Saturday, September 29, 2012

ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို တယ်ရီအကောင်းဆုံး ထိန်းချူပ်နိုင်ပါလိမ့်မယ် – ဒီမက်တီယို



တယ်ရီသည် အန်တန်ဖာဒီနန်အား လူမျိုးရေးခွဲခြားသည်ဟု အက်ဖ်အေက စွပ်စွဲကာ ၄ပွဲပယ်နှင့် ပေါင် ၂၂၀၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ဒီမက်တီယိုက လာမည့်ပွဲစဉ်များတွင် သူ့အား လှောင်ပြောင်မည့် ပရိတ်သတ်များရှိနေမယ်ဆိုတာ ခန့်မှန်းမိပေမယ့် တယ်ရီအနေဖြင့် သူ့ရဲ့ အတွေ့အကြုံအရ အကောင်းဆုံး ထိန်းချူပ်နိုင်မယ်လို့ဆိုပါသည်။

သူဟာ ခက်ခဲတဲ့ ပရိတ်သတ်တွေကြားမှာ ခက်ခဲတဲ့ ဘောလုံးပွဲများစွာ ကစားဖူးထားတဲ့ အတွေ့အကြုံရှိကစားသမားပါ။ ဒါကြောင့် သူ့ကိုရွေးချယ်ခဲ့မယ်ဆိုရင်တောင် ဒါပြဿနာမဟုတ်ပါဘူး။ လေ့ကျင့်ကွင်းမှာ ကျွှန်တော်တို့ အကောင်းဆုံးအနေအထား ရှိနေပါတယ်။ ပြီးတော့ ကျွှန်တော်တို့ဟာ ဘောလုံးပြင်ပက ပြဿနာတွေကို ဂရုမစိုက်ဘူးလို့ ယုံကြည်ပါတယ်။ ကျွှန်တော်တို့ ခွန်အားတွေကို အာရုံစိုက်ထားမှာဖြစ်ပြီး ဒါဟာအမြဲတမ်း ကျွှန်တော်တို့ ပြုလုပ်နေကြဖြစ်ပါတယ်။
အာဆင်နယ်နှင့်ချယ်လ်ဆီးအမြဲတွေ့တိုင်း အကောင်းဆုံးပွဲဖြစ်လာလေ့ရှိပါတယ်။ ကျွှန်တော်တို့ နှစ်သင်းလုံးဟာ ခုချိန်မှာ အကောင်းဆုံး အနေအထားရှိနေပါတယ်။ ကျွှန်တော်အထင် ဒီပွဲဟာ စိတ်လှုပ်ရှားမှုရသအပြည့်ပေးမယ့် ပွဲတစ်ပွဲလို့ ထင်ပါတယ်။
တယ်ရီအား အသင်းခေါင်းဆောင်ဆက်လက်ထားရှိဦးမှာလားဆိုသည့် မေးခွန်းကိုတော့ ဒီမက်တီယိုက
ကျွှန်တော်တို့ အမြင်အရ အသင်းခေါင်းဆောင် နေရာဟာ အပြောင်းအလဲမရှိပါဘူး။
တခြားသတင်းအရ ပေါင်ခြံဒဏ်ရရနေသည့် ဒန်နီရယ်စတာရစ်ခ်ျသည်လည်း အာဆင်နယ်နှင့်ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိပါဘူး။ ဒါပေမယ့် လမ်းပတ်ဟာ ဒဏ်ရာမှ ပြည်လည်သက်သာလာပြီဖြစ်ပါသည်။

No comments:

Post a Comment