Monday, September 3, 2012

မန္တလေး ရဟန်းရှင်လူ ထောင်နဲ့ချီပါဝင်ဆင်နွဲခဲ့ကြသော သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံပွဲ



သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ (၂၊ ၉၊ ၂၀၁၂)ရက်နေ့တွင် နံနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ကြီမ်ခွဲ၍ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်များ ဦးဆောင်ပြီး ရဟန်ရှင်လူထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။

နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ် (၃၅) လမ်းနဲ့ (၈၄) လမ်းထောင့်မှာ စတင်စုဝေးပြီး (၃၅) လမ်းအတိုင်း အရှေ့ဘက်ကို (၈၁) လမ်း အထိချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယဆန္ဒပြပွဲကိုတော့ နေ့လည်(၁း၀၀)နာရီမှ(၂း၀၀)နာရီအတွင်း အောင်မြေသာစံမြို့နယ် လမ်း (၈၀) နဲ့ (၁၂) လမ်းကျုံးထောင့်ကနေ တောင်ဘက် (၁၉) လမ်းအထိ၊ အဲဒီကနေ အနောက်ဘက် (၈၆) လမ်းအထိ ချီတက်ခဲ့ပြီးတဲ့နောက် မူလစုရပ် ကျုံးထောင့်ကို ပြန်လည် ချီတက်ခဲ့ကြတာ ဖြစ်ပါသည်။
“ဦးဇင်းရဲ့ ရည်ရွယ်ချက် သိသလောက်ပေါ့နော်၊ ကိုယ့်နိုင်ငံမှာဖြစ်ပျက်နေတာက ရခိုင်အရေးအခင်းမှာဆိုရင် နိုင်ငံတကာသိနေတာက ရခိုင်တွက ရိုဟင်ဂျာတွေကိုနှိပ့်စက်နေတယ်လို့ သိနေကြတာပေါ့၊ ကိုယ့်နိုင်ငံက ရခိုင်တွေကို ရိုဟင်ဂျာကနှိပ့်စက်နေတာကိုသိနေတယ်။ ရခိုင်တွေကို မတရားလုပ်ခံရတာသိတယ်၊ အဲဒီလိုရခိုင်တွေမတရားလုပ်ခံရပြီး ကိုယ့်ရဲ့အမိမြန်မာပြည်ကို ပြန်ပြီးတော့ နယ်ချဲ့ခံရမှာစိုးရိမ်လို့ ၊ အဲဒါ  တွေကို ဦးဇင်းတို့က ရိုဟင်ဂျာတွေမတရားလုပ်တယ်ဆိုတာ ကမ္ဘာမှာရှိတဲ့သူတွေအားလုံး သိစေချင်လို့၊ သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ဆန္ဒပြပွဲလေးပြုလုပ်တာပါ”ဟု မစိုးရိမ်တိုက်သစ် သဟာရကျောင်းမှ ဦးဆန္ဒမှ မိန့်ကြားခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ဆန္ဒပြပွဲ စီတန်းလှည့်လည်ရာ လမ်းတစ်လျှောက်တွင် မန္တလေးမြို့ခံပြည်သူများမှ သောက်ရေသန့်ဗူး၊ အအေးဗူးနှင့် အချိုရေများ ပေးကမ်းလှူဒါန်းခဲ့ကြပြီး ရဟန်ရှင်လူ ထောင်နဲ့ချီ ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ သိရှိရပါသည်။

အဖေ့သား(ပဲခူး)

No comments:

Post a Comment