Tuesday, September 4, 2012

ဗဟိုအကအကဲဖြတ်ဒိုင် အဖွဲ့ ဝင်အချို့ ၏အကျင့်ပျက် လာဘ်စားနေမှုများအားပြည်ထောင်စု အဆင့်တာဝန်ရှိသူများမှ စနစ်တကျစစ်ဆေး အရေးယူရန်လိုအပ်

 
“အကပြိုင်ပွဲဝင်ပြိုင်မယ် ဆိုရင်အခြေခံအဆင့်ကစပြီး ပညာသည်အဆင့်ထိကို ပေးရတာ  အကအကဲဖြတ်ဒိုင်အဖွဲ့ထဲက တာဝန်ရှိသူတွေ လာဘ်ယူနေတဲ့ ပုံစံက တစ်ယောက်ကတစ်သောင်း ပေးရင် သူ့လိုမှတ်ထားမယ်။ အဲဒီ မှာ နောက်တစ်ယောက်က နှစ် သောင်းပေးရင် တစ်သောင်းပေး တဲ့သူကို စာရင်းမရှိတော့ဘူး အဲသလိုမျိုးဖြစ်နေတာ အကနဲ့ ပတ်သက်ရင် ပြည်နယ်နဲ့ တိုင်း ဒေသကြီးအသီးသီးက ဒိုင်တွေနဲ့ ဗဟိုအဆင့်အကဲဖြတ်ဒိုင်တွေ အားလုံးပေါင်း ၂၈ ဒိုင်ရှိတယ်။ ၂၈ ဒိုင်လုံးကိုက အကျင့်ပျက်လာဘ် စားကြတယ်။ အစ်မတုန်းက အဲဒီ ၂၈ ဒိုင်လုံးကို တစ်သောင်းစီ စာအိတ်နဲ့ ထည့်ပြီးပေးခဲ့ရတယ်။ 
သူတို့လို ငွေပေးတာများတဲ့ သူလို  အနိုင်ပေးတာ အဲဒီ အက အကဲ ဖြတ်ဒိုင်က ဒေါ်အောင်ညွန့်စိန် ဆိုရင် အစ်မသမီးဝင်ပြိုင်တုန်းက  “ပညာတတ်တိုင်းလည်း မရဘူး။ သြကာသ ပါမှရမှာပေါ့ ဆိုပြီးကို ပြောခဲ့တာ သူတို့ကလူတိုင်းလိုလို ဆီက တောင်းကြတာ ဒါတွေကို သက်ဆိုင်ရာဆိုကရေးတီးပြိုင်ပွဲ  တွေ ကျင်းပရာမှာ တာဝန်ယူကြ တဲ့ နိုင်ငံတော်ဒုတိယသမ္မတကြီး၊ ပြီးတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက  ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီး တွေက အဆင့်ဆင့်ညွန်ကြားပြီး ဒီလို အကျင့်ပျက်လာဘ်ယူနေတာ  ကို စစ်ဆေးပြီးအရေးယူမှုတွေပြု လုပ်သင့်ပါတယ်”ဟု အကပြိုင်ပွဲ   ၀င်ကလေးမိဘတစ်ဦးမှ အက အကဲဖြတ်ဗဟိုဒိုင်အတွင်းချစားနေ မှုများအား ပြောကြားသွားခဲ့သည်။

အဆိုပါ ဆိုကရေးတီးပြိုင်ပွဲ  ကြီးမှ အကပြိုင်ပွဲများအား စက်တင်ဘာလ အတွင်းမှစကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး။ ဗဟိုအဆင့်ပြိုင်ပွဲကိုမူ အောက်တို ဘာလအတွင်းကျင်းပနိုင်ဖွယ်ရှိ ကြောင်း သိရပြီး။ သက်ဆိုင်ရာ  တာဝန်ရှိဌာနဆိုင်ရာများအနေဖြင့်  စနစ်တကျစစ်ဆေးအရေးယူမှုများ  ပြုလုပ်ခြင်းမရှိပါက အမှန်တကယ် ထူးချွန်သူများထက် ငွေပိုမိုပေးနိုင်   သူများသာ အနိုင်ရမည်ဖြစ်ပြီး  တိုင်းပြည်အတွက်လည်း အမှန် တကယ်ထူးချွန်သော ပညာရှင်အရင်း  အမြစ်များ ရှားပါးသွားနိုင်သည်။ အကပြိုင်ပွဲဝင်ကလေးမိဘတချို့ ၏ ပြောပြချက်အရ ဆက်လက်  သိရှိရသည်မှာ အဆိုပါအကပြိုင်   ပွဲများအား အကဲဖြတ်အမှတ်ပေး   ရာ၌လည်း မြင်သာပွင့်လင်းမှုရှိ အောင်ပြိုင်ပွဲဝင်၍ အကစွမ်းရည်   ပြပြပြီးချင်း အမှတ်စာရင်းအကဲ  ဖြတ်ပေးခြင်း မျိုးမဟုတ်ဘဲ။ ပြိုင်ပွဲကာလများပြီးဆုံးပြီးအချိန်  ကြာမှသာ ထုတ်ပြန်နေသဖြင့် အကဲဖြတ်ဒိုင်များအနေဖြင့် မိမိ တို့ဆန္ဒသဘောအတိုင်းခြယ်လှယ်  နိုင်ကြောင်း မိဘအချို့၏ပြောပြ ချက်အရ သိရှိရသည်။နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆိုကရေးတီးပြိုင်ပွဲမှ မြန်မာ့ရိုးရာ အက ၀င်ရောက်ယှဉ်ပြိုင်သော ပြည်နယ်နှင့် တိုင်းဒေသကြီးအသီး သီးရှိ အက၀ါသနာရှင်များထံမှ အက အကဲဖြတ်ဗဟိုဒိုင်အဖွဲ့ဝင်   တချို့မတရားလာဘ်ယူနေလျက် ရှိပြီး အဆိုပါ ဗဟိုအက အကဲ ဖြတ်ဒိုင်အချို့၏ အကျင့်ပျက်လာဘ်   စားနေမှုများအား သက်ဆိုင်ရာ  တာဝန်ရှိပြည်ထောင်စုအဆင့်တာဝန်    ရှိသူများအနေဖြင့် စနစ်တကျ စုံစမ်းအရေးယူမှုများ ပြုလုပ်ရန် လိုကြောင်း အက၀င်ရောက်ယှဉ် ပြိုင်သော ကလေးမိဘအချို့မှ ပြောကြားကြသည်။
copy from http://www.hotnewsweekly.com

ခန့်ခန့် (ဒဿနိက)

No comments:

Post a Comment