မြန်မာ့လေကြောင်းလိုင်းသစ်တစ်ခုဖြစ်သော Golden
Myanmar လေကြောင်းလိုင်းသည် စက်တင်ဘာလ အစောပိုင်းတွင်
ရင်းနှီးမြှပ်နှံလိုသူများအတွင် ရှယ်ယာများရောင်းချမည်ဟု
သိရသည်။အဆိုပါလေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင်
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေခံပြီး
စတင်ပြေးဆွဲမည်ဟုဆိုသည်။၎င်းလေကြောင်းလိုင်းသည် ခရီးသည်လုပ်ငန်းအတွက်
ရည်ရွယ်ပြီး ၁ ရှယ်ယာလျှင် ကျပ်ငွေ ၁ သောင်းဖြင့်ရောင်းချမည်ဖြစ်သည်။
“စစချင်း Golden Myanmar နှင့်ရှယ်ယာ ရှင်အချို့ ပေါင်းပြီါ် တည်ထောင်မှာပါ။
နောက်တဆင့်ကတော့ ရှယ်ယာတွေကို အများပြည်သူအား
ထုတ်ရောင်းသွားမှာပါဟု´´သမ၀ါယမဘဏ် နှင့် ကောင်းမြန်မာအောင်
စီးပွားရေးလုပ်ငန်းစု ဥက္ကဌ ဦးခင်မောင်အေးကဆိုသည်။ “ကျွန်တော်တို့ ဆီမှာ
အများပြည်သူပိုင်လေကြောင်းလိုင်းဆိုတာ မရှိဘူး။
ထိုင်နိုင်ငံတကာလေကြောင်းလိုင်းလိုပေါ့ဗျာ။ အခု
အများပြည်သူပိုင်ကုမ္ပဏီတခုကိုစတင်လိုက်တာပါပဲ။ ကုမ္ပဏီရဲ့ ရှယ်ယာ ဟိုဒါတွေ
အားလုံး က လေကြောင်းလိုင်းရဲ့ တစ်စိတ်ပိုင်းပိုင်ရှင်တွေပေါ့ဗျာ။
ဟိုတယ်ပိုင်ရှင်တွေ ၊ စီးပွားရေး သမားတွေ အတွက် ၊ လေကြောင်းလိုင်းတခု ၊
ပိုင်ဆိုင်ဖို့ အခွင့်အရေးရှိလာတာပေါ့ဗျာဟု သူကဆိုသည်။
မောင်ယဿ
No comments:
Post a Comment