Monday, September 3, 2012

အများနည်းတူ WCDMA ဖုန်းများကိုင်ဆောင်ခွင့်ရလို

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ ပညာရေးဝန်ထမ်းများဖြစ်ကြသည့် ကျောင်း ဆရာ/ဆရာမ များသည် အရစ်ကျစနစ်ဖြင့်ချထားပေးသော (GSM/WCDMA)ဖုံးများ လျှောက်ထားရာတွင် GSM ဖုံးလျှောက်ထားသူများသာ တယ်လီဖုန်း ရရှိခဲ့ပြီး WCDMA ဖုန်းလျှောက်ထားသူ ဦးရေ(၆၀)ခန့်မှာ ယနေ့ချိန် ထိတိုင်  အောင်မရရှိသေးဘဲကြန့်ကြာနေကြောင်းသိရသည်။

အဆိုပါမြို့နယ်အတွင်း အခြားဌာနဆိုင်ရာတစ်ခုဖြစ်သည့် စာရင်းစစ်ရုံးမှ  WCDMA ဖုန်းလျှောက်ထားသူ ၀န်ထမ်းများမှာ ဖုန်းကိုင်ဆောင်ခွင့်ရရှိနေပြီး ပညာရေးဝန်ထမ်းများဖြစ်ကြသည့် ကျောင်းဆရာ/ဆရာမများသာ ကိုင်ဆောင်ခွင့်မရရှိသေးဘဲ ကြန့်ကြာနေခြင်းဖြစ်ပါသည်။  အခြားဝန်ထမ်းများနည်းတူ ၄င်းတို့လျှောက် ထား သော WCDMA ဖုန်းများကို ကိုင်ဆောင်သုံးစွဲခွင့် အမြန်ဆုံးရရှိလိုသော ဆန္ဒများ ရှိနေကြောင်း ပညာ ရေးဝန်ထမ်းတစ်ဦးမှပြောကြားပါသည်။

အဖေ့သား(ပဲခူး)

No comments:

Post a Comment