကျနော်တို့ တက္ကသိုလ်ပဲဗျ” လို့ ထိထိမိမိဆင်ခြေပေးပြီး အတွေးခေါင်သွားသူတွေအမှန်ပဲ ရှိခဲ့တယ်။ ကျနော်တို့မှာ မှန်ကန်တဲ့သ ဘောတရားတွေ တပ်ဆင်ထားတဲ့ပညာတတ်ကေဒါတွေ မမွေးထုတ်နိုင်ခဲ့ဘူး။
မှတ်မိတဲ့ဆောင်ပုဒ်တခုရှိသေးတယ်။ “ဗဟိုကော်မတီဝင်တွေကို မျက်လုံးအိမ်သဖွယ် ကာကွယ်စောင့်ရှောက်ကြ” ဆိုတဲ့ ကြွေးကြော်သံဆောင်ပုဒ်။ ကျနော်တို့အတော်ရွံခဲ့တဲ့ ဆောင်ပုဒ်။ ဒါပေမဲ့ ကျနော်တို့နဲ့ ABSDF က ဘယ်တုန်းကမှ မပတ် သက်ခဲ့သူတွေ၊ အိန္ဒိယအခြေစိုက် ABSL အဖွဲ့ကပါ။ အကြမ်းမဖက်နိုင်ငံရေးပဲလုပ်ခဲ့တယ်။ နယ်မြေဒေသကွဲသလို၊ အိုင်ဒီ ယာလည်း ကွာတယ်။
ကိုမိုးသီးတို့အတွေးအခေါ်မကြိုက်ရင် ကျနော်တို့ သူ့နောက်မလိုက်ဖို့ဘဲရှိတယ်။ သူ့ကို ပုဂ္ဂိုလ်ရေးတွေထိုးနှက်တိုက် ခိုက်ပြီး ဂုဏ်သရေမဲ့ သိက္ခာကျအောင် စော်ကားစရာမလိုဘူး။ ဒါလူယဉ်ကျေးအလုပ် မဟုတ်ဘူး။
ABSDF မြောက်ပိုင်းသတ်ဖြတ်မှုကို အကြောင်းပြုပြီး သူတို့ပြည်တော်ဝင်ချိန်နဲ့ အချိန်ကိုက် သတင်းစာရှင်းပွဲတွေ၊ သတင်း ဂျာနယ်အင်တာဗျူးတွေ လုပ်တာတွေ့ရတယ်။ လုပ်သင့်တာလုပ်တာပဲလို့ ယူဆတယ်။ အမှန်တရားဆိုတာ တခါတခါ သူ့အလိုလို ပေါ်တတ်တာမဟုတ်၊ ပယောဂတွေနဲ့ ဖုံးကွယ်နေတတ်တယ်။ ဒါကို သတိ၊ ၀ီိရိယနဲ့ အားထုတ်ဖော်ထုတ် ရ တာတွေ ရှိတယ်။ ဒါကိုလက်ခံတယ်။ ကိုမိုးသီးတို့၊ ကိုနိုင်အောင်တို့ ကိုယ်တိုင်လဲ ဒီကိစ္စကိုရှောင်လွှဲနေတာ မဟုတ်ဘူး၊ ရင်ဆိုင်နေတာပဲ။
၁၉၉၃ လောက်ထင်တယ်၊ ကိုနိုင်အောင် အနောက်ဘက်ဒေသမှာ ABSDF အလံစိုက်ဘို့ ရောက်လာတယ်။ကျနော်တို့က မြန်မာကျောင်းသားများအဖွဲ့ နာမည်နဲ့ နယူးဒေလီမှာ မြေပေါ်နိုင်ငံရေးလုပ်ကြတယ်။ အိန္ဒိယအစိုးရ၀န်ကြီးတချို့နဲ့၊ အ မတ်ဟောင်းတွေ၊ နိုင်ငံရေးပါတီတချို့နဲ့ NGO အဖွဲ့တချို့၊ သတင်းစာသမားတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေက အားပေး တယ်၊ ကျနော်တို့လှုပ်ရှားမှုကို ထောက်ခံကူညီတယ်။ ပြောချင်တာက စစ်ရေးထက် နိုင်ငံရေးကို အိန္ဒိယပြည်တွေက အားပေးနေတဲ့အချိန်။ မြန်မာအိန္ဒိယနယ်စပ်မှာ တိုင်းရင်းသားသူပုန်အဖွဲ့တွေ (ချင်း၊ ရခိုင်၊ ဇိုမီး) အဖွဲ့တွေရှိတယ်။
အိန္ဒိယအစိုးရ ထောက်လှမ်းရေးတို့၊ စစ်တပ်တို့နဲ့ အဲဒီတိုင်းရင်းသားသူပုန်လက်နက်ကိုင်တွေ သိပ်ကင်းလို့မရဘူး၊ တ နည်းပြောရရင်မလွတ်လပ်ဘူး၊ လက်နက်ကိုင်တော်လှန်ရေးဟာ အိန္ဒိယမှာမကြီးထွားနိုင်ဘူး၊ ရေခံမြေခံမဟုတ်ဘူး။ အဲဒါ ကိုနိုင်အောင်လာတော့ ရှင်းပြတယ်။ သူက လက်မခံဘူး၊ နယ်စပ် (ဒုက္ခသည်စခန်း၊ မဏိပူ) ကို အခြေခံပူးပေါင်းဘို့ သူ လာတာ။ ဒေလီနိုင်ငံရေးအင်အားစုနဲ့ ပူးပေါင်းနိုင်တာမနိုင်တာက သူ့အတွက် အရေးမပါဘူး။ သူ့အဓိကလုပ်ငန်းစဉ်က အနောက်ဘက်ဒေသ (အိန္ဒိယ) မှာ လက်နက်ကိုင်ကျောင်းသားတပ် (ABSDF) ဖွဲ့နိုင်ဘို့ပဲ။ ထားပါတော့ ဒီကိစ္စပြောရရင် ရှည်တယ်။
ပြောချင်တာက သူလာတုံးက မြောက်ပိုင်းကချင်မှာ ထောက်လှမ်းရေးဆိုပြီး လုပ်ကြံမှုတွေဖြစ်ပြီးခါစ ပူပူနွေးနွေး။ နယူး ဒေလီက ကျနော်တို့ရုံးမှာပဲ ကိုနိုင်အောင်နဲ့ ကျနော်တို့ ဒီကိစ္စအငြင်းပွားတယ်။ ကျနော်တို့နဲ့ နယ်စပ်ဒုက္ခသည်စခန်းမှာ တဖွဲ့တည်း အတူနေခဲ့တဲ့ ထိန်လင်း (ပန်းချီထိန်လင်း) ထောက်လှမ်းရေးစွတ်စွဲခံအုပ်စုထဲပါသွားတာကို သူထွက်ပြေး လွတ်မြောက်ပြီး စစ်အစိုးရသတင်းစာမှာပါလာမှ ကျနော်တို့ သိလိုက်တယ်။ ထိန်လင်းက ကျနော်တို့နဲ့ဒုက္ခသည်စခန်းမှာ ရင်းရင်းနှီးနှီးရှိသလို၊ စိတ်တူကိုယ်တူတွေ၊ စခန်းထဲက နံရံကပ်တို့၊ အနုပညာကိစ္စ၊ ဖြော်ဖြေရေးကိစ္စတွေ တူတူလှုပ်ရှာ ခဲ့ကြတာ။
သူပြည်ထဲဝင်သွားပြီး မြောက်ပိုင်းဘက်သွားတယ်လို့နောက်ဆုံးကြားတယ်၊ အဆက်ကလုံးဝပြတ်နေတာ။ နောက်တော့ ဗြုံးကနဲထောက်လှမ်းရေးအသွင်နဲ့ သတင်းထွက်တော့ ကျနော်တို့ လုံးဝလက်မခံဘူး။ ကိုနိုင်အောင်ကို ခါးခါးသီးသီးငြင်း တယ်။ မြောက်ပိုင်းသူလျိုကိစ္စဟာ မှားယွင်းလုပ်ကြံမှုလို့ ပြောပြတယ်။ ကိုနိုင်အောင်ဘက်ကလည်း ရေလှိုင်းစစ်ဆင်ရေး တို့၊ စစ်ဆေးဖော်ထုတ်ချက်တို့ ဘာတို့နဲ့အသေအချာ ရှင်းပြပါတယ်။ ဒါပေမဲ့ ကျနော်တို့က လက်မခံဘူး။ နောက်ဆုံး ကိုနိုင်အောင်က “ဒီကိစ္စသမိုင်းကပေးတဲ့အပြစ်ဒါဏ်ကို ကျနော်ခံပ့ါမယ်” လို့ ကတိပေးပြီး အငြင်းအခုန် အဆုံးသပ်သွား တယ်။
နောက်ပိုင်းတော့လည်း ကျနော်တို့တတွေ ရင်းရင်းနှီးနှီးအလုပ်တွဲလုပ်ကြတယ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားလူ ငယ်များကွန်ဂရက် SYCB ကိုတောင် တိုင်းရင်းသားတွေနဲ့လက်တွဲပြီး နယူးဒေလီမှာဘဲ (၁၉၉၆) က လူငယ်တပ်ပေါင်းစု တရပ်အနေနဲ့ ဖွဲ့ခဲ့ကြတယ်။ မြောက်ပိုင်းကိစ္စ မမေ့ပေမဲ့ ဘုံရန်သူကိစ္စ အရင်ရှင်းကြတယ်။
တချိန်က ကျနော်တို့ရဲ့ဘုံရန်သူရဲ့အမွေကို ဒီနေ့ကြံ့ဖွတ်အစိုးရက အမွေဆက်ခံထားတာပါ။ န၀တ၊ နအဖစစ်အစိုးရ ခေတ်ရော၊ ဒီနေ့ကြံ့ဖွတ်အစိုးရကရော၊ ကျူးလွန်လာခဲ့တဲ့ လူသတ်မှု၊ မုဒိန်းမှု၊ ခြစားမှု၊ ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှု၊
လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီပဲရင်းလုပ်ကြံမှု၊ စစ်ရာဇ၀တ်မှု၊ နိုင်ငံတော်သစ္စာဖောက်မှု၊ နာဂစ်မုန်တိုင်းမှု၊ …ဘာအမှု၊ ညာအမှု နံပါတ်စဉ်တပ်လို့ မကုန်နိုင်အောင် အမှုပေါင်းမြောက်မြားစွာ ကျူးလွန်ခဲ့ကြတာလည်း မမေ့သင့်ဘူး။
အခုဟာ ဆန်ရင်းနာနာဖွတ် ဆိုသလို၊ နိုင်ရာဖိထောင်းနေတာက တဘက်သတ်ပွဲကြီးလို ဖြစ်နေတယ်။
ဖေ့စ်ဘွတ်စာမျက်နှာတွေက အတော်ရုပ်ပျက်တယ်။ ရိုင်းစိုင်းတယ်။
အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု (သတင်းရောင်းစားတဲ့ မီဒီယာ) က အယ်ဒီတာအမျိုးသမီးတယောက်က မိုးသီးဇွန် တို့အဖွဲ့ မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွဲ့ ပြည်တော်ဝင်တာကို စိတ်အခံမကောင်းစိတ်နဲ့ ရိတိတိ စော်ကားရေးထားတယ်။ ညီညွတ်ရေးအမြင်နဲ့ မကြည့်ဘူး။ နိုင်ငံသားမဟုတ်တော့တာကို အပြစ်လိုပြောတယ်၊ (နအဖ လေသံ) အောက်က ကွန်မင့်တွေက ပိုရိုင်းတယ်။ ဦးသိန်းစိန်ရဲ့ ကြံ့ဖွတ်အစိုးရအဖွဲ့တွေလောက်တောင် စာနာစရာမ ကောင် တဲ့ဟန်၊ ပြည်ပရောက်တွေက အသုံးမကျသူတွေလိုမြင်အောင်ရေးကြတယ်။ ထားပါတော့
စစ်ကျွန်တွေ၊ ကြံ့ဖွတ်လူတွေက ဒီလိုဝင်နှောက်တာလည်း ဖြစ်နိုင်တာ မို့ကွန်မင့်တွေအကြောင်း သိပ်မပြောလိုဘူး။ ဒါပေမဲ့ ဒီလိုကာလ (အသွင်ကူးနေတဲ့ စပ်ကူးမတ်ကူးကာလ) ထားစေချင်တဲ့ စိတ်ဓာတ်လေးတော့ လက်တို့ပြောပြချင် တယ်။ ဒီအချိန်မှာ ပြည်သူတွေညီညွတ်ရေး အသဲအသန်လိုနေတဲ့ ကာလပါ။ ဆောင်းပါးပဲရေးရေး၊ သတင်းရေးရေး၊ အပြုသဘောနဲ့ စိတ်ရင်းမှန်မှန်ထား ရေးစေလိုတယ်။ အခုဟာ သမိုင်းမသိ၊ ဘာမသိသလိုပဲ၊ အဆိုးမြင် မျက်မှန်စိမ်း တပ်ပြီးရေးနေတော့ ဖတ်ရတာစာက ကောင်းမလာဘူး။
တကယ်တော့ ကိုမိုးသီးတို့အဖွဲ့က ရန်သူ မဟုတ်ပါဘူး။ နှိမ့်ချရေးစရာမလိုတဲ့ လူတွေပါ။ သူတို့ နိုင်ငံခြားသားခံထားတာ လည်း အခြေအနေအရပါ။ အချိန်မရွေး ကိုယ့်နိုင်ငံသားဖြစ်မဲ့သူတွေပါ။ သူတို့ အမေရိကန်နိုင်ငံသားပေမဲ့ မြန်မာပြည် သူတွေကို သစ္စာမဲ့နေတာ မဟုတ်ဘူး။ မြန်မာပြည်ထဲမှာ အကောင်းဆုံးတခုခုပေးချင်တဲ့ စေတနာနဲ့လာသူတွေလို့ အပြု သဘောနဲ့ မြင်သင့်တယ်။
သေချာတာက သူတို့ဟာ NGO တွေ၊ ပရောဂျက်တွေ၊ ပရိုပိုဆယ်တွေနဲ့ လုံးထွေးပြီး ကိုယ်ကျိုးတ၀က်၊ ကိုယ့်အလုပ်တ ၀က်နဲ့ ဗမာပြည်ထဲဝင်အလုပ်လုပ်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းယောင်ယောင်၊ နိုင်ငံရေးပရောဟိတ်တွေ ယောင် ယောင်၊ နိုင်ငံရေးပွဲစားယောင်ေ
No comments:
Post a Comment